ဖူလ္ဟမ္က အီလီေယာ႔ကို လီဗာပူးအသင္းေခၚယူဖို႔ နီးစပ္ေန

Photo- Daily Mail

လီဗာပူးအသင္းဟာ ဖူလ္ဟမ္ကြင္းလယ္လူ ဟာေဗးအီလဘီေယာ႔ကို ေခၚယူဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၁၆ ႏွစ္သာရွိေသးတဲ႔ အီလီေယာ႔ဟာ တန္းဆင္းသြားခဲ့ရတဲ႔ ဖူလ္ဟမ္မွာမေနလိုေတာ႔ဘဲ ပရီးမီးယားလိဂ္မွာသာဆက္ကစားလိုေနသူပါ။

အီလီေယာ႔ဟာၿပီးခဲ့တဲ႔ ေမလက ဖူလ္ဟမ္အတြက္လူစား၀င္ကစားၿပီးေနာက္ ပရီးမီးယားလိဂ္သမိုင္းမွာအသင္းႀကီးအတြက္ အသက္အငယ္ဆုံးကစားသူအျဖစ္လည္းမွတ္တမ္း၀င္ခဲ့ပါတယ္။ အဲဒီတုန္းက သူ႔အသက္ဟာ ၁၆ ႏွစ္နဲ႔ ၃၀ ရက္ဘဲရွိေသးတာပါ။ အဂၤလန္လူငယ္ျဖစ္တဲ႔ အီလီေယာ႔ဟာ အသက္ ၁၇ ႏွစ္မျပည့္ေသးလို႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ေတာ႔ ခ်ဳပ္ရေသးသူမဟုတ္ပါဘူး။

လက္ရွိမွာသူဟာ ဖူလ္ဟမ္မွာေဘာလုံးပညာသင္အျဖစ္သာကစားေနသူျဖစ္ၿပီး သူ႔ကိုဆက္ေနဖို႔ကမး္လွမ္းထားေပမယ္႔ ခ်န္ပီယံရွစ္မွာမကစားလိုတာေၾကာင့္ အသင္းေျပာင္းဖို႔ စီစဥ္ထားတာပါ။ လီဗာပူးဟာသူ႔အတြက္ ေျပာင္းေရႊ႕ေၾကးေပးရမွာ မဟုတ္ေပမယ္႔ ေလ်ာ္ေၾကးေတာ႔ေပးရမွာျဖစ္ၿပီး အနည္းဆုံေပါင္ ၁ သန္းေလာက္အထိရွိႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။

 

Photo- BBC

 

လီဗာပူးအေနနဲ႔ အီလီေယာ႔ကိုေခၚယူၿပီးရင္ သူအသက္ ၁၇ ႏွစ္ျပည့္မယ္႔လာမယ္႔ဧၿပီလအထိေစာင့္ဆိုင္းၿပီးမွာ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္မွာျဖစ္ပါတယ္။ လီဗာပူးဟာ ဒီေႏြရာသီမွာအနာဂတ္အတြက္ရည္ရြယ္ၿပီးသာ ကစားသမားေတြကိုေခၚယူေနၿပီးမၾကာေသးခင္ကလည္း နယ္သာလန္ကလပ္ ဇ၀ိုလီအသင္းကအသက္ ၁၇ ႏွစ္သာရွိေသးတဲ႔ ေနာက္ခံဘူ ဗန္ဒန္ဘာ႔ဂ္ကိုေပါင္ ၁.၇ သန္းနဲ႔ေခၚယူထားပါတယ္။

Photo- Google

ဒါေၾကာင့္ အီလီေယာ႔ဟာ ဒီေႏြရာသီမွာလီဗာပူးကိုေရာက္လာတဲ႔ ဒုတိယေျမာက္ကစားသမားသစ္လည္းျဖစ္လာမွာပါ။ ဖူလ္ဟမ္ဟာ မၾကာေသးခင္ႏွစ္ေတြက လူငယ္ကစားသမားေကာင္းေတြကို ေမြးထုတ္ေပးႏိုင္ခဲ့ၿပီး မန္စီးတီးကိုေရာက္သြားတဲ႔ ပက္ထရစ္ေရာဘတ္၊ လက္ရွိကစားေနတဲ႔ ဆက္ဆီႏြန္တို႔ဟာ နာမည္ေက်ာ္ၾကားလာသူေတြျဖစ္ပါတယ္။

