ဗန်ပါစီလက်သစ်များလား…ဂရင်းဝုဒ်ရဲ့အဆုံးသတ်သေချာမှုက ဗန်ပါစီကို ပြန်အမှတ်ရမိစေကြောင်း ဆိုးလ်ရှားဖွင့်ဟ

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်၏ အဆုံးသတ်သေချာမှုက မိမိကို ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီအား ပြန်အမှတ်ရမိစေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

Photo Credit

ယူနိုက်တက်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ဂရင်းဝုဒ်သည် ကြာသပတေးနေ့က ပါတီဇန်ဘဲလ်ဂရိတ်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ၎င်း၏စီနီယာကစားသမားဘ၀ တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

Photo Credit

ဆိုးလ်ရှားက ဂရင်းဝုဒ်အနေဖြင့် ယူနိုက်တက်ကစားသမားဘဝတွင် စိတ်ပျက်စရာအချို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ထိပ်ပိုင်းသို့ ပြန်လည်ရောက်ရှိလာပြီဟု ယုံကြည်ကြောင်းနှင့် ပြိုင်ဘက်ဂိုးပေါက်ရှေ့တွင် ၎င်း၏သွေးအေးတည်ငြိမ်မှုကို အထူးချီးကျူးလိုကြောင်း ဆိုခဲ့သည်။

Photo Credit

”ဂိုးပေါက်ရှေ့မှာ ဂရင်းဝုဒ်ရဲ့သွေးအေးတည်ငြိမ်မှုက တကယ့်ကို ဗန်ပါစီအတိုင်းပါပဲ။ ဂရင်းဝုဒ်က သူ့ရဲ့အဆုံးသတ်စွမ်းရည်နဲ့ပတ်သက်လို့ အရမ်းကို သွေးအေးတည်ငြိမ်ပါတယ်။ အဲဒီအရည်အသွေးက သူ့ရဲ့မွေးရာပါ ပါရမီပါပဲ။ ညာခြေ၊ ဘယ်ခြေမရွေး ကန်သွင်းနိုင်လို့ နောက်ခံလူတွေအတွက် တကယ့်ကိုခက်ခဲပါလိမ့်မယ်”ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

Photo Credit

ပြီးခဲ့သည့်လက အသင်းနှင့် ၄နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သည့် ဂရင်းဝုဒ်သည် ယူနိုက်တက်အတွက် ဦးစားပေးကစားသမားအဖြစ် ပါဝင်ကစားခဲ့သည့်နောက်ဆုံး ၄ပွဲတွင် ၃ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆိုးလ်ရှားက ၎င်းအနေဖြင့် အလွန်ကောင်းမွန်သည့် ကစားသမားဘ၀ ပိုင်ဆိုင်လိမ့်မည်ဟု ဟောကိန်းထုတ်သွားခဲ့သည်။

Photo Credit

ဆိုးလ်ရှားက အသက် ၁၈နှစ်အရွယ်ရှိ ဂရင်းဝုဒ်အနေဖြင့် ယခုအချိန်အထိ စီနီယာပွဲများတွင် လေ့လာသင်ယူနေဆဲဖြစ်သော်လည်း မိမိအနေဖြင့် လူငယ်များကို မြေတောင်မြှောက်ပေးသည့်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

Photo Credit

Zawgyi

ဗန္ပါစီလက္သစ္မ်ားလား…ဂရင္း၀ုဒ္ရဲ႕အဆုံးသတ္ေသခ်ာမႈက ဗန္ပါစီကို ျပန္အမွတ္ရမိေစေၾကာင္း ဆုိးလ္ရွားဖြင့္ဟ

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက လူငယ္တုိက္စစ္မွဴး ေမဆင္ဂရင္း၀ုဒ္၏ အဆုံးသတ္ေသခ်ာမႈက မိမိကို ယူႏုိက္တက္ဂႏၳ၀င္တုိက္စစ္မွဴး ေရာ္ဘင္ဗန္ပါစီအား ျပန္အမွတ္ရမိေစေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္သည္။
ယူႏုိက္တက္အကယ္ဒမီမွ ထြက္ေပၚလာသည့္ ဂရင္း၀ုဒ္သည္ ၾကာသပေတးေန႔က ပါတီဇန္ဘဲလ္ဂရိတ္အသင္းကုိ ၃-၀ ဂိုးျဖင့္အႏိုင္ရခဲ့သည့္ပဲြတြင္ ၎၏စီနီယာကစားသမားဘ၀ တတိယေျမာက္ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ယူႏုိက္တက္လည္း ႐ံႈးထြက္အဆင့္သို႔ တက္ေရာက္ႏိုင္ခဲ့သည္။
ဆုိးလ္ရွားက ဂရင္း၀ုဒ္အေနျဖင့္ ယူႏုိက္တက္ကစားသမားဘ၀တြင္ စိတ္ပ်က္စရာအခ်ိဳ႕ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ထိပ္ပိုင္းသို႔ ျပန္လည္ေရာက္ရွိလာၿပီဟု ယုံၾကည္ေၾကာင္းႏွင့္ ၿပိဳင္ဘက္ဂိုးေပါက္ေရွ႕တြင္ ၎၏ေသြးေအးတည္ၿငိမ္မႈကို အထူးခ်ီးက်ဴးလုိေၾကာင္း ဆုိခဲ့သည္။
”ဂုိးေပါက္ေရွ႕မွာ ဂရင္း၀ုဒ္ရဲ႕ေသြးေအးတည္ၿငိမ္မႈက တကယ့္ကို ဗန္ပါစီအတုိင္းပါပဲ။ ဂရင္း၀ုဒ္က သူ႕ရဲ႕အဆုံးသတ္စြမ္းရည္နဲ႔ပတ္သက္လုိ႔ အရမ္းကို ေသြးေအးတည္ၿငိမ္ပါတယ္။ အဲဒီအရည္အေသြးက သူ႕ရဲ႕ေမြးရာပါ ပါရမီပါပဲ။ ညာေျခ၊ ဘယ္ေျခမေရြး ကန္သြင္းႏိုင္လုိ႔ ေနာက္ခံလူေတြအတြက္ တကယ့္ကိုခက္ခဲပါလိမ့္မယ္”ဟု ဆုိးလ္ရွားက ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္လက အသင္းႏွင့္ ၄ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့သည့္ ဂရင္း၀ုဒ္သည္ ယူႏုိက္တက္အတြက္ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ကစားခဲ့သည့္ေနာက္ဆုံး ၄ပဲြတြင္ ၃ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ဆုိးလ္ရွားက ၎အေနျဖင့္ အလြန္ေကာင္းမြန္သည့္ ကစားသမားဘ၀ ပုိင္ဆုိင္လိမ့္မည္ဟု ေဟာကိန္းထုတ္သြားခဲ့သည္။
ဆိုးလ္ရွားက အသက္ ၁၈ႏွစ္အရြယ္ရွိ ဂရင္း၀ုဒ္အေနျဖင့္ ယခုအခ်ိန္အထိ စီနီယာပဲြမ်ားတြင္ ေလ့လာသင္ယူေနဆဲျဖစ္ေသာ္လည္း မိမိအေနျဖင့္ လူငယ္မ်ားကို ေျမေတာင္ေျမႇာက္ေပးသည့္မူ၀ါဒကို ဆက္လက္က်င့္သုံးသြားမည္ျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားခ့ဲသည္။