ဗန်ဒီးဘိအပေါ် ဝေဖန်နေမှုများအား နည်းပြ ဆိုးရှား တုံ့ပြန်ပြောကြား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်နား ဆိုးရှားဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဥ်မှ ဒွန်နီ ဗန်ဒီးဘိရဲ့ စွမ်း‌ေဆာင်ရည်အပေါ် ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။ ‌ေပါင် ( ၃၅ ) သန်းတန် ကစားသမားဟာ ပြီးခဲ့တဲ့‌ေနွရာသီအ‌ေပြာင်းအ‌ေရွ့ မှာ နယ်သာလန်ကလပ် အေဂျက် အသင်းကနေ ယူနိုက်တက်ထံ ‌ေရာက်ရှိလာပြီးနောက် ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

talkSPORT ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူ ၊ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း မာ့ခ်ဟုချ်က ယူနိုက်တက် အသင်းဖော်တွေအနေနဲ့ နယ်သာလန်လက်ရွေးစင် အပေါ် ယုံကြည်မှု ကင်းမဲ့နေကြောင်း အဆိုပါ ပွဲစဥ်အတွင်း ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ ဆိုးရှားကတော့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာမှာ “ ပထမပိုင်းမှာ ‌ဗန်ဒီးဘိရော ကျွန်တော်တို့ပါ အကောင်းဆုံးကစားနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့ လိုအပ်တဲ့ နေရာလွတ်တွေ ဖန်တီးနိုင်ခဲ့ပြီး သူ ( ဗန်ဒီးဘိ ) ကလည်း အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ခြေစွမ်းပြ ကစားခဲ့ပါတယ်။”

“ သူက သပ်သပ် ရပ်ရပ်ကစားပြီး သူ့အလုပ်သူ အကောင်းဆုံးစွမ်းဆောင်ခဲ့ပါတယ်။ ဟုတ်ပါတယ် ….. ဒုတိယပိုင်းမှာတော့ တစ်သင်းလုံး ခြေစွမ်းကျဆင်းလာခဲ့ပါတယ်။ ဒါကြောင့် လူစားလှဲမှုတွေပြုလုပ်ဖို့ လိုအပ်လာခဲ့ပါတယ်။” ယူနိုက်တက်က မက်တွမ်မီနေးရဲ့ အချိန်ပို သွင်းဂိုးနဲ့အတူ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပေမယ့် အဆုံးသတ်စွမ်းဆောင်ရည် တိုးတက်ဖို့ လိုအပ်နေသေးကြောင်း နည်းပြ ဆိုးရှားက ဝန်ခံပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ ဂိုးကန်သွင်းမှု ( ၁၅ ) ကြိမ်ကနေ ( ၁၇ ) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ယခုထက်ပိုပြီး အဆုံးသတ် သေချာဖို့ လိုအပ်ပါတယ်။ အနိုင်ဂိုးတွေ စောစောစီးစီးသွင်းယူပြီး မိနစ် ( ၉၀ ) အတွင်း ပွဲကို အဆုံးသတ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။”

Zawgyi

ဗန္ဒီးဘိအေပၚ ေဝဖန္ေနမႈမ်ားအား နည္းျပ ဆိုးရွား တုံ႔ျပန္ေျပာၾကား

မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ အိုေလ ဂန္နား ဆိုးရွားဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မွ ဒြန္နီ ဗန္ဒီးဘိရဲ႕ စြမ္း‌ေဆာင္ရည္အေပၚ ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့ပါတယ္။ ‌ေပါင္ ( ၃၅ ) သန္းတန္ ကစားသမားဟာ ၿပီးခဲ့တဲ့‌ေႏြရာသီအ‌ေျပာင္းအ‌ေ႐ြ႕ မွာ နယ္သာလန္ကလပ္ ေအဂ်က္ အသင္းကေန ယူႏိုက္တက္ထံ ‌ေရာက္ရွိလာၿပီးေနာက္ ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

talkSPORT ရဲ႕ ေဘာလုံးေဝဖန္သုံးသပ္သူ ၊ ယူႏိုက္တက္ ကြင္းလယ္ကစားသမားေဟာင္း မာ့ခ္ဟုခ်္က ယူႏိုက္တက္ အသင္းေဖာ္ေတြအေနနဲ႔ နယ္သာလန္လက္ေ႐ြးစင္ အေပၚ ယုံၾကည္မႈ ကင္းမဲ့ေနေၾကာင္း အဆိုပါ ပြဲစဥ္အတြင္း ေဝဖန္ေထာက္ျပသြားခဲ့ပါတယ္။

ဒါေပမယ့္ နည္းျပ ဆိုးရွားကေတာ့ ပြဲၿပီး သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ရာမွာ “ ပထမပိုင္းမွာ ‌ဗန္ဒီးဘိေရာ ကြၽန္ေတာ္တို႔ပါ အေကာင္းဆုံးကစားႏိုင္ခဲ့ၾကတယ္လို႔ ထင္ပါတယ္ ။” ဟု ေျပာၾကားခဲ့ပါတယ္။ “ ကြၽန္ေတာ္တို႔ လိုအပ္တဲ့ ေနရာလြတ္ေတြ ဖန္တီးႏိုင္ခဲ့ၿပီး သူ ( ဗန္ဒီးဘိ ) ကလည္း အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ ေျခစြမ္းျပ ကစားခဲ့ပါတယ္။” “ သူက သပ္သပ္ ရပ္ရပ္ကစားၿပီး သူ႔အလုပ္သူ အေကာင္းဆုံးစြမ္းေဆာင္ခဲ့ပါတယ္။ ဟုတ္ပါတယ္ ….. ဒုတိယပိုင္းမွာေတာ့ တစ္သင္းလုံး ေျခစြမ္းက်ဆင္းလာခဲ့ပါတယ္ ။ ဒါေၾကာင့္ လူစားလွဲမႈေတြျပဳလုပ္ဖို႔ လိုအပ္လာခဲ့ပါတယ္။”

ယူႏိုက္တက္က မက္ တြမ္မီေနးရဲ႕ အခ်ိန္ပို သြင္းဂိုးနဲ႔အတူ ေနာက္တစ္ဆင့္ တက္ေရာက္သြားခဲ့ေပမယ့္ အဆုံးသတ္စြမ္းေဆာင္ရည္ တိုးတက္ဖို႔ လိုအပ္ေနေသးေၾကာင္း နည္းျပ ဆိုးရွားက ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔ ဂိုးကန္သြင္းမႈ ( ၁၅ ) ႀကိမ္ကေန ( ၁၇ ) ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ယခုထက္ပိုၿပီး အဆုံးသတ္ ေသခ်ာဖို႔ လိုအပ္ပါတယ္။ အႏိုင္ဂိုးေတြ ေစာေစာစီးစီးသြင္းယူၿပီး မိနစ္ ( ၉၀ ) အတြင္း ပြဲကို အဆုံးသတ္ခဲ့သင့္ပါတယ္။ ဒါေပမယ့္ ျဖစ္မလာခဲ့ပါဘူး။”