

မန်ယူအသင်းဟာ စပိန်ကလပ် ဗယ်လာဒိုလစ်နောက်ခံလူ မိုဟာမက်ဆာလီဆူ ကိုခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ဆာလီဆူ ရဲ့အခြေအနေကို မန်ယူကင်းထောက်တွေက စောင့်ကြည့်နေရာမှာ အားရစရာခြေစွမ်းကို တွေ့မြင်ရတယ်လို့ ကလပ်ထံ သတင်းပို့ထားပါတယ်။
ကစားသမားရဲ့အေးဂျင့်ဖြစ်သူက လက်ရှိမန်ယူကွင်းလယ်လူ မာတာရဲ့ဖခင်ဖြစ်တဲ့အပြင် သူ့ရဲ့စာချုပ်ပါထွက်ခွာကြေးကလည်းပေါင် ၁၀ သန်းသာဖြစ်လို့ အလွယ်တကူခေါ်ယူလို့ရနိုင်မယ့် အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။ ဗယ်လာဒိုလစ်ရဲ့ပိုင်ရှင်ဖြစ်သူဟာ ဘရာဇီးတိုက်စစ်မှူ းဟောင်း ရော်နယ်ဒိုဖြစ်ပါတယ်။

ဂါနာနောက်ခံလူဖြစ်တဲ့ ဆာလီဆူ ဟာလက်ရှိစာချုပ်ကိုပြီးခဲ့တဲ့ မေလကမှ လက်မှတ်ရေးထိုးထားတာဖြစ်ပြီး လာမယ့် ၂၀၂၀ မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဗယ်လာဒိုလစ်ဟာ ဆာလီဆူ ကိုအသင်းကနေမထွက်ဖို့ အပြည့်အဝထိန်းထားနိုင်စွမ်းမရှိပေမယ့် လာမယ့်ဇန်နဝါရီမှာ မထွက်ဖို့တော့အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်းဆိုပါတယ်။

စွမ်းဆောင်ရည်မြင့်မားသူလို့ သတ်မှတ်ခံထားရတဲ့ ဆာလီဆူ ဟာကြံခိုင်မှုလည်းပြည့်ဝသူဖြစ်ပြီး ဒီရာသီမှာာသူ့အသင်းရဲ့ လာလီဂါ ၁၄ ပွဲစလုံးပါဝင်ကာ ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။ သူ့ကို အဲဗာတန်၊ နယူးကာဆယ်၊ နော်ဝစ်ချ်နဲ့ ဆောက်သမ်တန်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

သူဟာ ဗယ်လာဒိုလစ် လူငယ်အကယ်ဒမီကနေ ၂၀၁၇ အောက်တိုဘာလကထွက်ပေါ်လာတဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက စီနီယာအသင်းကြီးမှာစတင်နေရာရလာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့တို့းတက်မှုအခြေအနေကို မန်ယူဘက်က ဆက်လက်စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

Zawgyi
ဗယ္လာဒိုလစ္ေနာက္ခံလူ ဆာလီဆူ ကိုမန္ယူေခၚယူဖို႔ စီစဥ္ေန
မန္ယူအသင္းဟာ စပိန္ကလပ္ ဗယ္လာဒိုလစ္ေနာက္ခံလူ မိုဟာမက္ဆာလီဆူ ကိုေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၂၀ သာရွိေသးတဲ႔ ဆာလီဆူ ရဲ႕အေျခအေနကို မန္ယူကင္းေထာက္ေတြက ေစာင့္ၾကည့္ေနရာမွာ အားရစရာေျခစြမ္းကို ေတြ႔ျမင္ရတယ္လို႔ ကလပ္ထံ သတင္းပို႔ထားပါတယ္။
ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူက လက္ရွိမန္ယူကြင္းလယ္လူ မာတာရဲ႕ဖခင္ျဖစ္တဲ႔အျပင္ သူ႔ရဲ႕စာခ်ဳပ္ပါထြက္ခြာေၾကးကလည္းေပါင္ ၁၀ သန္းသာျဖစ္လို႔ အလြယ္တကူေခၚယူလို႔ရႏိုင္မယ္႔ အေျခအေနရွိေနတယ္လို႔လည္း ဆိုပါတယ္။ ဗယ္လာဒိုလစ္ရဲ႕ပိုင္ရွင္ျဖစ္သူဟာ ဘရာဇီးတိုက္စစ္မွဴ းေဟာင္း ေရာ္နယ္ဒိုျဖစ္ပါတယ္။
ဂါနာေနာက္ခံလူျဖစ္တဲ႔ ဆာလီဆူ ဟာလက္ရွိစာခ်ဳပ္ကိုၿပီးခဲ့တဲ႔ ေမလကမွ လက္မွတ္ေရးထိုးထားတာျဖစ္ၿပီး လာမယ္႔ ၂၀၂၀ မွာသက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ ဗယ္လာဒိုလစ္ဟာ ဆာလီဆူ ကိုအသင္းကေနမထြက္ဖို႔ အျပည့္အ၀ထိန္းထားႏိုင္စြမ္းမရွိေပမယ္႔ လာမယ္႔ဇန္န၀ါရီမွာ မထြက္ဖို႔ေတာ႔အစြမ္းကုန္ႀကိဳးစားသြားမယ္လို႔လည္းဆိုပါတယ္။
စြမ္းေဆာင္ရည္ျမင့္မားသူလို႔ သတ္မွတ္ခံထားရတဲ႔ ဆာလီဆူ ဟာႀကံခိုင္မႈလည္းျပည့္၀သူျဖစ္ၿပီး ဒီရာသီမွာာသူ႔အသင္းရဲ႕ လာလီဂါ ၁၄ ပြဲစလုံးပါ၀င္ကာ ေျခစြမ္းျပေနသူလည္းျဖစ္ပါတယ္။ သူ႔ကို အဲဗာတန္၊ နယူးကာဆယ္၊ ေနာ္၀စ္ခ်္နဲ႔ ေဆာက္သမ္တန္တို႔ကလည္း ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။
သူဟာ ဗယ္လာဒိုလစ္ လူငယ္အကယ္ဒမီကေန ၂၀၁၇ ေအာက္တိုဘာလကထြက္ေပၚလာတဲ႔ ျဖစ္ၿပီး ၿပီးခဲ့တဲ႔ ၂၀၁၈-၁၉ ေဘာလုံးရာသီတုန္းက စီနီယာအသင္းႀကီးမွာစတင္ေနရာရလာခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာေတာ႔ သူ႔တို႔းတက္မႈအေျခအေနကို မန္ယူဘက္က ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔လည္း သိရပါတယ္။