ဗန်ဒီဘိခ် ပွဲထွက်ခွင့်ရနိုင်မယ့် ယန်းဘွိုင်စ်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ယူနိုက်တက် ကစားသမားစာရင်း

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

ယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ည (၁၁း၁၅) မှာ ယန်းဘွိုင်းစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အတွက်

ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီစာရင်းမှာ ပရိသတ်တွေ မျှော်လင့်ကြတဲ့ ဗန်ဒီဘိခ်လည်းပါဝင်လာခဲ့သလို

ဆိုလ်ရှားရဲ့ အင်တာဗျူးမှာပြောခဲ့တဲ့ မှတ်ချက် စကားကြောင့်လည်း ပွဲထွက်ခွင့် ရဖို့ အလားအလာရှိနေပါတယ်။

အခုအချိန်မှာတော့ ဗန်ဒီဘိခ်က ယူနိုက်တက်အသင်းသားတွေနဲ့အတူ ဆွစ်ဇာလန်ကို ရောက်ရှိနေပါပြီ။

ဆိုလ်ရှားက “ဗန်ဒီဘိခ်က ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားကောင်းတစ်ယောက်ပါပဲ။

အလုပ်လည်း အင်မတန်ကြိုးစားပါတယ်။ အင်္ဂါနေ့ပွဲစဉ်မှာလည်း သူ့ကို ပွဲထွက် ကစားခွင့်ပေးဖို့ စဉ်းစားနေပါတယ်။

ကျန်တာကတော့ အဲ့ဒီနေ့ပွဲရောက်မှ စောင့်ကြည့်ကြပေါ့ဗျာ” ဆိုပြီး ပြောထားခဲ့တာပါ။

ယူနိုက်တက် အသင်းဆီကို တစ်ကျော့ပြန်ရောက်ရှိလာပြီး ပထမဆုံးပွဲဦးထွက်မှာတင် (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြထားခဲ့တဲ့ စီရော်နယ်ဒိုက

ဆွစ်ဇာလန်ကို လိုက်ပါသွားတဲ့ ကစားသမားစာရင်းထဲပါဝင်ခဲ့ပြီး ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်မှာသာပါဝင်ကစားခွင့်ရမယ်ဆိုရင်

( ၂၀၀၉ ) ခုနှစ် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်နောက်ပိုင်း

ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲစဉ် ပြန် ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

အက်ဒီဆင် ကာဗာနီကတော့ ဒီပွဲစဉ်မှာလည်း ထပ်မံလွဲချော်ခဲ့ပြန်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ရရှိခဲ့တဲ့ အသေးစားဒဏ်ရာကြောင့် နယူးကာဆယ်နဲ့ ပွဲစဉ်ကိုလည်း

လွဲချော်ခဲ့ပြီး တနင်္ဂနွေနေ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ ပြန်ပါလာဖို့ မျှော်လင့်ရပါတယ်။

နောက်ထပ်တစ်ဦးကတော့ ဆိုလ်ရှားရဲ့ လူစာရင်းမှာ မပါမဖြစ် ကစားသမားလေး…..ကိုလည်း ခေါ်ဆောင်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အခုလထဲမှာ (၃) ရက်တစ်ပွဲနှုန်းလောက် ကစားရဖို့ရှိနေပြီး ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊

ကာရာဘောင်းဖလား ပြိုင်ပွဲ (၃) ခုကို ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ဆိုးလ်ရှားအနေနဲ့

သူ့ရဲ့ ကစားသမားတွေ ပွဲပန်းမှု ဒဏ်ကို ရှောင်ရှားနိုင်အောင် အလှည့်ကျစနစ်နဲ့ လူစာရင်းကို ထုတ်သုံးသွားဖွယ်ရှိနေပါတယ်။

ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်အတွက် ယူနိုက်တက်ရဲ့ ကစားသမားစာရင်း –

ဂိုး – ဒီဂီယာ ၊ ဟီတန် ၊ ကိုဗား

နောက်တန်း – ဘိုင်လီ ၊ ဒါးလော့၊ လင်ဒီလော့ ၊ မက်ဂွဲယား ၊ လုခ်ရှော ၊ ဗာရန်း ၊ ဝမ်ဘစ်ဆာကာ

အလယ်တန်း – ဖာနန်ဒက်စ် ၊ ဖရက် ၊ လင်ဂတ် ၊ မာတာ ၊ မာတစ် ၊ ပေါ့ဘာ ၊ ဗန်ဒီဘိခ်

ရှေ့တန်း – ဆန်ချို ၊ အီလန်ဂါ ၊ ဂရင်းဝုဒ် ၊ မာရှယ် ၊ ရော်နယ်ဒို

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

ဗန္ဒီဘိခ္ ပြဲထြက္ခြင့္ရႏိုင္မယ့္ ယန္းဘြိဳင္စ္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ယူႏိုက္တက္ ကစားသမားစာရင္း

