ဗင်းနစ်မြို့မှာ နစ်မြှုပ်ခဲ့ရပြန်တဲ့ ရိုးမားသင်္ဘောပျက်ကြီးရဲ့ မာလိန်မှူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရောမမြို့အခြေစိုက် ရိုးမားအသင်းရဲ့ ကျရှုံးမှုကတော့ တစ်ပတ်နဲ့တစ်ပတ်မရိုးနိုင်အောင်ပါပဲ။

အေစီမီလန်ကို ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာရှုံးခဲ့သလို ဒီတစ်ပတ်မှာလည်း တန်းတက်ဗီနီဇီယာကို ဒူးထောက်အရှုံးပေးရပြန်ပါပြီ။

ယူနိုက်တက် ကစားသမားဟောင်း ဆာဂျီရို ရိုမဲရိုရဲ့ ဗီနီဇီယာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ ရိုးမားအတွက် ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲမှာ ၄ပွဲမြောက်ရှုံးပွဲဖြစ်ပြီး

မော်ရင်ညိုရင်ဆိုင်နေရတဲ့ဖိအားနဲ့ ဝေဖန်မှုတွေကို မီးထိုးပေးသလိုလည်းဖြစ်စေခဲ့ပါတယ်။

အဲဒီ ၇ပွဲမှာ ရှားရှားပါးပါး ၁ပွဲသာနိုင်ခဲ့တာမို့ ရာသီအစ ပြိုင်ပွဲစုံ ၁၁ပွဲမှာ ၉ပွဲနိုင်ခဲ့တဲ့အသင်းမှဟုတ်ရဲ့လားလို့တောင် မေးခွန်းထုတ်စရာပါပဲ။

အင်တာမီလန်နဲ့အတူ မီလန်မြို့မှာ ဗိုလ်ဝင်ခံခဲ့ဖူးတဲ့ မော်ရင်ညိုအတွက်တော့ ရောမမြို့ဟာ အောင်မြေမဟုတ်ဘူးလို့ပဲဆိုရမှာပါ။

မော်ရင်ညိုဟာ ညစ်ကျယ် ကျယ်နိုင်ပြီး စကားဟောင်ဖွာဟောင်ဖွာပြောတတ်တဲ့သူ့စရိုက်အတိုင်း

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဒိုင်လူကြီးတွေနဲ့ အငြင်းပွားလိုက်၊ သတင်းထောက်တွေနဲ့ရန်ဖြစ်လိုက်၊ ကစားသမားတွေကိုအပြစ်ပြောလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တာပါ။

အခု ဗီနီဇီယာကိုရှုံးပြီးတော့လည်း ပင်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့သလို

ကစားသမားတွေရဲ့အားထုတ်မှု၊ အဆုံးသတ်မသေချာမှုနဲ့ခံစစ်အားနည်း မှုတွေကို ထပ်မံပြစ်တင်ပြောဆိုခဲ့ပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလိုရလဒ် တွေတောက်လျှောက်ဆိုးရွားနေခြင်းအတွက် မော်ရင်ညိုက တာဝန်အရှိဆုံးပါပဲ။

မော်ရင်ညိုကို Special One လို့တင်စားခေါ်ဝေါ်ခြင်းမပြုသင့်တော့ဘဲ ဗင်းနစ်မြို့မှာ

နစ်မြှုပ်ခဲ့ရပြန်တဲ့ ရိုးမားသင်္ဘောပျက်ကြီးရဲ့ မာလိန်မှူးလို့သာ ခေါ်ဆိုသင့်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗင္းနစ္ၿမိဳ႕မွာ နစ္ျမႇဳပ္ခဲ့ရျပန္တဲ့ ႐ိုးမားသေဘၤာပ်က္ႀကီးရဲ႕ မာလိန္မႉး

