
Photo Credit
Photo Credit
ဖလာမင်ဂိုကစားသမားလေး လင်ကွန်းဟာ ပြီးခဲ့တဲ့စနေ့နေ့က ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်အဖြစ် ဥရောပချန်ပီယံ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲစဉ်မှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို လူကပ်ကစားခဲ့ကာ ရယ်စရာကေငာ်းဖွယ် ကြက်သေသေတဲ့ အမူအယာမျိုး လုပ်ခဲ့ပါတယ်။
Photo Credit
၁၉ နှစ်သားလေး လင်ကွန်းဟာ အရပ် ၆ ပေ ၄ လက်မရှိတဲ့ ဗန်ဒိုက်ရဲ့ ပခုံးလောက်သာ ရှိတာကြောင့် သူ့ခမျာလည်း တော်တော် လန့်ဖြတ်သွားပုံ ရပါတယ်။ အရပ်အမြင့် ၅ ပေ ၉ လက်မသာရှိတဲ့ အဆိုပါတိုက်စစ်မှူးလေးအဖိ့ု ဗန်ဒိုက်ကို လူကပ်ကစားဖိ့ုဆိုတာ အလားအလာ အလွန်ကို နည်းပါးနေတာပါ။
Photo Credit
အဆိုပါပွဲစဉ်မှာတော့ မိနစ် ၉၀အထိ ဂိုးမရှိ သရေကျနေခဲ့ပြီး လီဗာပူးအသင်းဟာ အချိန်ပို ပထမပိုင်းမှာ ရောဘတ်တိုဖာမီနိုရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယခုဆုဖလားကို ထပ်မံရရှိမှုက ကလော့ပ်ရဲ့အသင်းဟာ ဥရောပဆုဖလားတွေကို ရသလောက် သိမ်းကြုံးယူနေသလိုပါပဲ။
လီဗာပူးအသင်းဟာ စနေနေ့က ကလပ်ကမ္ဘာ့ဖလားကို မရရှိခင် ဇွန်လတုန်းက ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီး သြဂုတ်လမှာ ယူအီးအက်ဖ်အေစူပါဖလားပါ ရရှိခဲ့ပါသေးတယ်။ နည်းပြကလာ့ပ်ကလည်း အသင်းရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဒီဇင်ဘာလထဲမှာပဲ မဆိုင်းမတွပဲ ချီးကျူးခဲ့ပါသေးတယ်။
Photo Credit
That moment when you realise you're the one that has to mark @VirgilvDijk pic.twitter.com/B0YAOHhNoU
— Dermot Sheehan LFC (@The5thRace) December 22, 2019
Video Credit
ဆက်လက်ပြီး ကလော့ပ်က “အကြိတ်အနယ် ပြင်းထန်တဲ့ ပြိုင်ပွဲတွေကြောင့် ကျွန်တော်တို့ ခြေကုန်လက်ပမ်းကျခဲ့ပါတယ်။ ဒါပေမဲ့ အခုလို အခြေအနေမှာကျတော့ ဒီကောင်လေးတွေကို လေးစားကြောင်းဖော်ပြဖို့ စကားလုံးတောင် ကျွန်တေ်ာ မရွေးတတ်တော့ပါဘူး။ ဒါက အရမ်းအံ့သြဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ကောင်းတာတွေ အများကြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်”
Photo Credit
”သူတို့တွေအားလုံး အကောင်းဆုံး စွမ်းဆောင်ရည်တွေပြသပြီး အံ့ဖွယ်အလုပ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်”လိ့ု ပြောသွားခဲ့ပါတယ်။ ဗန်ဒိုက်နဲ့အတွေ့မှာ ဖြစ်သွားတဲ့ လင်ကွန်းရဲ့မျက်နှာအမူအယာက လူမှုမီဒီယာမှာ အတော်လေး ရေပန်းစားသွားပါတယ်။
Photo Credit
”ဒီကလေးက အခုမှ ၁၉နှစ်ပဲရှိပါသေးတယ်။ ဒီလိုအနေအထားမှာ ဗန်ဒိုက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရလို့ ကြောက်လန့်နေတာကို အပြစ်သွားပြောလို့မရပါဘူး”။ ”ဒီအမူအရာက လေးစားအားကျတဲ့ပုံစံလား..ကြောက်ရွံ့တာလားဆိုတာ ဆုံးဖြတ်လို့မရဘူး”လို့ အသီးသီးရေးသားခဲ့ကြပါတယ်။
