ဗန်ဒစ်ချ်မပါတော့မှ လီဗာပူးရဲ့ခံစစ်စွမ်းဆောင်ရည် ပိုကောင်းနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်မှာ ချန်ပီယံဘွဲ့ကိုလက်လွှတ်ရမယ့် အဖြစ်မျိုးကြုံခဲ့ရပါတယ်။ ဒါကတော့ အဲဗာတန်နဲ့ ၂-၂ သရေကျတဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်မှာ အဓိကနောက်ခံလူ ဗန်ဒစ်ချ်တစ်ယောက် ပြိုင်ဘက်ဂိုးသမားပစ်ဖို့ဒ်ရဲ့ဖျက်ထုတ်မှုကြောင့် ဒူးဒဏ်ရာပြင်းထန်စွာရရှိသွားတာပါဘဲ။

ဗန်ဒစ်ချ် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဒီရာသီတစ်လျှောက်လုံးနီးပါး အနားယူရဖွယ်ရှိနေသူပါ။ ပေါင် ၇၅ သန်းတန်တဲ့ ဗန်ဒစ်ချ် ရဲ့ဒဏ်ရာဟာ လီဗာပူးကိုအခြေအနေဆိုးစေခဲ့တယ်လို့ သတ်မှတ်နေချိန်မှာ သူ့တွဲဖက် ဂျိုးဂိုမက်ဇ်ကလည်း ရေရှည်အနားယူရမယ့် ဒူးဒဏ်ရာထပ်ရသွားတာကြောင့် လီဗာပူးနဲ့သက်ဆိုင်သူအားလုံးကို စိတ်ဓါတ်ကျစေခဲ့ပါတယ်။

အားထားရတဲ့ အာနိုးလ်ကလည်း ဒဏ်ရာကြောင့်ထပ်ပြီးအနားယူခဲ့ရလို့ လီဗာပူးကိုချန်ပီယံကျိန်စာသင့်သွားတဲ့အသင်းလို့ သတ်မှတ်ခဲ့ပါသေးတယ်။ ဒါပေမယ့်တကယ်တမ်းကျတော့ လီဗာပူးအသင်းဟာ ဗန်ဒစ်ချ်မပါ၊ လူမစုံတော့မှခံစစ်စွမ်းဆောင်ရည်ပိုကောင်းနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ဗန်ဒစ်ချ် ဟာဒီရာသီ သူအနားမယူရခင်မှာ အသင်းအတွက် ၈ ပွဲကစားခဲ့ပြီး အဲဒီ ၈ ပွဲမှာပေးဂိုးက ၁၆ ဂိုးအထိရှိခဲ့လို့ တစ်ပွဲကိုပျမ်းမျှ ၂ ဂိုးနှုန်းပေးခဲ့ရတာဖြစ်ပါတယ်။ ဗန်ဒစ်ချ် ကစားနေတုန်းမှာ လီဗာပူးဟာရာသီအဖွင့်ပွဲမှာ လိဒ်ကို ၃ ဂိုးတောင်ပေးခဲ့ရပြီး ၄-၃နဲ့နိုင်ခဲ့တာပါ။ ဒါ့အပြင် ဗီလာကိုလည်း အိမ်ကွင်းမှာ ၇-၂ နဲ့ရှုံးခဲ့ပါတယ်။

ဒါပေမယ့်သူနားရပြီးနောက်ပိုင်းမှာ လီဗာပူးရဲ့ခံစစ်စွမ်းရည် တိုးတက်လာခဲ့တာကို ထူးခြားစွာတွေ့ရပါတယ်။ နည်းပြ ဂျာဂင်ကလော့ပ်ဟာ ဒဏ်ရာမကြာခဏရတတ်သူ ဂျိုရယ်မာတစ်၊ လူငယ်တွေဖြစ်တဲ့ ရိုင်းဝီလျံ နဲ့ နသန်နီရယ်ဖိလစ် တို့ကိုအားကိုးပြီး ခံစစ်တည်ဆောက်ခဲ့ရသလို ကွင်းလယ်လူဖြစ်တဲ့ ဖာဘင်ဟိုကလည်း ဗဟိုခံစစ်မှူးအဖြစ် ကစားခဲ့ရသေးတာပါ။

