ဗန်ဒိုက်ကို စာချုပ် သက်တမ်းတိုးတဲ့ လီဗာပူးဟာ ရှိရင်းစွဲသူတွေနဲ့ပဲ ခရီးဆက်မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဟာ အခုအပြောင်းအရွှေ့မှာ လိုက်ပ်ဇစ်အသင်းက ကိုနာတီ တစ်ဦးထဲကိုသာ ခေါ်ယူထားတာဖြစ်ပါတယ်။

ကျန်တာကတော့ ရှိရင်းစွဲ အသင်းသားတွေကိုသာ စာချုပ်သက်တမ်းတိုးနေတာပါ။

ဗန်ဒိုက်ဟာ ယနေ့မှာ လီဗာပူး အသင်းနဲ့ လေးနှစ် စာချုပ်သစ်ကို ချုပ်ဆိုသွားခဲ့ပါတယ်။

နယ်သာလန် ဗဟိုနောက်ခံလူဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလက ဆောက်သမ်တန်ကနေ ပေါင် ၇၅ သန်းနဲ့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ဆောက်သမ်တန်ကနေ ရောက်ရှိလာခဲ့ပြီးနောက် လျှင်မြန်စွာနဲ့ပဲ လီဗာပူးရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ကာ အသင်း အတွက် ပွဲ ၁၃၀ ကစားထားခဲ့ပြီး ၁၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင်ဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ဖလား ၊ ချန်ပီယံလိဂ်ဖလား ၊ စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလား အောင်မြင်မှုတွေမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ပေးခဲ့ပြီး

တစ်ဦးချင်း အနေနဲ့ PFA Player’s player of the year ၊ UEFA Men’s player of the Year နဲ့ UEFA Defender of the year တို့ကို ရရှိထားခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ဟာ ၂၀၁၉ ခုနှစ် အတွက် ဘလွန်းဒီအောဆု နဲ့ Best FIFA Men’s player ဆုတွေ အတွက် ဒုတိယနေရာ ရရှိခဲ့ပါတယ်။

ဗန်ဒိုက် ဟာ ပြီးခဲ့တဲ့ရာသီက ကြီးမားတဲ့ ဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်(၅)ပွဲသာပါဝင်ကစားခဲ့ရပြီး ရာသီအကုန်ထိအနားယူခဲ့ရတာလည်းဖြစ်ပါတယ်။

ဗန်ဒိုက် ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ တော့ အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့တာပါ။

ဗန်ဒိုက် က စာချုပ်သစ်ချုပ်ရတဲ့ အတွက် အလွန်ဂုဏ်ယူပြီး ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။

ဗန်ဒိုက် က “အလုပ်တွေဆက်လက်ကြိုးစားရမှာဖြစ်ပြီး လီဗာပူး နဲ့ အနာဂတ်ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်မျှော်လင့်နေပါတယ်။

ကလပ်နဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ်ခံစားရတာက အလွန်အံ့ဩစရာကောင်းတဲ့ ခံစားမှုပါပဲ။

အသင်းနဲ့အတူ ဆုဖလားတွေဆက်လက်ရယူသွားမယ်လို့”ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ဟာ အလက်ဇန်းဒါးအာနိုး ၊ အလီဆွန် ၊ ဖာဘင်ညို တို့ပြီးနောက် စတုတ္ထမြောက်အဖြစ် ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုသူ ဖြစ်လာခဲ့ပါတယ်။

လီဗာပူး အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် နောဝစ်ခ်ျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗန္ဒိုက္ကို စာခ်ဳပ္ သက္တမ္းတိုးတဲ့ လီဗာပူးဟာ ရွိရင္းစြဲသူေတြနဲ႔ပဲ ခရီးဆက္မွာလား?

