ဗန္ဒစ္ဂ်္ရဲ႕လိမ္ေခါက္မခံရတဲ့ကာလရွည္ပရီးမီးယားလိဂ္စံခ်ိန္ကို ေနာက္ဆုံးမွာ ပီပီခ်ိဳးလုိက္ၿပီ

photo-sky sports

photo-the sun

လီဗာပူးဟာ အိမ္ကြင္းအန္ဖီးလ္မွာ အာဆင္နယ္ကို ေျချပတ္ဂိုးျပတ္ခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔အဓိကေနာက္ခံလူဗန္ဒစ္ဂ်္ရဲ႕၀င့္ၾကြားစရာပရီးမီးယားလိဂ္စံခ်ိန္တစ္ခုကေတာ့ အာဆင္နယ္တိုက္စစ္မႈးပီပီရဲ႕ခ်ိဳးဖ်က္ျခင္းခံလုိက္ရပါတယ္။ အဲဒီပြဲမွာ အာဆင္နယ္နည္းျပအမ္မရီရဲ႕ဗ်ဴဟာအစီအစဥ္က ရွင္းပါတယ္။ ေျပးအားေကာင္းတဲ့ ပီပီနဲ႔အူအာမီယန္တုိ႔ကို ေတာင္ပံေတြမွာ ခြဲထြက္ေစၿပီး တိုက္စစ္အသားေပးလီဗာပူးအစြန္ေနာက္ခံလူေတြေနာက္က ေနရာလြတ္ကို အသုံးခ်ခိုင္းတာပါ။

photo-reuters

ပြဲအစ ၇ မိနစ္မွာပဲ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ဟာ ေနရာလြတ္ကို ကာဗာလုပ္ဖို႔ အေျပးလာေပမယ့္ ပီပီက သူ႔ကို လွည့္ထြက္ၿပီး ေက်ာ္ျဖတ္သြားခဲ့တာပါ။ ပရီးမီးယားလိဂ္မွာ ဒါမ်ိဳးမျမင္ရတာ ပြဲ ၅၀ ရွိသြားပါၿပီ။ အာဆင္နယ္ရဲ႕ၾကယ္ပြင့္သစ္က Ballond’Or ဆုအတြက္ ေရပန္းစားေနတဲ့ နာမည္ႀကီးေနာက္ခံလူတစ္ေယာက္ကို ေက်ာ္ျဖတ္ျပလိုက္တာပါ။

photo-gettyimages

ဗန္ဒစ္ဂ်္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ၂၀၁၈ မတ္လေနာက္ပိုင္း ပထဆုံးအႀကိမ္အျဖစ္ ၿပိဳင္ဘက္တစ္ေယာက္ရဲ႕လိမ္ေခါက္ေက်ာ္ျဖတ္ျခငး္ကိုခံခဲ့ရတာပါ။ သူဟာ အာဆင္နယ္နဲ႔ပြဲမတိုင္ခင္မွာ ပရီးမီးယားလိဂ္မွာ ပြဲ ၅၀ ဆက္ လိမ္ေခါက္ျခင္းမခံခဲ့ရတာလည္း ျဖစ္ပါတယ္။ ပီပီမတိုင္ခင္ ပရီးမီးယားလိဂ္မွာ ဗန္ဒစ္ဂ်္ကို ေနာက္ဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့သူဟာ နယူးကာဆယ္က မာရီႏိုျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ပီပီဟာ အဲဒီပြဲမွာ လီဗာပူးခံစစ္ကိုၿခိမး္ေျခာက္ႏိုင္ခဲ့ၿပီး သူ႔အသင္းကိုစတင္ဦးေဆာင္ႏုိင္ေစမယ့္ အပိုင္အခြင့္အေရးရခဲ့ေပမယ့္ ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းေတြ႕တာကို အသုံးမခ်ႏိုင္ခဲ့ပါဘူး။

[Unicode]

လီဗာပူးဟာ အိမ်ကွင်းအန်ဖီးလ်မှာ အာဆင်နယ်ကို ခြေပြတ်ဂိုးပြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အဓိကနောက်ခံလူဗန်ဒစ်ဂျ်ရဲ့ဝင့်ကြွားစရာပရီးမီးယားလိဂ်စံချိန်တစ်ခုကတော့ အာဆင်နယ်တိုက်စစ်မှုးပီပီရဲ့ချိုးဖျက်ခြင်းခံလိုက်ရပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်နည်းပြအမ်မရီရဲ့ဗျူဟာအစီအစဉ်က ရှင်းပါတယ်။ ပြေးအားကောင်းတဲ့ ပီပီနဲ့အူအာမီယန်တို့ကို တောင်ပံတွေမှာ ခွဲထွက်စေပြီး တိုက်စစ်အသားပေးလီဗာပူးအစွန်နောက်ခံလူတွေနောက်က နေရာလွတ်ကို အသုံးချခိုင်းတာပါ။

ပွဲအစ ၇ မိနစ်မှာပဲ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ဟာ နေရာလွတ်ကို ကာဗာလုပ်ဖို့ အပြေးလာပေမယ့် ပီပီက သူ့ကို လှည့်ထွက်ပြီး ကျော်ဖြတ်သွားခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ဒါမျိုးမမြင်ရတာ ပွဲ ၅၀ ရှိသွားပါပြီ။ အာဆင်နယ်ရဲ့ကြယ်ပွင့်သစ်က Ballond’Or ဆုအတွက် ရေပန်းစားနေတဲ့ နာမည်ကြီးနောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ပြလိုက်တာပါ။

ဗန်ဒစ်ဂျ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ၂၀၁၈ မတ်လနောက်ပိုင်း ပထဆုံးအကြိမ်အဖြစ် ပြိုင်ဘက်တစ်ယောက်ရဲ့လိမ်ခေါက်ကျော်ဖြတ်ခြင်းကိုခံခဲ့ရတာပါ။ သူဟာ အာဆင်နယ်နဲ့ပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ်မှာ ပွဲ ၅၀ ဆက် လိမ်ခေါက်ခြင်းမခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပီပီမတိုင်ခင် ပရီးမီးယားလိဂ်မှာ ဗန်ဒစ်ဂျ်ကို နောက်ဆုံးကျော်ဖြတ်နိုင်ခဲ့သူဟာ နယူးကာဆယ်က မာရီနိုဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ပီပီဟာ အဲဒီပွဲမှာ လီဗာပူးခံစစ်ကိုခြိမ်းခြောက်နိုင်ခဲ့ပြီး သူ့အသင်းကိုစတင်ဦးဆောင်နိုင်စေမယ့် အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးသမားနဲ့တစ်ယောက်ချင်းတွေ့တာကို အသုံးမချနိုင်ခဲ့ပါဘူး။