ဒါပေမယ့် ဖာဘင်ဟို ဟာနိုဝင်ဘာလအတွင်းမှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ လီဗာပူးရဲ့ခံစစ်ဟာပုံသေကစားနိုင်သူ ၄ ဦးကိုအတည်တကျမထားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးဟာ ၁၁ ပွဲကစားခဲ့ရာမှာ ၆ ဂိုးသာပေးခဲ့ရလို့ တစ်ပွဲပျမ်းမျှ ဝ.၅၅ ဂိုးနှုန်းသာပေးခဲ့ရတဲ့အထိခံစစ် ကောင်းမွန်ခဲ့ပါတယ်။

သူတို့ဟာ ခံစစ်ကောင်းမွန်ခဲ့ရုံတင်မကဘဲ နိုင်ပွဲလည်းများပြားခဲ့ပြီး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၈ ပွဲနိုင်ခဲ့ပြီး တစ်ပွဲသာရှုံးခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း တစ်ပွဲဘဲရှုံးခဲ့ပြီး ၁၆ သင်းအဆင့်ကိုတက်သွားပါပြီ။

ဗန်ဒစ်ချ် ကစားခဲ့စဉ်မှာတော့ နိုင်ပွဲက ၅၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး၈ ပွဲမှာ ၄ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ တစ်ပွဲရှုံးခဲ့ပါတယ်။

ခံစစ်တိုးတက်လာရာမှာ လူငယ်တွေအားကိုးခဲ့ရတာမှန်ပေမယ့် မာတစ်နဲ့ ဖာဘင်ဟိုတို့အတွဲက ပိုပြီးအဓိကကျခဲ့တာပါ။ သူတို့နှစ်ဦးဗဟိုခံစစ်မှာတွဲကစားခဲ့တဲ့ ၄ ပွဲမှာ လီဗာပူးဟာ တစ်ဂိုးတောင်မပေးခဲ့ရဘူးလို့လည်းသိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗန္ဒစ္ခ်္မပါေတာ့မွ လီဗာပူးရဲ႕ခံစစ္စြမ္းေဆာင္ရည္ ပိုေကာင္းေန

လီဗာပူးအသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ ၅ ပြဲကစားၿပီးခ်ိန္မွာ ခ်န္ပီယံဘြဲ႕ကိုလက္လႊတ္ရမယ့္ အျဖစ္မ်ိဳးႀကဳံခဲ့ရပါတယ္။ ဒါကေတာ့ အဲဗာတန္နဲ႔ ၂-၂ သေရက်တဲ့ မာေဆးဆိုက္ဒ္ဒါဘီပြဲစဥ္မွာ အဓိကေနာက္ခံလူ ဗန္ဒစ္ခ်္တစ္ေယာက္ ၿပိဳင္ဘက္ဂိုးသမားပစ္ဖို႔ဒ္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ဒူးဒဏ္ရာျပင္းထန္စြာရရွိသြားတာပါဘဲ။ ဗန္ဒစ္ခ်္ ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီး ဒီရာသီတစ္ေလွ်ာက္လုံးနီးပါး အနားယူရဖြယ္ရွိေနသူပါ။ ေပါင္ ၇၅ သန္းတန္တဲ့ ဗန္ဒစ္ခ်္ ရဲ႕ဒဏ္ရာဟာ လီဗာပူးကိုအေျခအေနဆိုးေစခဲ့တယ္လို႔ သတ္မွတ္ေနခ်ိန္မွာ သူ႔တြဲဖက္ ဂ်ိဳးဂိုမက္ဇ္ကလည္း ေရရွည္အနားယူရမယ့္ ဒူးဒဏ္ရာထပ္ရသြားတာေၾကာင့္ လီဗာပူးနဲ႔သက္ဆိုင္သူအားလုံးကို စိတ္ဓါတ္က်ေစခဲ့ပါတယ္။

အားထားရတဲ့ အာႏိုးလ္ကလည္း ဒဏ္ရာေၾကာင့္ထပ္ၿပီးအနားယူခဲ့ရလို႔ လီဗာပူးကိုခ်န္ပီယံက်ိန္စာသင့္သြားတဲ့အသင္းလို႔ သတ္မွတ္ခဲ့ပါေသးတယ္။ ဒါေပမယ့္တကယ္တမ္းက်ေတာ့ လီဗာပူးအသင္းဟာ ဗန္ဒစ္ခ်္မပါ၊ လူမစုံေတာ့မွခံစစ္စြမ္းေဆာင္ရည္ပိုေကာင္းေနတယ္ဆိုတာ ေတြ႕ခဲ့ရပါတယ္။ ဗန္ဒစ္ခ်္ ဟာဒီရာသီ သူအနားမယူရခင္မွာ အသင္းအတြက္ ၈ ပြဲကစားခဲ့ၿပီး အဲဒီ ၈ ပြဲမွာေပးဂိုးက ၁၆ ဂိုးအထိရွိခဲ့လို႔ တစ္ပြဲကိုပ်မ္းမွ် ၂ ဂိုးႏႈန္းေပးခဲ့ရတာျဖစ္ပါတယ္။ ဗန္ဒစ္ခ်္ ကစားေနတုန္းမွာ လီဗာပူးဟာရာသီအဖြင့္ပြဲမွာ လိဒ္ကို ၃ ဂိုးေတာင္ေပးခဲ့ရၿပီး ၄-၃နဲ ႔ႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ဗီလာကိုလည္း အိမ္ကြင္းမွာ ၇-၂ နဲ႔ရႈံးခဲ့ပါတယ္။

ဒါေပမယ့္သူနားရၿပီးေနာက္ပိုင္းမွာ လီဗာပူးရဲ႕ခံစစ္စြမ္းရည္ တိုးတက္လာခဲ့တာကို ထူးျခားစြာေတြ႕ရပါတယ္။ နည္းျပ ဂ်ာဂင္ကေလာ့ပ္ဟာ ဒဏ္ရာမၾကာခဏရတတ္သူ ဂ်ိဳရယ္မာတစ္၊လူငယ္ေတြျဖစ္တဲ့ ႐ိုင္းဝီလ်ံ နဲ႔ နသန္နီရယ္ဖိလစ္ တို႔ကိုအားကိုးၿပီး ခံစစ္တည္ေဆာက္ခဲ့ရသလို ကြင္းလယ္လူျဖစ္တဲ့ ဖာဘင္ဟိုကလည္း ဗဟိုခံစစ္မႉးအျဖစ္ ကစားခဲ့ရေသးတာပါ။ ဒါေပမယ့္ ဖာဘင္ဟို ဟာႏိုဝင္ဘာလအတြင္းမွာ တံေကာက္ေၾကာဒဏ္ရာရခဲ့လို႔ လီဗာပူးရဲ႕ခံစစ္ဟာပုံေသကစားႏိုင္သူ ၄ ဦးကိုအတည္တက်မထားႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ လီဗာပူးဟာ ၁၁ ပြဲကစားခဲ့ရာမွာ ၆ ဂိုးသာေပးခဲ့ရလို႔ တစ္ပြဲပ်မ္းမွ် ၀.၅၅ ဂိုးႏႈန္းသာေပးခဲ့ရတဲ့အထိခံစစ္ ေကာင္းမြန္ခဲ့ပါတယ္။

သူတို႔ဟာ ခံစစ္ေကာင္းမြန္ခဲ့႐ုံတင္မကဘဲ ႏိုင္ပြဲလည္းမ်ားျပားခဲ့ၿပီး ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၈ ပြဲႏိုင္ခဲ့ၿပီး တစ္ပြဲသာရႈံးခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း တစ္ပြဲဘဲရႈံးခဲ့ၿပီး ၁၆ သင္းအဆင့္ကိုတက္သြားပါၿပီ။ ဗန္ဒစ္ခ်္ ကစားခဲ့စဥ္မွာေတာ့ ႏိုင္ပြဲက ၅၀ ရာခိုင္ႏႈန္းသာရွိခဲ့ၿပီး၈ ပြဲမွာ ၄ ပြဲႏိုင္၊ ၃ ပြဲသေရနဲ႔ တစ္ပြဲရႈံးခဲ့ပါတယ္။ ခံစစ္တိုးတက္လာရာမွာ လူငယ္ေတြအားကိုးခဲ့ရတာမွန္ေပမယ့္ မာတစ္နဲ႔ ဖာဘင္ဟိုတို႔အတြဲက ပိုၿပီးအဓိကက်ခဲ့တာပါ။ သူတို႔ႏွစ္ဦးဗဟိုခံစစ္မွာတြဲကစားခဲ့တဲ့ ၄ ပြဲမွာ လီဗာပူးဟာ တစ္ဂိုးေတာင္မေပးခဲ့ရဘူးလို႔လည္းသိရပါတယ္။