ယူႏိုက္တက္အသင္းဟာ အဂၤါေန႔ည (၁၁း၁၅) မွာ ယန္းဘြိဳင္းစ္အသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အတြက္ ကစားသမားစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဒီစာရင္းမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ၾကတဲ့ ဗန္ဒီဘိခ္လည္းပါဝင္လာခဲ့သလို ဆိုလ္ရွားရဲ႕ အင္တာဗ်ဴးမွာေျပာခဲ့တဲ့ မွတ္ခ်က္ စကားေၾကာင့္လည္း ပြဲထြက္ခြင့္ ရဖို႔ အလားအလာရွိေနပါတယ္။ အခုအခ်ိန္မွာေတာ့ ဗန္ဒီဘိခ္က ယူႏိုက္တက္အသင္းသားေတြနဲ႕အတူ ဆြစ္ဇာလန္ကို ေရာက္ရွိေနပါၿပီ။

ဆိုလ္ရွားက “ဗန္ဒီဘိခ္က ပေရာ္ဖက္ရွင္နယ္ပီသတဲ့ ကစားသမားေကာင္းတစ္ေယာက္ပါပဲ။ အလုပ္လည္း အင္မတန္ႀကိဳးစားပါတယ္။ အဂၤါေန႔ပြဲစဥ္မွာလည္း သူ႔ကို ပြဲထြက္ ကစားခြင့္ေပးဖို႔ စဥ္းစားေနပါတယ္။ က်န္တာကေတာ့ အဲ့ဒီေန႔ပြဲေရာက္မွ ေစာင့္ၾကည့္ၾကေပါ့ဗ်ာ” ဆိုၿပီး ေျပာထားခဲ့တာပါ။

ယူႏိုက္တက္ အသင္းဆီကို တစ္ေက်ာ့ျပန္ေရာက္ရွိလာၿပီး ပထမဆံုးပြဲဦးထြက္မွာတင္ (၂)ဂိုးသြင္းယူၿပီး ေျခစြမ္းျပထားခဲ့တဲ့ စီေရာ္နယ္ဒိုက ဆြစ္ဇာလန္ကို လိုက္ပါသြားတဲ့ ကစားသမားစာရင္းထဲပါဝင္ခဲ့ၿပီး ယန္းဘြိဳင္းစ္နဲ႔ ပြဲစဥ္မွာသာပါဝင္ကစားခြင့္ရမယ္ဆိုရင္ ( ၂၀၀၉ ) ခုႏွစ္ ဘာစီလိုနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲစဥ္ေနာက္ပိုင္း ယူႏိုက္တက္အတြက္ ပထမဆုံးအၾကိမ္ ခ်န္ပီယံလိဂ္ပြဲစဥ္ ျပန္ ကစားခြင့္ရရွိမွာျဖစ္ပါတယ္။

အက္ဒီဆင္ ကာဗာနီကေတာ့ ဒီပြဲစဥ္မွာလည္း ထပ္မံလြဲေခ်ာ္ခဲ့ျပန္ပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉးဟာ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ရရွိခဲ့တဲ့ အေသးစားဒဏ္ရာေၾကာင့္ နယူးကာဆယ္နဲ႔ ပြဲစဥ္ကိုလည္း လြဲေခ်ာ္ခဲ့ၿပီး တနဂၤေႏြေန႔ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မွာေတာ့ ျပန္ပါလာဖို႔ ေမွ်ာ္လင့္ရပါတယ္။ ေနာက္ထပ္တစ္ဦးကေတာ့ ဆိုလ္ရွားရဲ႕ လူစာရင္းမွာ မပါမျဖစ္ ကစားသမားေလး…..ကိုလည္း ေခၚေဆာင္သြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အခုလထဲမွာ (၃) ရက္တစ္ပြဲႏႈန္းေလာက္ ကစားရဖို႔ရွိေနၿပီး ပရီးမီးယားလိဂ္ ၊ ခ်န္ပီယံလိဂ္ ၊ ကာရာေဘာင္းဖလား ၿပိဳင္ပြဲ (၃) ခုကို ယွဥ္ၿပိဳင္ရမွာ ျဖစ္တာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ သူ႕ရဲ႕ ကစားသမားေတြ ပြဲပန္းမႈ ဒဏ္ကို ေရွာင္ရွားႏိုင္ေအာင္ အလွည့္က်စနစ္နဲ႔ လူစာရင္းကို ထုတ္သုံးသြားဖြယ္ရွိေနပါတယ္။

ယန္းဘြိဳင္းစ္နဲ႔ ပြဲစဥ္အတြက္ ယူႏိုက္တက္ရဲ႕ ကစားသမားစာရင္း –

ဂိုး – ဒီဂီယာ ၊ ဟီတန္ ၊ ကိုဗား ၊ ေနာက္တန္း – ဘိုင္လီ ၊ ဒါးေလာ့၊ လင္ဒီေလာ့ ၊ မက္ဂြဲယား ၊ လုခ္ေရွာ ၊ ဗာရန္း ၊ ဝမ္ဘစ္ဆာကာ ၊ အလယ္တန္း – ဖာနန္ဒက္စ္ ၊ ဖရက္ ၊ လင္ဂတ္ ၊ မာတာ ၊ မာတစ္ ၊ ေပါ့ဘာ ၊ ဗန္ဒီဘိခ္ ၊ ေရွ႕တန္း – ဆန္ခ်ိဳ ၊ အီလန္ဂါ ၊ ဂရင္းဝုဒ္ ၊ မာရွယ္ ၊ ေရာ္နယ္ဒို