ဗန်ဒီဘိခ်ရဲ့ ရင်သွေးလေးကို ‘ဆိုးလ်ရှား’လို့နာမည်ပေးမလားဆိုပြီး ဗန်ဒါမေဒီ နောက်ပြောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ သူနဲ့အတူနေချစ်သူအက်စ်တဲလ်ဘားကမ့်ဆီမှာ ပထမဆုံးရင်သွေးလေးပိုင်ဆိုင်ထားပြီဆိုတာကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တွေသိရှိနိုင်အောင်ကြေညာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ အက်စတဲလ်ဘားကမ့်ဟာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးကြီးဒင်းနစ်ဘားကမ့်ရဲ့သမီးဖြစ်ပြီး ဒင်းနစ်ဘားကမ့်ဟာ မကြာခင် မြေးချီရတော့မှာပဲဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ အတ္တလန်တာနဲ့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် ရှားရှားပါးပါးအဖြစ် ပွဲပြီးခါနီးမိနစ်ပိုင်းအလိုမှာ လူစားဝင်ကစားခဲ့ရပြီး မိနစ်ပိုင်းလောက်သာကစားခဲ့ရပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အဲဒီပွဲအပြီး ကြာသပတေးနေ့မနက်ပိုင်းမှာ ဗန်ဒီဘိခ်က အက်စ်တဲလ်ဘားကမ့်နဲ့အတူ သူတို့ရဲ့ရင်သွေးလေးကို Ultrasound ရိုက်ထားတဲ့ဓာတ်ပုံကို

Instagram မှာ Post တင်ခဲ့ပြီးတော့ “ရင်သွေးလေးရတော့မယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ်”လို့ Caption ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းအတွက် ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ လင်ဂတ်၊ တဲလက်စ်၊ ဒါလော့တ်တို့က ဗန်ဒီဘိခ်တို့ချစ်သူနှစ်ယောက်အတွက်

ဂုဏ်ပြုစကားတွေပြောကြားခဲ့ချိန်မှာ နယ်သာလန်နာမည်ကျော်ကစားသမားဟောင်း ဗန်ဒါမေဒီက အတည်ပေါက်ကြီးနဲ့စနောက်ခဲ့ပါတယ်။

ဗန်ဒါမေဒီက “ဂုဏ်ယူပါတယ်ကွာ။ အဲဒီကလေးကို ‘ဆိုးလ်ရှား’လို့ နာမည်ပေးမလား”လို့ နောက်ပြောင်ရေးသားခဲ့တာဖြစ်ပါတယ်။

၂၀၂၀၊ နွေရာသီကာလတုန်းက အေဂျက်စ်အသင်းကနေ ပေါင်သန်း(၄၀)နဲ့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့သူဗန်ဒီဘိခ်ဟာ

ဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီး ပြီးခဲ့တဲ့အတ္တလန်တာနဲ့ပွဲမှာ မိနစ်ပိုင်းပါဝင်ကစားခဲ့ရတာအပါအဝင် ဒီရာသီမှာ စုစုပေါင်း(၄)ပွဲသာကစားခဲ့ရပါတယ်။

အဲဒါကြောင့် ဗန်ဒီဘိခ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကျရင် အသင်းပြောင်းရွှေ့ခွင့်ရအောင်ကြိုးစားနေပြီး