Photo Credit
Zawgyi
ဗန္ဒိုက္ကို လူကပ္ကစားရမယ့္အေရး ၾကက္ေသေသ လန္႔ျဖတ္သြားတဲ့ ဖလာမင္ဂိုတိုက္စစ္မွဴးေလး
ဖလာမင္ဂိုကစားသမားေလး လင္ကြန္းဟာ ၿပီးခဲ့တဲ့စေန႔ေန႔က ကလပ္ကမၻာ့ဖလားဖိုင္နယ္ပြဲစဥ္အျဖစ္ ဥေရာပခ်န္ပီယံ လီဗာပူးအသင္းနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အဆိုပါပြဲစဥ္မွာ လီဗာပူးေနာက္ခံလူ ဗန္ဒုိက္ကို လူကပ္ကစားခဲ့ကာ ရယ္စရာေကငာ္းဖြယ္ ၾကက္ေသေသတဲ့ အမူအယာမ်ိဳး လုပ္ခဲ့ပါတယ္။
၁၉ ႏွစ္သားေလး လင္ကြန္းဟာ အရပ္ ၆ ေပ ၄ လက္မရွိတဲ့ ဗန္ဒိုက္ရဲ႕ ပခံုးေလာက္သာ ရွိတာေၾကာင့္ သူ႔ခမ်ာလည္း ေတာ္ေတာ္ လန႔္ျဖတ္သြားပံု ရပါတယ္။ အရပ္အျမင့္ ၅ ေပ ၉ လက္မသာရွိတဲ့ အဆိုပါတိုက္စစ္မွဴးေလးအဖိ႔ု ဗန္ဒိုက္ကို လူကပ္ကစားဖိ႔ုဆိုတာ အလားအလာ အလြန္ကို နည္းပါးေနတာပါ။
အဆုိပါပြဲစဥ္မွာေတာ့ မိနစ္ ၉၀အထိ ဂိုးမရွိ သေရက်ေနခဲ့ၿပီး လီဗာပူးအသင္းဟာ အခ်ိန္ပို ပထမပိုင္းမွာ ေရာဘတ္တိုဖာမီႏိုရဲ႕သြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ယခုဆုဖလားကို ထပ္မံရရွိမႈက ကေလာ့ပ္ရဲ႕အသင္းဟာ ဥေရာပဆုဖလားေတြကို ရသေလာက္ သိမ္းႀကံဳးယူေနသလိုပါပဲ။
လီဗာပူးအသင္းဟာ စေနေန႔က ကလပ္ကမၻာ႔ဖလားကို မရရွိခင္ ဇြန္လတုန္းက ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့ၿပီး ၾသဂုတ္လမွာ ယူအီးအက္ဖ္ေအစူပါဖလားပါ ရရွိခဲ့ပါေသးတယ္။ နညး္ျပကလာ့ပ္ကလည္း အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဒီဇင္ဘာလထဲမွာပဲ မဆိုင္းမတြပဲ ခ်ီးက်ဴးခဲ့ပါေသးတယ္။
ဆက္လက္ၿပီး ကေလာ့ပ္က “အႀကိတ္အနယ္ ျပင္းထန္တဲ့ ၿပိဳင္ပြဲေတြေၾကာင့္ ကၽြန္ေတာ္တို႔ ေျခကုန္လက္ပမ္းက်ခဲ့ပါတယ္။ ဒါေပမဲ့ အခုလို အေျခအေနမွာက်ေတာ့ ဒီေကာင္ေလးေတြကို ေလးစားေၾကာင္းေဖာ္ျပဖို႔ စကားလံုးေတာင္ ကၽြန္ေတ္ာ မေရြးတတ္ေတာ့ပါဘူး။ ဒါက အရမ္းအံ့ၾသဖို႔ ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ ေကာင္းတာေတြ အမ်ားႀကီး လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္”
”သူတို႔ေတြအားလံုး အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြျပသၿပီး အ့ံဖြယ္အလုပ္ေတြကို လုပ္ေဆာင္ခဲ့ၾကပါတယ္”လိ႔ု ေျပာသြားခဲ့ပါတယ္။ ဗန္ဒိုက္နဲ႔အေတြ႕မွာ ျဖစ္သြားတ့ဲ လင္ကြန္းရဲ႕မ်က္ႏွာအမူအယာက လူမႈမီဒီယာမွာ အေတာ္ေလး ေရပန္းစားသြားပါတယ္။
”ဒီကေလးက အခုမွ ၁၉ႏွစ္ပဲရွိပါေသးတယ္။ ဒီလုိအေနအထားမွာ ဗန္ဒိုက္နဲ႔ ထိပ္တိုက္ရင္ဆုိင္ရလုိ႔ ေၾကာက္လန္႔ေနတာကို အျပစ္သြားေျပာလုိ႔မရပါဘူး”။ ”ဒီအမူအရာက ေလးစားအားက်တဲ့ပုံစံလား..ေၾကာက္ရြံ႕တာလားဆုိတာ ဆုံးျဖတ္လုိ႔မရဘူး”လုိ႔ အသီးသီးေရးသားခဲ့ၾကပါတယ္။