Unicode

ဖူလ်ဟမ်က အီလီယော့ကို လီဗာပူးအသင်းခေါ်ယူဖို့ နီးစပ်နေ
လီဗာပူးအသင်းဟာ ဖူလ်ဟမ်ကွင်းလယ်လူ ဟာဗေးအီလဘီယော့ကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အသက် ၁၆ နှစ်သာရှိသေးတဲ့ အီလီယော့ဟာ တန်းဆင်းသွားခဲ့ရတဲ့ ဖူလ်ဟမ်မှာမနေလိုတော့ဘဲ ပရီးမီးယားလိဂ်မှာသာဆက်ကစားလိုနေသူပါ။

အီလီယော့ဟာပြီးခဲ့တဲ့ မေလက ဖူလ်ဟမ်အတွက်လူစားဝင်ကစားပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာအသင်းကြီးအတွက် အသက်အငယ်ဆုံးကစားသူအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၁၆ နှစ်နဲ့ ၃၀ ရက်ဘဲရှိသေးတာပါ။ အင်္ဂလန်လူငယ်ဖြစ်တဲ့ အီလီယော့ဟာ အသက် ၁၇ နှစ်မပြည့်သေးလို့ ပရော်ဖက်ရှင်နယ်စာချုပ်တော့ ချုပ်ရသေးသူမဟုတ်ပါဘူး။

လက်ရှိမှာသူဟာ ဖူလ်ဟမ်မှာဘောလုံးပညာသင်အဖြစ်သာကစားနေသူဖြစ်ပြီး သူ့ကိုဆက်နေဖို့ကမ်းလှမ်းထားပေမယ့် ချန်ပီယံရှစ်မှာမကစားလိုတာကြောင့် အသင်းပြောင်းဖို့ စီစဉ်ထားတာပါ။ လီဗာပူးဟာသူ့အတွက် ပြောင်းရွှေ့ကြေးပေးရမှာ မဟုတ်ပေမယ့် လျော်ကြေးတော့ပေးရမှာဖြစ်ပြီး အနည်းဆုံပေါင် ၁ သန်းလောက်အထိရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

လီဗာပူးအနေနဲ့ အီလီယော့ကိုခေါ်ယူပြီးရင် သူအသက် ၁၇ နှစ်ပြည့်မယ့်လာမယ့်ဧပြီလအထိစောင့်ဆိုင်းပြီးမှာ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။ လီဗာပူးဟာ ဒီနွေရာသီမှာအနာဂတ်အတွက်ရည်ရွယ်ပြီးသာ ကစားသမားတွေကိုခေါ်ယူနေပြီးမကြာသေးခင်ကလည်း နယ်သာလန်ကလပ် ဇဝိုလီအသင်းကအသက် ၁၇ နှစ်သာရှိသေးတဲ့ နောက်ခံဘူ ဗန်ဒန်ဘာ့ဂ်ကိုပေါင် ၁.၇ သန်းနဲ့ခေါ်ယူထားပါတယ်။

ဒါကြောင့် အီလီယော့ဟာ ဒီနွေရာသီမှာလီဗာပူးကိုရောက်လာတဲ့ ဒုတိယမြောက်ကစားသမားသစ်လည်းဖြစ်လာမှာပါ။ ဖူလ်ဟမ်ဟာ မကြာသေးခင်နှစ်တွေက လူငယ်ကစားသမားကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး မန်စီးတီးကိုရောက်သွားတဲ့ ပက်ထရစ်ရောဘတ်၊ လက်ရှိကစားနေတဲ့ ဆက်ဆီနွန်တို့ဟာ နာမည်ကျော်ကြားလာသူတွေဖြစ်ပါတယ်။