လီဗာပူးအသင္းဟာ အခုအေျပာင္းအေ႐ႊ႕မွာ လိုက္ပ္ဇစ္အသင္းက ကိုနာတီ တစ္ဦးထဲကိုသာ ေခၚယူထားတာျဖစ္ပါတယ္။ က်န္တာကေတာ့ ရွိရင္းစြဲ အသင္းသားေတြကိုသာ စာခ်ဳပ္သက္တမ္းတိုးေနတာပါ။

ဗန္ဒိုက္ဟာ ယေန႔မွာ လီဗာပူး အသင္းနဲ႔ ေလးႏွစ္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုသြားခဲ့ပါတယ္။ နယ္သာလန္ ဗဟိုေနာက္ခံလူဟာ လြန္ခဲ့တဲ့ ၂၀၁၈ ဇန္နဝါရီလက ေဆာက္သမ္တန္ကေန ေပါင္ ၇၅ သန္းနဲ႔ ေျပာင္းလာခဲ့သူ ျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ေဆာက္သမ္တန္ကေန ေရာက္ရွိလာခဲ့ၿပီးေနာက္ လွ်င္ျမန္စြာနဲ႔ပဲ လီဗာပူးရဲ႕ အဓိက ကစားသမား တစ္ဦး ျဖစ္လာခဲ့ကာ အသင္း အတြက္ ပြဲ ၁၃၀ ကစားထားခဲ့ၿပီး ၁၃ ဂိုး သြင္းယူေပးခဲ့ပါတယ္။

နယ္သာလန္ လက္ေ႐ြးစင္ဟာ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ ဖလား ၊ ခ်န္ပီယံလိဂ္ဖလား ၊ စူပါဖလား နဲ႔ ကလပ္ကမာၻ႔ဖလား ေအာင္ျမင္မႈေတြမွာ အေရးပါတဲ့ က႑ကေန ပါဝင္ေပးခဲ့ၿပီး တစ္ဦးခ်င္း အေနနဲ႔ PFA Player’s player of the year ၊ UEFA Men’s player of the Year နဲ႔ UEFA Defender of the year တို႔ကို ရရွိထားခဲ့ပါတယ္။

ဒါ့အျပင္ ဗန္ဒိုက္ဟာ ၂၀၁၉ ခုႏွစ္ အတြက္ ဘလြန္းဒီေအာဆု နဲ႔ Best FIFA Men’s player ဆုေတြ အတြက္ ဒုတိယေနရာ ရရွိခဲ့ပါတယ္။

ဗန္ဒိုက္ ဟာ ၿပီးခဲ့တဲ့ရာသီက ႀကီးမားတဲ့ ဒဏ္ရာျပႆနာေၾကာင့္ ပရီးမီးယားလိဂ္(၅)ပြဲသာပါဝင္ကစားခဲ့ရၿပီး ရာသီအကုန္ထိအနားယူခဲ့ရတာလည္းျဖစ္ပါတယ္။ဗန္ဒိုက္ ဟာ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ေတာ့ အသင္းအတြက္ ပါဝင္ကစားႏိုင္ခဲ့တာပါ။ဗန္ဒိုက္ က စာခ်ဳပ္သစ္ခ်ဳပ္ရတဲ့ အတြက္ အလြန္ဂုဏ္ယူၿပီး ဝမ္းေျမာက္မိတယ္လို႔ ေျပာပါတယ္။

ဗန္ဒိုက္ က “အလုပ္ေတြဆက္လက္ႀကိဳးစားရမွာျဖစ္ၿပီး လီဗာပူး နဲ႔ အနာဂတ္ဘာေတြျဖစ္မလဲဆိုတာ ကြၽန္ေတာ္ေမွ်ာ္လင့္ေနပါတယ္။ ကလပ္နဲ႔ အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ေယာက္အျဖစ္ခံစားရတာက အလြန္အံ့ဩစရာေကာင္းတဲ့ ခံစားမႈပါပဲ။အသင္းနဲ႔အတူ ဆုဖလားေတြဆက္လက္ရယူသြားမယ္လို႔”​ေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္ဟာ အလက္ဇန္းဒါးအာႏိုး ၊ အလီဆြန္ ၊ ဖာဘင္ညိဳ တို႔ၿပီးေနာက္ စတုတၳေျမာက္အျဖစ္ ကလပ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသူ ျဖစ္လာခဲ့ပါတယ္။ လီဗာပူး အသင္းဟာ အခုႏွစ္ရာသီ ပရီးမီးယားလိဂ္ ပြဲဦးထြက္အျဖစ္ ေနာဝစ္ခ္်အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။