ဖောင်းဒိုင်း နဲ့ ပါးစပ်သိုင်းကွက်တွေ အရမ်းကျင့်ချင်ခဲ့တာကြောင့် Nike နဲ့ လမ်းခွဲရတဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေထဲမှာ နေမာကလည်း မခေပါဘူး။

လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ရေခဲတောင်ကြာပွင့် မစားဘဲ ခွန်အားတွေတိုး ဖောင်းဒိုင်း နဲ့ ပါးစပ်သိုင်းကွက်တွေ မတရား ကျင့်ချင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက နေမာဟာ Nike ဝန်ထမ်းတစ်ယောက်အပေါ် မကောင်းတာ အားထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ပါးစပ်နဲ့ မဖွယ်မရာ ဆက်ဆံဖို့ ကြံစည်တယ်လို့ နေမာတစ်ယောက် ပြောဆိုခံရတာဖြစ်ပြီး၊ အဲဒါကြောင့် နေမာ နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာ စာချုပ်တွေကို Nike ဘက်ကနေ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စဟာကုမ္ပဏီထံကို ၂၀၁၈ ခုနှစ်မှာမှ တင်ပြရောက်ရှိလာပါတယ်။

အရောင်းမြှင့်တင်ရေးပွဲပြုလုပ်နေစဉ်အတွင်း သူ နေထိုင်ရာ ဟိုတယ်မှာ နေမာဟာ Nike ကုမ္ပဏီက ဝန်ထမ်းကို သိုင်းကျင့်ဖို့ အတွက် အားထုတ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ သက်သေတွေက မရေရာသေးတာဖြစ်ကြောင်း Nike က ပြောဆိုထားပြီး ကုမ္ပဏီ ဘက်ကတော့စုံစမ်းမှုမှာ ပူးပေါင်းဖို့အတွက် ငြင်းဆိုခဲ့တဲ့ နေမာကိုအ ပြစ်တင်ထားပါတယ်။

“ဝန်ထမ်းဟာ သူမကြုံတွေ့ခဲ့ရတာကိုပြောပြခဲ့တာဖြစ်ပြီး Nike ရဲ့ အကြီးအကဲတွေကတော့ သူမရဲ့ပတ်ဝန်းကျင်မှာ လုံခြုံစိတ်ချရဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ကာ လက်ရှိ ဝန်ထမ်းနှင့် ဝန်ထမ်းဟောင်းတွေကလည်း သူတို့ရဲ့အတွေ့ အကြုံနဲ့ စိုးရိမ်မှုတွေကို တိုးတိုးတိတ်တိတ်ပြောနေကြတာဖြစ်ပါတယ်”

“အဲဒီအချိန်က Nike ဟာ စုံစမ်းဖို့အတွက် ပြင်ဆင်ခဲ့တာဖြစ်ပေမယ့်လည်း ဝန်ထမ်းရဲ့ အစပိုင်း စိတ်ခံစားချက်ကို လေးစားမှုရှိခဲ့တာကြောင့် လျှို့ဝှက်ခဲ့တာဖြစ်ကာ စုံစမ်းမှုမလုပ်ခဲ့တာဖြစ်ပါတယ်”

“Nike ဟာ သူမအတွက် ဥပဒေဆိုင်ရာအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိတဲ့အတွက် Nike ဟာ နေမာနှင့် ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်” ဆိုပြီး ကုမ္ပဏီဘက်က ပြောထားပါတယ်။

နေမာဟာ Nike နှင့် အသက် ၁၃ နှစ် အရွယ်ကတည်းက စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အတူပူးပေါင်းမှုကို မရပ်တန့်ခင် နေမာနှင့် Nike တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၂ခုနှစ်အထိဖြစ်ပါတယ်။

Nike နဲ့ လမ်းခွဲပြီးနောက် နေမာဟာ ပူးမားနဲ့ ပူးပေါင်းခဲ့ပါတယ်။

နေမာကတော့ စွပ်စွဲမှုတွေ အားလုံးကို ငြင်းဆန်ထားတယ်လို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi








