ဗန်ဒိုက်အပါအဝင် ပြိုင်ဘက်ကစားသမား(၄)ဦးလောက်ကို ပဥ္စလက်ဆန်ဆန်ကျော်ဖြတ်ခဲ့တဲ့ ပေါ်တူဂီမှော်ဆရာလေးဘာနာဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ကပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် လီဗာပူးလ်-မန်စီးတီးတို့ကစားခဲ့တဲ့ပွဲက ဒုတိယပိုင်းမှာအပြန်အလှန်သွင်းဂိုးတွေနဲ့အတူ (၂-၂)ဂိုးစီသရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

နာမည်ကျော်နည်းပြနှစ်ဦးဖြစ်တဲ့ ယာဂန်ကလော့ပ်နဲ့ဂွါဒီယိုလာတို့ရဲ့ နည်းစနစ်ပိုင်းအားပြိုင်မှု၊ ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့တစ်ဦးချင်းအရည်အသွေးကြောင့် ပွဲကကြည့်ကောင်းခဲ့ပြီး

လီဗာပူးလ်အသင်းအတွက် ဒုတိယဂိုးကို မယုံနိုင်လောက်တဲ့တစ်ဦးချင်းစွမ်းရည်နဲ့သွင်းယူခဲ့တဲ့ ဆာလာရဲ့သွင်းဂိုးက ဒီပွဲအတွက် လူပြောများစရာဖြစ်ခဲ့ပေမယ့်

တစ်ပွဲလုံးမခိုမကပ်ဘဲ ကွင်းလယ်တစ်ကြောမှာ တိုးအား၊ရုန်းအားကောင်းကောင်းနဲ့ကစားခဲ့တဲ့ မန်စီးတီးကွင်းလယ်လူဘာနာဒိုဆေးလ်ဗားကိုလည်း ချီးကျူးရမှာဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားရဲ့ ထိုးဖောက်မှုတွေကြောင့် လီဗာပူးလ်ကစားသမားတွေ အလုပ်ရှုပ်ခဲ့ရပြီး သူ့ကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတာပါ။

ပထမပိုင်းတုန်းက ဘာနာဒိုဆေးလ်ဗားဟာ လီဗာပူးလ်အသင်းရဲ့ခံစစ်ကျောက်ဆောင်လို့သတ်မှတ်ရမယ့် ဗန်ဒိုက်ကို မြေကြီးပေါ်လဲကျသွားတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အစွမ်းပြခဲ့ပြီး

လီဗာပူးလ်ကစားသမား(၄)ယောက်လောက်ကို ၃၆၀ံ ယိမ်းနွဲ့လှည့်ပတ်ပြီးတော့ လှလှပပကျော်ဖြတ်ခဲ့သလို Marking လွတ်နေတဲ့ ဖိုဒန်ဆီ ဘောလုံးပေးပို့ခဲ့ပေမယ့် ဖိုဒန်ရဲ့ကန်ချက်ကို အယ်လစ်ဆင်ကာကွယ်နိုင်ခဲ့လို့ မန်စီးတီးကံဆိုးခဲ့ရတာဖြစ်ပါတယ်။

တကယ်လို့ အဲဒီဂိုးသာဝင်ခဲ့ရင် ဘာနာဒိုဆေးလ်ဗားဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးဖန်တီးပေးခဲ့သူတစ်ဦးအဖြစ် သတ်မှတ်ခံရဖို့တောင်ရှိနေပါပြီ။

ဒါ့အပြင် ဘာနာဒိုဆေးလ်ဗားရဲ့ ပဥ္စလက်ဆန်တဲ့စွမ်းဆောင်ရည်ကို မီဒီယာတွေကချီးကျူးနေကြပြီး ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ချယ်လ်ဆီးနဲ့ပွဲတုန်းကလည်း သူ့ရဲ့ Dribbling Skill ကို ပြသနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးကို ဒီရာသီပရီးမီးယားလိဂ်ပထမဆုံးရှုံးပွဲကြုံစေခဲ့တဲ့ပွဲမှာ ဘာနာဒိုဆေးလ်ဗားက ကွင်းလယ်နေရာစုံကနေ ထိုးဖောက်ကစားခဲ့ပြီး ချယ်လ်ဆီးကစားသမားတွေကို သူ့ကို ဘယ်လိုထိန်းချုပ်ရမှန်းမသိအောင် ခြေစွမ်းပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက မန်စီးတီးအသင်းနဲ့လမ်းခွဲတော့မယ်လို့သတင်းထွက်ခဲ့ပေမယ့် အသင်းမှာပဲဆက်ကစားဖို့ဆုံးဖြတ်ခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ အခုအချိန်မှာစွမ်းဆောင်ရည်ကောင်းပြသနေလို့ သူ့ကို လက်လွှတ်လိုက်ရမှာကို ဂွါဒီယိုလာတစ်ယောက်စိုးရိမ်နေပါပြီ။

ဘာနာဒိုဆေးလ်ဗားနဲ့ပတ်သက်လို့ ဂွါဒီယိုလာက “ကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒက ဘာနာဒိုဆေးလ်ဗားကို ဒီအသင်းမှာပဲဖြစ်ဖြစ်၊ တခြားအသင်းမှာပဲဖြစ်ဖြစ် ပျော်ရွှင်မှုရစေချင်တာပါ။

သူက အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ ထိုက်တန်တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ ဘောကြောနပ်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီလိုကစားသမားကောင်းတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာက အသင်းအတွက်အရမ်းအကျိုးရှိပါတယ်”လို့ဆိုခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗန္ဒိုက္အပါအဝင္ ၿပိဳင္ဘက္ကစားသမား(၄)ဦးေလာက္ကို ပၪၥလက္ဆန္ဆန္ေက်ာ္ျဖတ္ခဲ့တဲ့ ေပၚတူဂီေမွာ္ဆရာေလးဘာနာဒို

မေန႔ကပရီးမီးယားလိဂ္ပြဲစဥ္(၇)အျဖစ္ လီဗာပူးလ္-မန္စီးတီးတို႔ကစားခဲ့တဲ့ပြဲက ဒုတိယပိုင္းမွာအျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ (၂-၂)ဂိုးစီသေရနဲ႔ပြဲၿပီးဆုံးခဲ့ပါတယ္။ နာမည္ေက်ာ္နည္းျပႏွစ္ဦးျဖစ္တဲ့ ယာဂန္ကေလာ့ပ္နဲ႔ဂြါဒီယိုလာတို႔ရဲ႕ နည္းစနစ္ပိုင္းအားၿပိဳင္မႈ၊ ကမာၻ႔အဆင့္ကစားသမားေတြရဲ႕တစ္ဦးခ်င္းအရည္အေသြးေၾကာင့္ ပြဲကၾကည့္ေကာင္းခဲ့ၿပီး လီဗာပူးလ္အသင္းအတြက္ ဒုတိယဂိုးကို မယုံႏိုင္ေလာက္တဲ့တစ္ဦးခ်င္းစြမ္းရည္နဲ႔သြင္းယူခဲ့တဲ့ ဆာလာရဲ႕သြင္းဂိုးက ဒီပြဲအတြက္ လူေျပာမ်ားစရာျဖစ္ခဲ့ေပမယ့္ တစ္ပြဲလုံးမခိုမကပ္ဘဲ ကြင္းလယ္တစ္ေၾကာမွာ တိုးအား၊႐ုန္းအားေကာင္းေကာင္းနဲ႔ကစားခဲ့တဲ့ မန္စီးတီးကြင္းလယ္လူဘာနာဒိုေဆးလ္ဗားကိုလည္း ခ်ီးက်ဴးရမွာျဖစ္ပါတယ္။

ဘာနာဒိုေဆးလ္ဗားရဲ႕ ထိုးေဖာက္မႈေတြေၾကာင့္ လီဗာပူးလ္ကစားသမားေတြ အလုပ္ရႈပ္ခဲ့ရၿပီး သူ႔ကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရတာပါ။ ပထမပိုင္းတုန္းက ဘာနာဒိုေဆးလ္ဗားဟာ လီဗာပူးလ္အသင္းရဲ႕ခံစစ္ေက်ာက္ေဆာင္လို႔သတ္မွတ္ရမယ့္ ဗန္ဒိုက္ကို ေျမႀကီးေပၚလဲက်သြားတဲ့အထိ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေအာင္ အစြမ္းျပခဲ့ၿပီး လီဗာပူးလ္ကစားသမား(၄)ေယာက္ေလာက္ကို ၃၆၀ံ ယိမ္းႏြဲ႕လွည့္ပတ္ၿပီးေတာ့ လွလွပပေက်ာ္ျဖတ္ခဲ့သလို Marking လြတ္ေနတဲ့ ဖိုဒန္ဆီ ေဘာလုံးေပးပို႔ခဲ့ေပမယ့္ ဖိုဒန္ရဲ႕ကန္ခ်က္ကို အယ္လစ္ဆင္ကာကြယ္ႏိုင္ခဲ့လို႔ မန္စီးတီးကံဆိုးခဲ့ရတာျဖစ္ပါတယ္။

တကယ္လို႔ အဲဒီဂိုးသာဝင္ခဲ့ရင္ ဘာနာဒိုေဆးလ္ဗားဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးဖန္တီးေပးခဲ့သူတစ္ဦးအျဖစ္ သတ္မွတ္ခံရဖို႔ေတာင္ရွိေနပါၿပီ။ ဒါ့အျပင္ ဘာနာဒိုေဆးလ္ဗားရဲ႕ ပၪၥလက္ဆန္တဲ့စြမ္းေဆာင္ရည္ကို မီဒီယာေတြကခ်ီးက်ဴးေနၾကၿပီး ဘာနာဒိုေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ခ်ယ္လ္ဆီးနဲ႔ပြဲတုန္းကလည္း သူ႔ရဲ႕ Dribbling Skill ကို ျပသႏိုင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးကို ဒီရာသီပရီးမီးယားလိဂ္ပထမဆုံးရႈံးပြဲႀကဳံေစခဲ့တဲ့ပြဲမွာ ဘာနာဒိုေဆးလ္ဗားက ကြင္းလယ္ေနရာစုံကေန ထိုးေဖာက္ကစားခဲ့ၿပီး ခ်ယ္လ္ဆီးကစားသမားေတြကို သူ႔ကို ဘယ္လိုထိန္းခ်ဳပ္ရမွန္းမသိေအာင္ ေျခစြမ္းျပခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ေႏြရာသီတုန္းက မန္စီးတီးအသင္းနဲ႔လမ္းခြဲေတာ့မယ္လို႔သတင္းထြက္ခဲ့ေပမယ့္ အသင္းမွာပဲဆက္ကစားဖို႔ဆုံးျဖတ္ခဲ့တဲ့ ဘာနာဒိုေဆးလ္ဗားဟာ အခုအခ်ိန္မွာစြမ္းေဆာင္ရည္ေကာင္းျပသေနလို႔ သူ႔ကို လက္လႊတ္လိုက္ရမွာကို ဂြါဒီယိုလာတစ္ေယာက္စိုးရိမ္ေနပါၿပီ။ ဘာနာဒိုေဆးလ္ဗားနဲ႔ပတ္သက္လို႔ ဂြါဒီယိုလာက “ကြၽန္ေတာ္အျဖစ္ခ်င္ဆုံးဆႏၵက ဘာနာဒိုေဆးလ္ဗားကို ဒီအသင္းမွာပဲျဖစ္ျဖစ္၊ တျခားအသင္းမွာပဲျဖစ္ျဖစ္ ေပ်ာ္႐ႊင္မႈရေစခ်င္တာပါ။ သူက အေကာင္းဆုံးဆိုတဲ့အရာေတြနဲ႔ ထိုက္တန္တဲ့ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဘာနာဒိုေဆးလ္ဗားဟာ ေဘာေၾကာနပ္တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး ဒီလိုကစားသမားေကာင္းတစ္ဦးကို ေခၚယူႏိုင္ခဲ့တာက အသင္းအတြက္အရမ္းအက်ိဳးရွိပါတယ္”လို႔ဆိုခဲ့ဖူးပါတယ္။