ဖေဖေါ်ဝါရီအတွက် မန်ယူအသင်းရဲ့ တစ်လတာအကောင်းဆုံးဆုကို ဖာနန်ဒက်စ်ဆွတ်ခူး

Photo- Internet

မန်ယူအသင်းကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေပြောင်းလာပြီးတဲ့နောက် ဆက်တိုက်ဆိုသလိုခြေစွမ်းပြနေလို့ ဖေဖေါ်ဝါရီလအတွက် မန်ယူပရိသတ်တွေကမဲပေးရွေးချယ်တဲ့ တစ်လတာအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်နောက်ဆုံးရက်မှာ မန်ယူကိုရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဖေဖေါ်ဝါရီလအတွင်း မန်ယူအတွက် ၅ ပွဲကစားပေးခဲ့ရာမှာ ၂ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး မန်ယူကို ၇ ပွဲဆက်ရှုံးပွဲမရှိစေဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ သူဟာအဲဒီလအတွင် ကစားခဲ့တဲ့ပွဲတွေမှာ ပွဲစဉ်အလိုက်အကောင်းဆုံးဆုကို ၃ ပွဲအထိရရှိခဲ့ပြီးနောက် ပရိသတ်တွေရဲ့မဲပေးမှုမှာ ရာခိုင်နှုန်းအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။

Photo- Internet

မန်ယူရဲ့တရားဝင် App ကနေမဲပေးမှုအရ သူဟာမဲအရေအတွက် ၈၀% အထိရရှိခဲ့လို့ ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ မာရှယ်ထက် ၆၆ မဲပိုခဲ့ပါတယ်။ ဒီပြင်သစ်သားဟာ မဲအရေအတွက် ၁၄% ဘဲရခဲ့ပြီး နောက်ခံလူ လုခ်ရှောက ၆%သာရခဲ့ပါတယ်။ လုခ်ရှောဟာ ဖေဖေါ်ဝါရီအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ ၄ ပွဲအထိပေးဂိုးမရှိစေဖို့ ကူညီပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Photo- Internet

ဖာနန်ဒက်စ်ဟာ အဲဗာတန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းပြခဲ့ပြီး ချေပဂိုးကိုသူကဘဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူဟာမန်ယူအတွက် ၆ ပွဲကစားခဲ့ရာမှာ ၃ ဂိုးရရှိခဲ့ပြီဖြစ်ပါတယ်။ သူ့ခြေစွမ်းကြောင့် မန်ယူဟာပိုမိုတိုးတက်လာခဲ့တာကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ချီးကျူးမှုကိုလည်းခံခဲ့ရပါတယ်။

Photo- Internet

လက်ရှိမှာတော့ ဖာနန်ဒက်စ်ဟာ သူ့ခြေစွမ်းနဲ့ ဘောလုံးဖြန့်ဝေပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အချိန်တိုအတွင်းမှာ မန်ယူပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာခဲ့ပြီး အားပေးမှုအများအပြားရရှိနေသူဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi

ေဖေဖၚ၀ါရီအတြက္ မန္ယူအသင္းရဲ႕ တစ္လတာအေကာင္းဆုံးဆုကို ဖာနန္ဒက္စ္ဆြတ္ခူး

မန္ယူအသင္းကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းကေနေျပာင္းလာၿပီးတဲ႔ေနာက္ ဆက္တိုက္ဆိုသလိုေျခစြမ္းျပေနလို႔ ေဖေဖၚ၀ါရီလအတြက္ မန္ယူပရိသတ္ေတြကမဲေပးေရြးခ်ယ္တဲ႔ တစ္လတာအေကာင္းဆုံးဆုကို ဆြတ္ခူးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ သူဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီေစ်းကြက္ေနာက္ဆုံးရက္မွာ မန္ယူကိုေရာက္ရွိလာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေဖေဖၚ၀ါရီလအတြင္း မန္ယူအတြက္ ၅ ပြဲကစားေပးခဲ့ရာမွာ ၂ ဂိုးသြင္းကာ ၂ ဂိုးဖန္တီးေပးႏိုင္ခဲ့ၿပီး မန္ယူကို ၇ ပြဲဆက္ရႈံးပြဲမရွိေစဖို႔ ကူညီေပးႏိုင္ခဲ့ပါတယ္။ သူဟာအဲဒီလအတြင္ ကစားခဲ့တဲ႔ပြဲေတြမွာ ပြဲစဥ္အလိုက္အေကာင္းဆုံးဆုကို ၃ ပြဲအထိရရွိခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕မဲေပးမႈမွာ ရာခိုင္ႏႈန္းအမ်ားဆုံးရရွိခဲ့တာျဖစ္ပါတယ္။

မန္ယူရဲ႕တရား၀င္ App ကေနမဲေပးမႈအရ သူဟာမဲအေရအတြက္ ၈၀% အထိရရွိခဲ့လို႔ ဒုတိယမဲအမ်ားဆုံးရရွိခဲ့တဲ႔ မာရွယ္ထက္ ၆၆ မဲပိုခဲ့ပါတယ္။ ဒီျပင္သစ္သားဟာ မဲအေရအတြက္ ၁၄% ဘဲရခဲ့ၿပီး ေနာက္ခံလူ လုခ္ေရွာက ၆%သာရခဲ့ပါတယ္။ လုခ္ေရွာဟာ ေဖေဖၚ၀ါရီအတြင္း ကစားခဲ့တဲ႔ပြဲေတြမွာ ၄ ပြဲအထိေပးဂိုးမရွိေစဖို႔ ကူညီေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ အဲဗာတန္နဲ႔ ၁-၁ သေရက်ခဲ့တဲ႔ပြဲမွာလည္း ေျခစြမ္းျပခဲ့ၿပီး ေခ်ပဂိုးကိုသူကဘဲသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာမန္ယူအတြက္ ၆ ပြဲကစားခဲ့ရာမွာ ၃ ဂိုးရရွိခဲ့ၿပီျဖစ္ပါတယ္။ သူ႔ေျခစြမ္းေၾကာင့္ မန္ယူဟာပိုမိုတိုးတက္လာခဲ့တာေၾကာင့္ ေဘာလုံးေ၀ဖန္သုံးသပ္သူေတြရဲ႕ခ်ီးက်ဴးမႈကိုလည္းခံခဲ့ရပါတယ္။

လက္ရွိမွာေတာ႔ ဖာနန္ဒက္စ္ဟာ သူ႔ေျခစြမ္းနဲ႔ ေဘာလုံးျဖန္႔ေ၀ေပးႏိုင္တဲ႔ စြမ္းေဆာင္ရည္ေတြေၾကာင့္ အခ်ိန္တိုအတြင္းမွာ မန္ယူပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္လာခဲ့ၿပီး အားေပးမႈအမ်ားအျပားရရွိေနသူျဖစ္တယ္လို႔လည္း သိရပါတယ္။