ဖောင်းဒိုင်းကျွေးချိန် အောက်မှာသာနေသင့်ကြောင်း စပါးအသင်းသားတွေကို ကွန်တီ အကြံပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီလူမျိုးနည်းပြဟာစပါးနည်းပြသစ်အဖြစ်၁၈လစာချုပ်ချုပ်ဆိုခဲ့ပြီး နောက် ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ စပါးကစားသမားများကိုကြီးကြပ်မှုပြုလုပ်ခဲ့ပြီး အကြံပြုစကားတွေဆိုခဲ့ပါတယ်။

ကွန်တီဟာသူ့ကစားသမားများကိုအိပ်ယာပေါ်မှာဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းအကြံပြုခဲ့ပါတယ်။

ကွန်တီက “ပွဲတွေအများကြီးကစားရတဲ့ ကာလတွေမှာကစားသမားတွေအနေနဲ့အိပ်ယာထက်မှာလိင်မှုကိစ္စကိုအကြာကြီးလုပ်ဖို့မသင့်တော်ပါဘူး။

အားစိုက်မှုနည်းနည်းလေးပဲလုပ်ရပါမယ်။အကောင်းဆုံးပုံစံကတော့ကိုယ့်ဆက်ဆံဖော်ကိုအပေါ်မှာနေစေတာပါ။

အဲဒါက ကိုယ့်ဇနီးနဲ့ဆိုရင်သူတို့အတွက်အကောင်းဆုံးပြီးပြည့်စုံတဲ့ပုံစံပါ။

ဒီနည်းကခင်ဗျားတို့အတွက် အားစိုက်မှုနည်းပါးစေပါတယ်”လို့ပြောကြားသွားပါတယ်။

ကွန်တီက စပါးအသင်းအတွက် ပရိသတ်တိုင်းကို ဆွဲဆောင်မှုအပြည့်ပေးနိုင်တဲ့ ကစားကွက်မျိုးပုံဖော်သွားမှာဖြစ်ကြောင်း ပြောထားတာရှိပါသေးတယ်။

“ကျွန်တော့်ရဲ့ နည်းစနစ်ပိုင်းဟာ တကယ့်ကိုရိုးရှင်းပါတယ်။

ဘောလုံးချစ်ပရိသတ်တွေကို ဆွဲဆောင်မှုအပြည့်ပေးနိုင်အောင် ပြင်းပြတဲ့စိတ်ဓါတ် နဲ့အကောင်းဆုံးကစားကွက်မျိုး ပုံဖော်သွားဖို့ပါပဲ။

အတက်အကျမရှိ တည်ငြိမ်တဲ့အသင်းမျိုးဖြစ်အောင် တည်ဆောက်သွားမှာပါ။”

“ပရိသတ်တွေအနေနဲ့ ကလည်း တစ်ခဲနက်အားပေးလို့ရမယ့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းမျိုးရှိဖို့ ထိုက်တန်ပါတယ်။

သူတို့တွေရဲ့ အားပေးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော့်ဘက်က အရာအားလုံးပေးဆပ်သွားမှာပါ။” လို့ ကွန်တီကပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဖာင္းဒိုင္းေကြၽးခ်ိန္ ေအာက္မွာသာေနသင့္ေၾကာင္း စပါးအသင္းသားေတြကို ကြန္တီ အႀကံျပဳ

အီတလီလူမ်ိဳးနည္းျပဟာစပါးနည္းျပသစ္အျဖစ္၁၈လစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေနာက္ ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာ စပါးကစားသမားမ်ားကိုႀကီးၾကပ္မႈျပဳလုပ္ခဲ့ၿပီး အႀကံျပဳစကားေတြဆိုခဲ့ပါတယ္။ကြန္တီဟာသူ႔ကစားသမားမ်ားကိုအိပ္ယာေပၚမွာဘယ္လိုျပဳမူေနထိုင္ရမယ္ဆိုတာနဲ႔ပတ္သက္ၿပီးေတာ့လည္းအႀကံျပဳခဲ့ပါတယ္။

ကြန္တီက “ပြဲေတြအမ်ားႀကီးကစားရတဲ့ ကာလေတြမွာကစားသမားေတြအေနနဲ႔အိပ္ယာထက္မွာလိင္မႈကိစၥကိုအၾကာႀကီးလုပ္ဖို႔မသင့္ေတာ္ပါဘူး။အားစိုက္မႈနည္းနည္းေလးပဲလုပ္ရပါမယ္။အေကာင္းဆုံးပုံစံကေတာ့ကိုယ့္ဆက္ဆံ​ေဖာ္ကိုအေပၚမွာေနေစတာပါ။ အဲဒါက ကိုယ့္ဇနီးနဲ႔ဆိုရင္သူတို႔အတြက္အေကာင္းဆုံးၿပီးျပည့္စုံတဲ့ပုံစံပါ။ဒီနည္းကခင္ဗ်ားတို႔အတြက္ အားစိုက္မႈနည္းပါးေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကြန္တီက စပါးအသင္းအတြက္ ပရိသတ္တိုင္းကို ဆြဲေဆာင္မႈအျပည့္ေပးႏိုင္တဲ့ ကစားကြက္မ်ိဳးပုံေဖာ္သြားမွာျဖစ္ေၾကာင္း ​ေျပာထားတာရွိပါ​ေသးတယ္။ “ကြၽန္ေတာ့္ရဲ႕ နည္းစနစ္ပိုင္းဟာ တကယ့္ကို႐ိုးရွင္းပါတယ္။ ေဘာလုံးခ်စ္ပရိသတ္ေတြကို ဆြဲေဆာင္မႈအျပည့္ေပးႏိုင္ေအာင္ ျပင္းျပတဲ့စိတ္ဓါတ္ နဲ႔အေကာင္းဆုံးကစားကြက္မ်ိဳး ပုံေဖာ္သြားဖို႔ပါပဲ။ အတက္အက်မရွိ တည္ၿငိမ္တဲ့အသင္းမ်ိဳးျဖစ္ေအာင္ တည္ေဆာက္သြားမွာပါ။”

“ပရိသတ္ေတြအေနနဲ႔ ကလည္း တစ္ခဲနက္အားေပးလို႔ရမယ့္ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အသင္းမ်ိဳးရွိဖို႔ ထိုက္တန္ပါတယ္။ သူတို႔ေတြရဲ႕ အားေပးမႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ကြၽန္ေတာ့္ဘက္က အရာအားလုံးေပးဆပ္သြားမွာပါ။”
လို႔ ကြန္တီက​ေျပာထားပါတယ္။