
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လက်ရှိ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ကတော့ တစ်ချိန်က သရဲနီကစားသမားဟောင်း နှစ်ဦးဖြစ်တဲ့ အလန်စမစ် နဲ့ ပေါလ်စခိုးလ်တို့ရဲ့ မျက်နှာပေါက် ပုံစံမျိုးကို ပိုင်ဆိုင်ထားပြီး ရူပါ တစ်ပေါက် လျှမ်းလျှမ်းတောက်တယ်ဆိုတာတော့ သရဲနီ ပရိသတ်တွေ အားလုံးသိပြီးဖြစ်ပါတယ်။
ဒါ့အပြင် မှော်ဝင်ဆန်းပြား တဲ့ တော်ဝင်ဂန်းနားအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဘားကမ့်ရဲ့ သမီးဖြစ်သူနဲ့မှ တွဲခုတ်နေသူ ဖြစ်တာကြောင့် ကွင်းတွင်းမှာသာမက ကွင်းပြင်မှာပါ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးလို့ဆိုရမှာပါ။
ဗန်ဒီဘိခ်ရဲ့ ချစ်သူ အက်စတယ်လ် ဘားကမ့်ကတော့ အထက်မှာ ပြောခဲ့ပြီးဖြစ်သလို အာစင်နယ် ကစားသမားဟောင်း ဘားကမ့်ရဲ့ သမီးဖြစ်ပြီး မွေးချင်း (၄) ယောက်အနက် အကြီးဆုံးသမီးဖြစ်ပါတယ်။
အက်စတယ်လ်ရဲ့ အောက်မှာတော့ မောင်တစ်ယောက်နဲ့ ညီမ နှစ်ယောက်တောင်ရှိသေးတာကြောင့် ဂေါင်းဂျီးတို့အတွက် ဝေစု ကျန်သေးတယ်လို့ ဆိုရမှာပါ။
အက်စတယ်လ် ဘားကမ့်ကို ၁၉၉၆ ခုနှစ် မတ်လ (၁၂) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
အက်စတယ်လ်ဟာအင်္ဂလန်မှာမွေးဖွားခဲ့ပေမယ့် နောက်ပိုင်းမှာ မိသားစုနဲ့အတူ နယ်သာလန် နိုင်ငံ ၊ အမ်စတာဒမ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ရဲ့ နွေရာသီ ကာလ အခါသမယမှာတော့ အက်စတယ်လ်ဟာ အဲ့ဒီအချိန်က နယ်သာလန် ကလပ် အေဂျက်ဇ်အသင်းရဲ့ ကစားသမား ဗန်ဒီဘိခ်နဲ့ စတင်ဆုံတွေ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။
အက်စတယ်လ်ဟာ Hotel and Event Management ဘာသာရပ်ကို အထူးပြုထားသူဖြစ်ပြီး အမ်စတာဒမ်မြို့မှာရှိတဲ့ နာမည်ကျော် ကုမ္ပဏီတွေရဲ့ ပွဲအခမ်းအနားတွေကို စီစဉ်ပေးထားဖူးတဲ့ အတွေ့အကြုံရှိ ပွဲစီစဉ်သူတစ်ယောက်လည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဗန်ဒီဘိခ်ရဲ့ အလန်းစားချစ်သူလေးက ဘယ်သူလဲ?