
photo-allfootball
photo-allfootball
မန်ယူကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ကြောင်း သိရပါတယ်။ အဲဒီပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ ရောက်လာပြီးနောက် ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကမှ မန်ယူအတွက် စတင်ပွဲဦးထွက်ခဲ့ပေမယ့် ချက်ချင်းလက်ငင်းအထိုင်ကျပြီး အထူးခြေစွမ်းပြကစားပေးနိုင်ခဲ့တာပါ။
photo-gettyimages
သူဟာ ဝုဗ်နဲ့ကစားခဲ့တဲ့ ပထမဆုံးပွဲမှာကတည်းက မန်ယူရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်ချဲလ်ဆီးနဲ့ သူ့ရဲ့ဒုတိယမြောက်ပွဲစဉ်မှာတော့ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ရာမှာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဝက်ဖို့ဒ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနိုင်ခဲ့ပြီး သူ့အတွက်စပယ်ရှယ်နေ့တစ်နေ့ဖြစ်ကြောင်းလည်း ဖာနန်ဒက်စ်က ဆိုခဲ့ပါတယ်။
photo-gettyimages
အခုတော့ ဖော်ဖော်ဝါရီလအတွင်း ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်မှုနဲ့အတူ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါပြီ။ ဒါကြောင့်လည်း သူ့ရဲ့ပရီးမီးယားလိဂ်တာထွက်လဟာ ပြီးပြည့်စုံခဲ့တယ်လို့ ဆိုရမှာပါ။ ဖာနန်ဒက်စ်ရောက်လာပြီးမှလည်း မန်ယူဟာ ကစာပုံကောင်းလာခဲ့ကာ ပြိုင်ပွဲအရပ်ရပ်ရှုံးပွဲမရှိခဲ့ပါဘူး။ သူဟာ ဒီတစ်လတာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ချဲလ်ဆီးက မားကို့စ်အလွန်ဆို၊ အာဆင်နယ်က အူဘာမီယန်၊ အဲဗာတန်က ကယ်လ်ဗတ်လီဝင်နဲ့ ဘန်လေက ဂိုးသမားနစ်ပုပ်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
[Zawgyi]
ေဖေဖာ္၀ါရီလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုကို ဖာနန္ဒက္စ္ရရွိ
မန္ယူကြင္းလယ္လူဘရူႏိုဖာနန္ဒက္္စ္ဟာ ေဖေဖာ္၀ါရီလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့ေၾကာင္း သိရပါတယ္။ အဲဒီေပၚတူဂီလက္ေရြးစင္ကြင္းလယ္လူဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ စပို႔တင္းလစၥဘြန္းကေန ေရာက္လာၿပီးေနာက္ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီ ၁ ရက္ေန႔ကမွ မန္ယူအတြက္ စတင္ပြဲဦးထြက္ခဲ့ေပမယ့္ ခ်က္ခ်င္းလက္ငင္းအထိုင္က်ၿပီး အထူးေျခစြမ္းျပကစားေပးႏိုင္ခဲ့တာပါ။
သူဟာ ၀ုဗ္နဲ႔ကစားခဲ့တဲ့ ပထမဆုံးပြဲမွာကတည္းက မန္ယူရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ၿပိဳင္ဘက္ခ်ဲလ္ဆီးနဲ႔ သူ႔ရဲ႕ဒုတိယေျမာက္ပြဲစဥ္မွာေတာ့ ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့ရာမွာ တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ ၀က္ဖို႔ဒ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးႏိုင္ခဲ့ၿပီး သူ႔အတြက္စပယ္ရွယ္ေန႔တစ္ေန႔ျဖစ္ေၾကာင္းလည္း ဖာနန္ဒက္စ္က ဆုိခဲ့ပါတယ္။
အခုေတာ့ ေဖာ္ေဖာ္၀ါရီလအတြင္း ၁ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္မႈနဲ႔အတူ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ရဲ႕တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါၿပီ။ ဒါေၾကာင့္လည္း သူ႔ရဲ႕ပရီးမီးယားလိဂ္တာထြက္လဟာ ၿပီးျပည့္စုံခဲ့တယ္လို႔ ဆိုရမွာပါ။ ဖာနန္ဒက္စ္ေရာက္လာၿပီးမွလည္း မန္ယူဟာ ကစာပုံေကာင္းလာခဲ့ကာ ၿပိဳင္ပြဲအရပ္ရပ္ရႈံးပြဲမရွိခဲ့ပါဘူး။ သူဟာ ဒီတစ္လတာ ပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ ခ်ဲလ္ဆီးက မားကို႔စ္အလြန္ဆုိ၊ အာဆင္နယ္က အူဘာမီယန္၊ အဲဗာတန္က ကယ္လ္ဗတ္လီ၀င္နဲ႔ ဘန္ေလက ဂိုးသမားနစ္ပုပ္တို႔နဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာပါ။