ဖီးလ်ဂျူံးစ်ဟာ ယူနိုက်တက်ရဲ့ အကြီးကျယ်ဆုံး ဂန္တဝင်၁ဦး ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ဖူးတဲ့ ဖာဂူဆန်

ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က နောက်ခံလူ ဖီးလ်ဂျူံးစ်ဟာ ယူနိုက်တက်ရဲ့ အကြီးအကျယ်ဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဂျုံးစ်ဟာ ယူနိုက်တက်ကို ပေါင် ၁၆.၅သန်းနဲ့ ရောက်ာလာခဲ့ပြီးနောက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး အားလုံးက မျှော်လင့်ချက် ကြီးမားခဲ့ကြပါတယ်။

ဖာဂူဆန် ဖီးလ်ဂျုံးစ်အပေါ် ချီးကျူးခဲ့တဲ့ စကားကတော့ ယခုအချိန်မှာ အခြား ပရိသတ်တွေ လှောင်ရယ်စရာ ကိစ္စတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဖာဂူဆန်က “ဂျုံးစ်ရဲ့ အမြင်နဲ့ဆိုရင် သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ပါတယ်။ ကျွန်တာ်တို့ သူ့ကို ဘယ်နေရာ ထားကစား ကစား သူက အကောင်းဆုံး ကစားသမား ဖြစ်လာမှာပါ။ အသက် ၂၁နှစ်နဲ့ သူ တကယ့်ကို ကစားသမားကောင်း တစ်ယောက် ဖြစ်လာမှာပါ။ သူ့မှာ ပွဲကို ဖတ်တတ်မှုတွေ၊ အာရုံစိုက်မှုတွေနဲ့ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေပါတယ်”လို့ ပြောခဲ့တာပါ။

ယခုနှစ်တွေအတွင်းမှာတော့ ဖီးလ်ဂျုံးစ်တစ်ယောက် ခြေစွမ်းတွေ ကျဆင်းလာခဲ့ပြီး အမှားတွေ ဆက်တိုက် ကျူးလွန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာလည်း ဒီဘရိုင်းရဲ့ လိမ်ခေါက်မှုကြောင့် ဂျုံးစ် ဖင်ထိုင်လျက်ကြီး လဲကျခဲ့ကာ တတိယဂိုး ပေးခဲရပါတယ်။ ဒါကြောင့် ဖီးလ်ဂျုံးစ်တစ်ယောက် အနာဂတ်မှာ ပရိသတ်တွေရဲ့ လှောင်ရယ်စရာ အဖြစ်ကနေ လွတ်မြောက်အောင် ကြိုးစားသွားမလား ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတော့တယ်။