ဗန်ဒစ်ချ်ကို ပေါင်သန်း ၁၅၀ နဲ့ခေါ်ယူဖို့ ဂျူ ဗင်တပ်အသင်းစီစဉ်နေ

Photo-Internet
Photo-Internet

ဂျူ ဗင်တပ်အသင်းဟာ လီဗာပူးအသင်းနောက်ခံလူ ဗန်ဒစ်ချ်ကိုလာမယ့်နွေရာသီဈေးကွက်ထဲမှာပေါင်သန်း ၁၅၀ နဲ့ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဆောက်သမ်တန်ကနေ လီဗာပူးကိုပြောင်းလာတုန်းက ကမ္ဘာ့တန်ကြေးအမြင့်ဆုံးနောက်ခံလူ ဖြစ်ခဲ့သေးတဲ့ ဗန်ဒစ်ချ်အတွက် နောက်တစ်ကြိမ်ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဖြစ်ဖို့ အခွင့်အရေးရှိနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ နယ်သာလန်လက်ရွေးစင် ဗန်ဒစ်ချ်ဟာလီဗာပူးနဲ့အတူ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ရခဲ့မယ်ဆိုရင် အခြားနိုင်ငံတစ်ခုကိုထွက်ပြီး စိန်ခေါ်မှုအသစ်တွေရှာဖွေခြင်တဲ့ ဆန္ဒရှိလိမ့်မယ်လို့လည်း စီးရီးအေချန်ပီယံ ဂျူ ဗင်တပ်ဘက်ကယူဆနေပါတယ်။

Photo-Internet

သူဟ ၂၀၁၉ အတွင်းမှာ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကိုရရှိခဲ့ပြီးဖြစ်လို့ ပရီးမီးယားလိဂ်သာထပ်ရမယ်ဆိုရင် သူ့ကစားသမားဘဝမှာ ကလပ်အဆင့်အရေးပါတဲ့ ဆုဖလားအားလုံးကိုရရှိတော့မှာဖြစ်လို့ လီဗာပူးကထွက်ပြီး အတွေ့အကြုံအသစ်ရှာဖွေလိမ့်မယ်လို့လည်း ထင်နေကြပါတယ်။

Photo-Internet

ဂျူ ဗင်တပ်ဟာ စီရော်နယ်ဒိုကိုခေါ်ယူခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားရရှိဖို့အထိ ရည်မှန်းထားရာမှာ ဗန်ဒစ်ချ်လိုကမ္ဘာ့အကောင်းဆုံးနောက်ခံလူကိုသာ ခေါ်ယူနိုင်ခဲ့ရင် သူတို့ရဲ့ရည်မှန်းချက်ဖြစ်လာဖို့ ရှိနေတယ်လို့လည်း ယူဆနေပါတယ်။ ဗန်ဒစ်ချ်ကလည်း သူ့အနေနဲ့ အိပ်မက်ခဲ့သမျှပြီးပြည့်စုံဖို့အတွက် ဆန္ဒရှိနေတယ်လို့ ဝန်ခံခဲ့ဘူးပါတယ်။

Photo-Internet

ဗန်ဒစ်ချ်ဟာပြီးခဲ့တဲ့ရာသီတုန်းက PFA ရဲ့တစ်နှစ်တာအကောင်းဆုံးဆုနဲ့ ကစားသမားအချင်းချင်းကရွေးချယ်တဲ့ အကောင်းဆုံးဆုကိုပါ ရရှိခဲ့တဲ့အပြင် Ballon D’Or ဆုပေးပွဲမှာလည်း မက်ဆီရဲ့နောက်ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။

Photo-Internet

Zawgyi

ဗန်ဒစ်ခ်ျကို ပေါင်သန်း ၁၅၀ နဲ့ခေါ်ယူဖို့ ဂျူ ဗင်တပ်အသင်းစီစဉ်နေ

ဂျူ ဗင်တပ်အသင်းဟာ လီဗာပူးအသင်းနောက်ခံလူ ဗန်ဒစ်ခ်ျကိုလာမယ့်နွေရာသီဈေးကွက်ထဲမှာပေါင်သန်း ၁၅၀ နဲ့ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဆောက်သမ်တန်ကနေ လီဗာပူးကိုပြောင်းလာတုန်းက ကမ္ဘာ့တန်ကြေးအမြင့်ဆုံးနောက်ခံလူ ဖြစ်ခဲ့သေးတဲ့ ဗန်ဒစ်ခ်ျအတွက် နောက်တစ်ကြိမ်ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဖြစ်ဖို့ အခွင့်အရေးရှိနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ နယ်သာလန်လက်ရွေးစင် ဗန်ဒစ်ခ်ျဟာလီဗာပူးနဲ့အတူ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ရခဲ့မယ်ဆိုရင် အခြားနိုင်ငံတစ်ခုကိုထွက်ပြီး စိန်ခေါ်မှုအသစ်တွေရှာဖွေခြင်တဲ့ ဆန္ဒရှိလိမ့်မယ်လို့လည်း စီးရီးအေချန်ပီယံ ဂျူ ဗင်တပ်ဘက်ကယူဆနေပါတယ်။


ဂျူ ဗင်တပ်ဟာ စီရော်နယ်ဒိုကိုခေါ်ယူခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားရရှိဖို့အထိ ရည်မှန်းထားရာမှာ ဗန်ဒစ်ခ်ျလိုကမ္ဘာ့အကောင်းဆုံးနောက်ခံလူကိုသာ ခေါ်ယူနိုင်ခဲ့ရင် သူတို့ရဲ့ရည်မှန်းချက်ဖြစ်လာဖို့ ရှိနေတယ်လို့လည်း ယူဆနေပါတယ်။ ဗန်ဒစ်ခ်ျကလည်း သူ့အနေနဲ့ အိပ်မက်ခဲ့သမျှပြီးပြည့်စုံဖို့အတွက် ဆန္ဒရှိနေတယ်လို့ ၀န်ခံခဲ့ဘူးပါတယ်။

ဗန်ဒစ်ခ်ျဟာပြီးခဲ့တဲ့ရာသီတုန်းက PFA ရဲ့တစ်နှစ်တာအကောင်းဆုံးဆုနဲ့ ကစားသမားအချင်းချင်းကရွေးချယ်တဲ့ အကောင်းဆုံးဆုကိုပါ ရရှိခဲ့တဲ့အပြင် Ballon D’Or ဆုပေးပွဲမှာလည်း မက်ဆီရဲ့နောက်ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။