ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့တဲ့လီဝန်ဒေါစကီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ဂရူသာဖာ့သ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ဘွန်ဒစ်လီဂါပွဲစဉ်(၆)မှာ မိနစ်(၉၀)ပြည့်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့်

အသင်းအတွက်ပြိုင်ပွဲစုံ(၁၉)ပွဲဆက်ဂိုးသွင်းခဲ့တဲ့မှတ်တမ်းကောင်းရပ်တန့်သွားပြီဖြစ်သလို ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲစဉ်တစ်ပွဲမှာဂိုးပေါက်ပျောက်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက်ဂိုးတွေကို မူလာ၊ ကင်မစ်ချ်၊ ဂရီးစ်ဘက်ခ်(OG)တို့က သွင်းယူခဲ့ပြီး ပထမပိုင်းမိနစ်(၄၀)မှာ လီဝန်ဒေါစကီးရဲ့အပိုင်ကန်ချက် တိုင်ထိထွက်သွားတဲ့အတွက်လည်း နစ်နာခဲ့ရပါတယ်။

လီဝန်ဒေါစကီးဟာ အခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်တုန်းက ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် မက္ကဆီကိုကလပ် Tigres အသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက်

ဂိုးမသွင်းနိုင်ခဲ့ဘဲ အဲဒီနောက်ပိုင်း ဘွန်ဒစ်လီ၊ ဂျာမန်ဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ (၁၉)ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့ပြီး (၇)လကျော်အကြာမှ ပထမဆုံးအကြိမ် ဂိုးမသွင်းနိုင်ဖြစ်ခဲ့တာပါ။

ဒါ့အပြင် လီဝန်ဒေါစကီးဟာ ဖေဖော်ဝါရီလတုန်းက ဘီလီဖီးလ်အသင်းနဲ့(၃-၃)ဂိုးစီသရေကျခဲ့တဲ့ဘွန်ဒစ်လီဂါပွဲကစလို့ (၁၅)ပွဲဆက်ဂိုးသွင်းခဲ့ပြီး (၁၆)ပွဲမြောက်မှာ သူ့ရဲ့မှတ်တမ်းကောင်းက ရပ်တန့်ခဲ့ရပါပြီ။

တကယ်လို့ အခုဂရူသာဖာ့သ်နဲ့ပွဲမှာသာ ဂိုးသွင်းနိုင်ရင် ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားဂတ်မူလာတင်ရှိထားတဲ့ ဘွန်ဒစ်လီဂါ(၁၆)ပွဲဆက်ဂိုးသွင်းခဲ့တဲ့မှတ်တမ်းကို အမီလိုက်နိုင်မှာဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲလွဲချော်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း လီဝန်ဒေါစကီးဟာ ဒီရာသီမှာ စံချိန်မှတ်တမ်းကောင်းတွေစိုက်ထူနိုင်ခဲ့ပြီး ပွဲစဉ်(၃)မှာဟာသာဘာလင်အသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့တဲ့အတွက်

ဂတ်မူလာရဲ့ ပြိုင်ပွဲစုံမှာအသင်းအတွက်ပွဲဆက်အများဆုံးဂိုးသွင်းခဲ့တဲ့ပွဲအရေအတွက်စံချိန်ကို (၁၆)ပွဲနဲ့ချိုးဖျက်ခဲ့သလို ဘိုချမ်ကို(၇-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါအိမ်ကွင်းပွဲမှာ (၁)ဂိုးသွင်းယူခဲ့တာကြောင့် လိဂ်ပြိုင်ပွဲအိမ်ကွင်းပွဲဆက်အများဆုံးဂိုးသွင်းသူအဖြစ်

ဂတ်မူလာ(၁၂ပွဲ၊ အောက်တိုဘာ ၁၉၆၉ မှ ဧပြီ ၁၉၇၀)၊ ဂျက်ဟေးနက်စ်(၁၂ပွဲ၊ ဇွန် ၁၉၇၂ မှ ဖေဖော်ဝါရီ ၁၉၇၃)တို့ကို ကျော်ဖြတ်ပြီးတော့ (၁၃)ပွဲဆက်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဖေဖာ္ဝါရီလေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဘိုင္ယန္အသင္းအတြက္ ဂိုးမသြင္းႏိုင္ခဲ့တဲ့လီဝန္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္နာမည္ေက်ာ္တိုက္စစ္မႉးလီဝန္ေဒါစကီးဟာ ဂ႐ူသာဖာ့သ္အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ဘြန္ဒစ္လီဂါပြဲစဥ္(၆)မွာ မိနစ္(၉၀)ျပည့္ကစားခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ အသင္းအတြက္ၿပိဳင္ပြဲစုံ(၁၉)ပြဲဆက္ဂိုးသြင္းခဲ့တဲ့မွတ္တမ္းေကာင္းရပ္တန႔္သြားၿပီျဖစ္သလို ေဖေဖာ္ဝါရီလေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ပြဲစဥ္တစ္ပြဲမွာဂိုးေပါက္ေပ်ာက္ခဲ့တာပဲျဖစ္ပါတယ္။

အဲဒီပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ဂိုးေတြကို မူလာ၊ ကင္မစ္ခ်္၊ ဂရီးစ္ဘက္ခ္(OG)တို႔က သြင္းယူခဲ့ၿပီး ပထမပိုင္းမိနစ္(၄၀)မွာ လီဝန္ေဒါစကီးရဲ႕အပိုင္ကန္ခ်က္ တိုင္ထိထြက္သြားတဲ့အတြက္လည္း နစ္နာခဲ့ရပါတယ္။ လီဝန္ေဒါစကီးဟာ အခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁၁)ရက္တုန္းက ဖီဖာကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲအျဖစ္ မကၠဆီကိုကလပ္ Tigres အသင္းကိုအႏိုင္ရခဲ့တဲ့ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ဂိုးမသြင္းႏိုင္ခဲ့ဘဲ အဲဒီေနာက္ပိုင္း ဘြန္ဒစ္လီ၊ ဂ်ာမန္ဖလား၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ (၁၉)ပြဲဆက္တိုက္ဂိုးသြင္းယူခဲ့ၿပီး (၇)လေက်ာ္အၾကာမွ ပထမဆုံးအႀကိမ္ ဂိုးမသြင္းႏိုင္ျဖစ္ခဲ့တာပါ။

ဒါ့အျပင္ လီဝန္ေဒါစကီးဟာ ေဖေဖာ္ဝါရီလတုန္းက ဘီလီဖီးလ္အသင္းနဲ႔(၃-၃)ဂိုးစီသေရက်ခဲ့တဲ့ဘြန္ဒစ္လီဂါပြဲကစလို႔ (၁၅)ပြဲဆက္ဂိုးသြင္းခဲ့ၿပီး (၁၆)ပြဲေျမာက္မွာ သူ႔ရဲ႕မွတ္တမ္းေကာင္းက ရပ္တန႔္ခဲ့ရပါၿပီ။ တကယ္လို႔ အခုဂ႐ူသာဖာ့သ္နဲ႔ပြဲမွာသာ ဂိုးသြင္းႏိုင္ရင္ ဘိုင္ယန္ျမဴးနစ္ဂႏၴဝင္ကစားသမားဂတ္မူလာတင္ရွိထားတဲ့ ဘြန္ဒစ္လီဂါ(၁၆)ပြဲဆက္ဂိုးသြင္းခဲ့တဲ့မွတ္တမ္းကို အမီလိုက္ႏိုင္မွာျဖစ္ေပမယ့္ ကံဆိုးစြာနဲ႔ပဲလြဲေခ်ာ္ခဲ့ရပါတယ္။

ဒါေပမဲ့လည္း လီဝန္ေဒါစကီးဟာ ဒီရာသီမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြစိုက္ထူႏိုင္ခဲ့ၿပီး ပြဲစဥ္(၃)မွာဟာသာဘာလင္အသင္းဘက္ကို ဟက္ထရစ္သြင္းယူခဲ့တဲ့အတြက္ ဂတ္မူလာရဲ႕ ၿပိဳင္ပြဲစုံမွာအသင္းအတြက္ပြဲဆက္အမ်ားဆုံးဂိုးသြင္းခဲ့တဲ့ပြဲအေရအတြက္စံခ်ိန္ကို (၁၆)ပြဲနဲ႔ခ်ိဳးဖ်က္ခဲ့သလို ဘိုခ်မ္ကို(၇-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ဘြန္ဒစ္လီဂါအိမ္ကြင္းပြဲမွာ (၁)ဂိုးသြင္းယူခဲ့တာေၾကာင့္ လိဂ္ၿပိဳင္ပြဲအိမ္ကြင္းပြဲဆက္အမ်ားဆုံးဂိုးသြင္းသူအျဖစ္ ဂတ္မူလာ(၁၂ပြဲ၊ ေအာက္တိုဘာ ၁၉၆၉ မွ ဧၿပီ ၁၉၇၀)၊ ဂ်က္ေဟးနက္စ္(၁၂ပြဲ၊ ဇြန္ ၁၉၇၂ မွ ေဖေဖာ္ဝါရီ ၁၉၇၃)တို႔ကို ေက်ာ္ျဖတ္ၿပီးေတာ့ (၁၃)ပြဲဆက္စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။