ဗန်ဒိုက်ကို ပေါင် ၁၂သန်းတည်းနဲ့ ခေါ်ယူခွင့်ရမယ့်အခွင့်အရေး အာဆင်နယ် ငြင်းဆန်ခဲ့ရတဲ့အကြောင်းရင်း ထွက်ပေါ်လာ

Photo Credit

Photo Credit

ဆဲလ်တစ်လက်ထောက်နည်းပြဟောင်းရဲ့ဖွင့်ဟချက်အရ အာဆင်နယ်အသင်းဟာ လက်ရှိလီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို ပေါင် ၁၂သန်းတည်းနဲ့ အလွယ်တကူခေါ်ယူခွင့်ရမယ့် အခွင့်အရေးရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit

နယ်သာလန်ကလပ် ဂရိုနင်ဂျန်အသင်းကနေ ရောက်လာပြီးနောက် ဆဲလ်တစ်အသင်းနဲ့အတူ စကော့တလန်ပရီးမီးယားလိဂ်မှာ စတင်ထင်ပေါ်ခဲ့တဲ့ ဗန်ဒိုက်ဟာ ၂၀၁၇ ဒီဇင်ဘာလ ၂၇ရက်နေ့က လီဗာပူးကို ရောက်လာပြီးချိန်ကတည်းက အံ့အားသင့်ဖွယ်စွမ်းဆောင် ပြသနေတာဖြစ်ပါတယ်။

Photo Credit

သူဟာ ဆဲလ်တစ်အသင်းမှာလည်း အဓိကနောက်ခံလူအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ထပ်ဆင့်ပြည်တွင်းအမှတ်ပေးချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဒီလိုခြေစွမ်းပြနိုင်ခဲ့လို့လည်း သူ့ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအပါအဝင် ပရီးမီးယားလိဂ်အသင်းအများစုက စိတ်ဝင်စားခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ အားလုံးသိပြီးတဲ့အတိုင်း ဆောက်သမ်တန်အသင်းက ပေါင် ၁၃သန်းနဲ့ ဗန်ဒိုက်ကို အရခေါ်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း ဗန်ဒိုက်ကို ပေါင် ၁၂သန်းတည်းနဲ့ ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။

Photo Credit

ဒီလိုပယ်ချခဲ့ရခြင်းရဲ့အဓိကအကြောင်းရင်းက ဗန်ဒိုက်က အေးဆေးတည်ငြိမ်လွန်းတာကြောင့်ဖြစ်တယ်လို့ ထိုစဉ်က ဆဲလ်တစ်အသင်းရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဂျွန်ကောလင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး(ထိုစဉ်က)က ဗန်ဒိုက်ကို ခေါ်ယူဖို စိတ်ဝင်စားခဲ့ပေမယ့် အသင်းရဲ့ဘောလုံးကင်းထောက်အကြီးအကဲဟောင်း စတိဗ်ရောလေးက ဗန်ဒိုက်ရဲ့ပုံစံက တည်ငြိမ်အေးဆေးလွန်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Photo Credit

ဗန်ဒိုက်ဟာ ဆောက်သမ်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာပါ ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် လီဗာပူးအသင်းက ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူကလည်း လီဗာပူးမှာ ချက်ချင်းအထိုင်ကျခဲ့ပြီး အခုချိန်မှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit

Zawgyi

ဗန္ဒိုက္ကို ေပါင္ ၁၂သန္းတည္းနဲ႔ ေခၚယူခြင့္ရမယ့္အခြင့္အေရး အာဆင္နယ္ ျငင္းဆန္ခ့ဲရတဲ့အေၾကာင္းရင္း ထြက္ေပၚလာ

ဆဲလ္တစ္လက္ေထာက္နည္းျပေဟာင္းရဲ႕ဖြင့္ဟခ်က္အရ အာဆင္နယ္အသင္းဟာ လက္ရွိလီဗာပူးေနာက္ခံလူ ဗႏ္ဒုိက္ကို ေပါင္ ၁၂သန္းတည္းနဲ႔ အလြယ္တကူေခၚယူခြင့္ရမယ့္ အခြင့္အေရးရရွိခဲ့တယ္လုိ႔ သိရပါတယ္။
နယ္သာလန္ကလပ္ ဂ႐ိုနင္ဂ်န္အသင္းကေန ေရာက္လာၿပီးေနာက္ ဆဲလ္တစ္အသင္းနဲ႔အတူ စေကာ့တလန္ပရီးမီးယားလိဂ္မွာ စတင္ထင္ေပၚခဲ့တ့ဲ ဗန္ဒုိက္ဟာ ၂၀၁၇ ဒီဇင္ဘာလ ၂၇ရက္ေန႔က လီဗာပူးကို ေရာက္လာၿပီးခ်ိန္ကတည္းက အံ့အားသင့္ဖြယ္စြမ္းေဆာင္ ျပသေနတာျဖစ္ပါတယ္။
သူဟာ ဆဲလ္တစ္အသင္းမွာလည္း အဓိကေနာက္ခံလူအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ထပ္ဆင့္ျပည္တြင္းအမွတ္ေပးခ်န္ပီယံျဖစ္ေစခဲ့ပါတယ္။ ဒီလိုေျခစြမ္းျပႏိုင္ခဲ့လုိ႔လည္း သူ႕ကို ေခၚယူဖုိ႔ အာဆင္နယ္အသင္းအပါအ၀င္ ပရီးမီးယားလိဂ္အသင္းအမ်ားစုက စိတ္၀င္စားခဲ့ပါတယ္။
ဒါေပမဲ့ အားလုံးသိၿပီးတဲ့အတုိင္း ေဆာက္သမ္တန္အသင္းက ေပါင္ ၁၃သန္းနဲ႔ ဗန္ဒိုက္ကို အရေခၚယူႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းကလည္း ဗန္ဒုိက္ကို ေပါင္ ၁၂သန္းတည္းနဲ႔ ေခၚယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ပယ္ခ်ခဲ့ပါတယ္။
ဒီလုိပယ္ခ်ခဲ့ရျခင္းရဲ႕အဓိကအေၾကာင္းရင္းက ဗန္ဒုိက္က ေအးေဆးတည္ၿငိမ္လြန္းတာေၾကာင့္ျဖစ္တယ္လုိ႔ ထိုစဥ္က ဆဲလ္တစ္အသင္းရဲ႕လက္ေထာက္နည္းျပအျဖစ္ တာ၀န္ယူခဲ့တဲ့ ဂၽြန္ေကာလင္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္အသင္းနည္းျပ အာစင္၀င္းဂါး(ထိုစဥ္က)က ဗန္ဒုိက္ကို ေခၚယူဖုိ စိတ္၀င္စားခဲ့ေပမယ့္ အသင္းရဲ႕ေဘာလုံးကင္းေထာက္အႀကီးအကဲေဟာင္း စတိဗ္ေရာေလးက ဗန္ဒိုက္ရဲ႕ပုံစံက တည္ၿငိမ္ေအးေဆးလြန္းတယ္လုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
ဗန္ဒုိက္ဟာ ေဆာက္သမ္တန္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာပါ ဆက္လက္ေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ လီဗာပူးအသင္းက ေပါင္ ၇၅ သန္းနဲ႔ ေခၚယူခ့ဲတာျဖစ္ပါတယ္။ သူကလည္း လီဗာပူးမွာ ခ်က္ခ်င္းအထိုင္က်ခဲ့ၿပီး အခုခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေနာက္ခံလူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။