
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မိန့်ဇ် – ယူနီယံဘာလင်
မိန့်ဇ်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်းရှုံးပွဲမရှိသေးဘဲ အိမ်ကွင်း ၃ ပွဲမှာ ၂ ပွဲအနိုင်ရထားကာ အံ့သြစရာကောင်းတာက အိမ်ကွင်းပေးဂိုးမရှိသေးတာပါ။
ယူနီယံဘာလင်ကတော့ ဒီရာသီဘွန်ဒက်စ်လီဂါ ၆ ပွဲမှာ ၃ ပွဲသရေကျထားကာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း စုစုပေါင်း ၁၄ ပွဲနဲ့ သရေပွဲအများဆုံးအသင်းဖြစ်ခဲ့တာပါ။
ဒါ့အပြင် ယူနီယံဘာလင်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ အဝေးကွင်းနိုင်ပွဲမရှိသေးကာ အိမ်ကွင်းခံစစ်မာတဲ့မိန့်ဇ်ကို ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ရမှာပါ။
ဂိုးပေါင်းဈေး ၃+၉၅ ကနေ ၂-၆၀ ကို ထိုးဆင်းသွားတဲ့အခုပွဲမှာ ဂိုးအောက်က ပိုသေချာမယ်ထင်တယ်။
ဘိုင်ယန်မြူးနစ် – ဖရန့်ဖတ်
ဘိုင်ယန်ရဲ့ပြိုင်ပွဲအရပ်ရပ်နောက်ဆုံးအိမ်ကွင်း ၃ ပွဲစလုံးမှာ ၁၇ ဂိုးသွင်းပြီး ပေးဂိုးမရှိခဲ့ပါဘူး။
ဒါကြောင့်လည်း ဒီရာသီရုန်းကန်နေရတဲ့ဖရန့်ဖတ်နဲ့အိမ်ကွင်းပွဲမှာ ၂-၁၀၀ ပေါက်နေတာပေါ့။
ဖရန့်ဖတ်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ အခုချိန်ထိနိုင်ပွဲမရသေးဘဲ နောက်ဆုံး ၅ ပွဲဆက်သရေကျထားကာ အန်ဒရီဆေးလ်ဗားမရှိတော့တဲ့နောက် တိုက်စစ်က တစ်ပွဲတစ်ဂိုးထက် ပိုသွင်းနိုင်ခြင်းမရှိဖြစ်နေတယ်။
ဒ့ါအပြင် ဖရန့်ဖတ်ဟာ ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်အိမ်ကွင်းသွားကစားတဲ့ နောက်ဆုံး ၃ ကြိမ်စလုံး ၅ ဂိုးစီးပေးခဲ့ရတယ်။
ဒါကြောင့် ဘယ်ဈေးပေါက်ပေါက် ဘိုင်ယန်ပါပဲ။
ဘီလီဖီးလ် – လေဗာကူဆင်
ဘီလီဖီးလ်ဟာ အခုချိန်ထိနိုင်ပွဲမရသေးမှုနဲ့အတူ တန်းဆင်းဇုန်ထဲရောက်နေတာပါ။
ဒါပေမဲ့ သူတို့ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်းရှုံးပွဲမရှိသေးဘဲ ကစားခဲ့တဲ့အိမ်ကွင်း ၃ ပွဲမှာ တစ်ဂိုးပဲ ပေးရပါသေးတယ်။
ကြားရက်ယူရိုပါလိဂ်နိုင်ပွဲကြောင့် လေဗာကူဆင်က ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ ပွဲဆက်နိုင်ထားပေမယ့် သူတို့မှာ ဒဏ်ရာနဲ့ပွဲပယ်ပြသနာတွေရှိနေပြီး ပွဲပန်းမှုလည်း ရှိနေနိုင်ပါတယ်။
ဘီလီဖီးလ်က အိမ်ကွင်းခံစစ်ပိတ်မှာဆိုတော့ ဂိုးအောက်က ပိုလှမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေညဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း (Super Zay)
မိန့်ဇ် – ယူနီယံဘာလင်
ဘီလီဖီးလ် – လေဗာကူဆင်