အဲဒီအတွက် မကြာသေးခင်က သူ့အေးဂျင့်ကိုတောင် အပြောင်းအလဲလုပ်ခဲ့သလို ဗန်ဒီဘိခ်ကို ဘာစီလိုနာအပါအဝင် ပရီးမီးယားလိဂ်ကလပ်တချို့က ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗန္ဒီဘိခ္ရဲ႕ ရင္ေသြးေလးကို ‘ဆိုးလ္ရွား’လို႔နာမည္ေပးမလားဆိုၿပီး ဗန္ဒါေမဒီ ေနာက္ေျပာင္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဗန္ဒီဘိခ္ဟာ သူနဲ႔အတူေနခ်စ္သူအက္စ္တဲလ္ဘားကမ့္ဆီမွာ ပထမဆုံးရင္ေသြးေလးပိုင္ဆိုင္ထားၿပီဆိုတာကို လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ပရိသတ္ေတြသိရွိႏိုင္ေအာင္ေၾကညာခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အက္စတဲလ္ဘားကမ့္ဟာ အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးႀကီးဒင္းနစ္ဘားကမ့္ရဲ႕သမီးျဖစ္ၿပီး ဒင္းနစ္ဘားကမ့္ဟာ မၾကာခင္ ေျမးခ်ီရေတာ့မွာပဲျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ အတၱလန္တာနဲ႔(၂-၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ရွားရွားပါးပါးအျဖစ္ ပြဲၿပီးခါနီးမိနစ္ပိုင္းအလိုမွာ လူစားဝင္ကစားခဲ့ရၿပီး မိနစ္ပိုင္းေလာက္သာကစားခဲ့ရေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ အဲဒီပြဲအၿပီး ၾကာသပေတးေန႔မနက္ပိုင္းမွာ ဗန္ဒီဘိခ္က အက္စ္တဲလ္ဘားကမ့္နဲ႔အတူ သူတို႔ရဲ႕ရင္ေသြးေလးကို Ultrasound ႐ိုက္ထားတဲ့ဓာတ္ပုံကို Instagram မွာ Post တင္ခဲ့ၿပီးေတာ့ “ရင္ေသြးေလးရေတာ့မယ္ဆိုတဲ့အေၾကာင္းကို သတင္းေကာင္းပါးလိုက္ပါတယ္”လို႔ Caption ေရးသားခဲ့တာျဖစ္ပါတယ္။

အဲဒီသတင္းအတြက္ ယူႏိုက္တက္အသင္းေဖာ္ေတြျဖစ္တဲ့ လင္ဂတ္၊ တဲလက္စ္၊ ဒါေလာ့တ္တို႔က ဗန္ဒီဘိခ္တို႔ခ်စ္သူႏွစ္ေယာက္အတြက္ ဂုဏ္ျပဳစကားေတြေျပာၾကားခဲ့ခ်ိန္မွာ နယ္သာလန္နာမည္ေက်ာ္ကစားသမားေဟာင္း ဗန္ဒါေမဒီက အတည္ေပါက္ႀကီးနဲ႔စေနာက္ခဲ့ပါတယ္။ ဗန္ဒါေမဒီက “ဂုဏ္ယူပါတယ္ကြာ။ အဲဒီကေလးကို ‘ဆိုးလ္ရွား’လို႔ နာမည္ေပးမလား”လို႔ ေနာက္ေျပာင္ေရးသားခဲ့တာျဖစ္ပါတယ္။

၂၀၂၀၊ ေႏြရာသီကာလတုန္းက ေအဂ်က္စ္အသင္းကေန ေပါင္သန္း(၄၀)နဲ႔ ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူဗန္ဒီဘိခ္ဟာ ဆိုးလ္ရွားလက္ေအာက္မွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနၿပီး ၿပီးခဲ့တဲ့အတၱလန္တာနဲ႔ပြဲမွာ မိနစ္ပိုင္းပါဝင္ကစားခဲ့ရတာအပါအဝင္ ဒီရာသီမွာ စုစုေပါင္း(၄)ပြဲသာကစားခဲ့ရပါတယ္။ အဲဒါေၾကာင့္ ဗန္ဒီဘိခ္ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္က်ရင္ အသင္းေျပာင္းေ႐ႊ႕ခြင့္ရေအာင္ႀကိဳးစားေနၿပီး အဲဒီအတြက္ မၾကာေသးခင္က သူ႔ေအးဂ်င့္ကိုေတာင္ အေျပာင္းအလဲလုပ္ခဲ့သလို ဗန္ဒီဘိခ္ကို ဘာစီလိုနာအပါအဝင္ ပရီးမီးယားလိဂ္ကလပ္တခ်ိဳ႕က ေခၚယူဖို႔ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေနပါတယ္။