ေရာမၿမိဳ႕အေျခစိုက္ ႐ိုးမားအသင္းရဲ႕ က်ရႈံးမႈကေတာ့ တစ္ပတ္နဲ႔တစ္ပတ္မ႐ိုးႏိုင္ေအာင္ပါပဲ။

ေအစီမီလန္ကို ၿပီးခဲ့တဲ့အပတ္က အိမ္ကြင္းမွာရႈံးခဲ့သလို ဒီတစ္ပတ္မွာလည္း တန္းတက္ဗီနီဇီယာကို ဒူးေထာက္အရႈံးေပးရျပန္ပါၿပီ။

ယူႏိုက္တက္ ကစားသမားေဟာင္း ဆာဂ်ီရို ရိုမဲရိုရဲ႕ ဗီနီဇီယာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲဟာ ႐ိုးမားအတြက္ ၿပိဳင္ပြဲစုံေနာက္ဆုံး ၇ပြဲမွာ ၄ပြဲေျမာက္ရႈံးပြဲျဖစ္ၿပီး ေမာ္ရင္ညိဳရင္ဆိုင္ေနရတဲ့ဖိအားနဲ႔ ေဝဖန္မႈေတြကို မီးထိုးေပးသလိုလည္းျဖစ္ေစခဲ့ပါတယ္။

အဲဒီ ၇ပြဲမွာ ရွားရွားပါးပါး ၁ပြဲသာႏိုင္ခဲ့တာမို႔ ရာသီအစ ၿပိဳင္ပြဲစုံ ၁၁ပြဲမွာ ၉ပြဲႏိုင္ခဲ့တဲ့အသင္းမွဟုတ္ရဲ႕လားလို႔ေတာင္ ေမးခြန္းထုတ္စရာပါပဲ။

အင္တာမီလန္နဲ႔အတူ မီလန္ၿမိဳ႕မွာ ဗိုလ္ဝင္ခံခဲ့ဖူးတဲ့ ေမာ္ရင္ညိဳအတြက္ေတာ့ ေရာမၿမိဳ႕ဟာ ေအာင္ေျမမဟုတ္ဘူးလို႔ပဲဆိုရမွာပါ။

ေမာ္ရင္ညိဳဟာ ညစ္က်ယ္ က်ယ္ႏိုင္ၿပီး စကားေဟာင္ဖြာေဟာင္ဖြာေျပာတတ္တဲ့သူ႔စ႐ိုက္အတိုင္း ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဒိုင္လူႀကီးေတြနဲ႔ အျငင္းပြားလိုက္၊ သတင္းေထာက္ေတြနဲ႔ရန္ျဖစ္လိုက္၊ ကစားသမားေတြကိုအျပစ္ေျပာလိုက္နဲ႔ အလုပ္ရႈပ္ေနခဲ့တာပါ။

အခု ဗီနီဇီယာကိုရႈံးၿပီးေတာ့လည္း ပင္နယ္တီေပးခဲ့တဲ့ ကြင္းလယ္ဒိုင္ကို ေဝဖန္ခဲ့သလို ကစားသမားေတြရဲ႕အားထုတ္မႈ၊ အဆုံးသတ္မေသခ်ာမႈနဲ႔ခံစစ္အားနည္း မႈေတြကို ထပ္မံျပစ္တင္ေျပာဆိုခဲ့ျပန္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အခုလိုရလဒ္ ေတြေတာက္ေလွ်ာက္ဆိုး႐ြားေနျခင္းအတြက္ ေမာ္ရင္ညိဳက တာဝန္အရွိဆုံးပါပဲ။

ေမာ္ရင္ညိဳကို Special One လို႔တင္စားေခၚေဝၚျခင္းမျပဳသင့္ေတာ့ဘဲ ဗင္းနစ္ၿမိဳ႕မွာနစ္ျမႇဳပ္ခဲ့ရျပန္တဲ့ ႐ိုးမားသေဘၤာပ်က္ႀကီးရဲ႕ မာလိန္မႉးလို႔သာ ေခၚဆိုသင့္ပါတယ္။