ဗန်ဒိုက်ကို ဇာတ်ပို့နေရာထိုင်ခိုင်းနိုင်ခဲ့တဲ့ မင်းသား ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယ်သာလန်အသင်း နဲ့ နော်ဝေးအသင်းတို့ရဲ့ ပွဲစဉ်ဟာ တစ်နည်းအားဖြင့် ပြောရရင် နယ်သာလန်နောက်ခံလူ ဗန်ဒိုက် နဲ့ နော်ဝေး တိုက်စစ်မှုး ဟာလန်းတို့ရဲ့ အားပြိုင်မှု ဖြစ်ပြီး သူတို့နှစ်ဦးရဲ့(၃)ကြိမ်မြောက်တွေ့ဆုံမှုပါ။

နယ်သာလန်အသင်းဟာ ပွဲချိန် (၂၀) မိနစ်မှာတင် ဟာလန်းရဲ့ သွင်းဂိုးကို အရင် စတင်ခွင့်ပြုခဲ့ပေမယ့် (၁၆) မိနစ် အကြာ (၃၆) မိနစ်မှာ ကလာဆန်ရဲ့ ချေပဂိုးကို ပြန်လည် ရရှိနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ သွင်းဂိုးမပေါ်လို့ (၁-၁) သရေနဲ့ ပွဲပြီးခဲ့ပါတယ်။

ဟာလန်းရဲ့ ကန်သွင်းမှုကို ကာကွယ်ဖို့ကြိုးစားခဲ့တဲ့ ဗန်ဒိုက်ကတော့ အလဲလဲအကွဲကွဲနဲ့ပဲ ကျန်ရစ်ခဲ့ရပါတယ်။

ဂိုးဧရိယာထဲကျလာတဲ့ဘောလုံးကို ဟာလန်းက ဘယ်ခြေနဲ့တစ်ချက်ထိန်းပြီး ဂိုးသမားရဲ့အဝေးထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာပါ။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ နယ်သာလန်နှင့်ပွဲတွင် ဦးဆောင်ဂိုး သွင်းယူပြီးနောက် ယခုနှစ်အတွင်း နိုင်ငံနှင့် ကလပ်အသင်းပွဲ (၃၈)ပွဲတွင် (၃၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ နော်ဝေအသင်းအတွက် နိုင်ငံတကာပွဲ(၁၄)ပွဲကစားရာတွင် (၈)ဂိုး သွင်းယူထားပါတယ်။ဟာလန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကို လာရောက်ကစားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





