ဗန်ဒိုက်က ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ မဟုတ်ဘူး . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ ရစ်ချာလီဆန် ကတော့ အဲဗာတန်အသင်းရဲ့ ခါးသီးမြို့ခံပြိုင်ဘက် လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ဟာ မီဒီယာတွေ ညွှန်းဆိုနေသလို၊ တခြားကစားသမားတချို့ ပြောသလို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဗန်ဒိုက်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ရစ်ချာလီဆန်က “လူတွေက ဗန်ဒိုက် ကို ကမ္ဘာ့ အကောင်းဆုံးနောက်ခံလူ လို့ထင်နေကြတာ ကျွန်တော့် အနေနဲ့ကတော့ ဟာသလိုပါပဲ။

တစ်ခါလောက် ကံကောင်းမှုနဲ့ Top 3 ထိရောက်ခဲ့လို့ လူတွေက အရမ်းအထင်ကြီးနေတာလည်းဖြစ်နိုင်တယ်။

သူက တကယ်ကောင်းတဲ့ခံစစ်သမားတစ်ယောက်ဆိုတာ လက်ခံပါတယ်။

ဒါပေမယ့် သူ့ကို ကျွန်တော်ဆုံတွေ့တိုင်း လွယ်ကူစွာ ခဏခဏ ဖြတ်ကျော်နိုင်ခဲ့တာကြီးပါပဲ” လို့ ပြောဆိုပါတယ်။

လီဗာပူးအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ဟာ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူ တစ်ဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်ဆီ

အခြား ထိပ်တန်း ခံစစ်မှူးတွေ ဖြစ်တဲ့ သီယာဂို ဆေးလ်ဗား ၊ ရာဖေးလ် ဗာရန်း ၊ ရူဘင် ဒီယက်ဇ်တို့ ရောက်လာချိန်မှာ ဘယ်သူက အကောင်းဆုံး ခံစစ်မှူးလဲ ဆိုတာ ပြောရခက်သွားပါတယ်။

ဒါပေမယ့် ဗန်ဒိုက်ဟာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာလိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ကနေ ပြန်လည် သက်သာလာချိန်မှာတောင် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသထားနိုင်တာ ကတော့ ချီးကျူးစရာ ဖြစ်ပြီး

အခုလိုမျိုး တစ်နှစ်နီးပါး အနားယူနေရာ ကနေ ပြန်လည် သက်သာလာချိန်မှာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားဟာ တော်တော်ရှားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




