ဖီးလ်ဂျုံးစ်ကို ဘောလုံးသမားဘဝကနေအနားယူချင်စိတ်ပေါက်သွားအောင် အရူးလုပ်ခဲ့တဲ့ အာဆင်နယ်လူငယ်ကစားသမားလေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ယူ-၂၃ ကစားသမားလေး ချာလီပါတီနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဝါရင့်နောက်ခံလူကြီးဖီးလ်ဂျုံးစ်ကို အရူးလုပ်လှည့်စားခဲ့ပြီး စီနီယာဂိုးသမားဖြစ်တဲ့ဟန်ဒါဆင်ကိုပါ ကျော်ဖြတ်ပြီးတော့ ဂိုးသွင်းခဲ့တဲ့ရုပ်သံဖိုင်က လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားနေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်လောက်က အာဆင်နယ်ယူ-၂၃ နဲ့ ယူနိုက်တက်ယူ-၂၃အသင်းတို့ကစားခဲ့တဲ့ လူငယ်လိဂ်ပွဲစဉ်မှာ ဒဏ်ရာကပြန်သက်သာလာတဲ့ဖီးလ်ဂျုံးစ်နဲ့ ဂိုးသမားဟန်ဒါဆင်တို့ဟာ

ယူနိုက်တက်ယူ-၂၃အသင်းအတွက် ပါဝင်ကစားခဲ့ပြီး အဲဒီပွဲမှာ ပါတီနိုက သူ့ထက်ဝါရင့်တဲ့ကစားသမားနှစ်ဦးကို အနိုင်ယူပြခဲ့တာပဲဖြစ်ပါတယ်။

အသက်(၁၇)နှစ်အရွယ်သာရှိသေးတဲ့ ပါတီနိုဟာ တစ်ချိန်က အာဆင်နယ်နာမည်ကျော်ကစားသမားဟောင်း ဝဲလ်ရှိုင်းယားနဲ့ကစားပုံဆင်တူတယ်လို့ သတ်မှတ်ခံထားရပြီး အနာဂတ်မှာ အသင်းအတွက်အားထားရမယ့်ကစားသမားတစ်ဦးအဖြစ် မီဒီယာတွေက သတ်မှတ်ခဲ့ကြပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းမှာကစားတာ ဆယ်စုနှစ်တစ်ခုအထိကြာမြင့်သွားပြီဖြစ်ပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အသင်းအတွက်

၂၀၂၀၊ ဇန်နဝါရီလတုန်းက နောက်ဆုံးပါဝင်ကစားခဲ့ပြီးကတည်းက အခုအချိန်အထိ တစ်ပွဲမှမကစားရသေးပါဘူး။

ဒီရာသီအစမှာ ကြံ့ခိုင်မှုပြည့်ဝလာတဲ့အတွက် အာဆင်နယ်လူငယ်အသင်းနဲ့ပွဲမှာ ယူနိုက်တက်ယူ-၂၃အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ချိန်မှာပဲ ပါတီနိုကြောင့် အရှက်တွဲဖြစ်ခဲ့ရတာပါ။

အဲဒီပွဲမှာ ပါတီနိုက ယူနိုက်တက်ကစားသမား Martin Svidersky ဆီကနေ ဘောလုံးလုယူပြီးတော့ ဖီးလ်ဂျုံးစ်နဲ့ မန်ဂီတို့ကို ဖြတ်ကျော်ပြီး ဟန်ဒါဆင် ဘာမှမလုပ်နိုင်ခင်မှာဘဲ ဘောလုံးကို အသာအယာ Chip နဲ့ကန်သွင်းယူခဲ့ပါတယ်။

ပါတီနိုရဲ့စွမ်းဆောင်ရည်ကို အာဆင်နယ်ပရိသတ်တွေက ချီးကျူးနေကြပြီး အာဆင်နယ်စီနီယာအသင်းမှာအသုံးပြုဖို့ တောင်းဆိုနေကြပြီလည်းဖြစ်ပါတယ်။

အဲဒီပွဲမှာ အာဆင်နယ်ယူ-၂၃အသင်းက ဘယ်လိုဂန်(၂ဂိုး)၊ ပါတီနိုတို့ ဂိုးသွင်းယူခဲ့ပြီး ယူနိုက်တက်ယူ-၂၃အသင်းအတွက် ရှိုရီတီယာက ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့တာကြောင့် (၃-၁)ဂိုးရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖီးလ္ဂ်ဳံးစ္ကို ေဘာလုံးသမားဘဝကေနအနားယူခ်င္စိတ္ေပါက္သြားေအာင္ အ႐ူးလုပ္ခဲ့တဲ့ အာဆင္နယ္လူငယ္ကစားသမားေလး

အာဆင္နယ္ယူ-၂၃ ကစားသမားေလး ခ်ာလီပါတီႏိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ဝါရင့္ေနာက္ခံလူႀကီးဖီးလ္ဂ်ဳံးစ္ကို အ႐ူးလုပ္လွည့္စားခဲ့ၿပီး စီနီယာဂိုးသမားျဖစ္တဲ့ဟန္ဒါဆင္ကိုပါ ေက်ာ္ျဖတ္ၿပီးေတာ့ ဂိုးသြင္းခဲ့တဲ့႐ုပ္သံဖိုင္က လူမႈကြန္ရက္ေတြေပၚမွာ ေရပန္းစားေနပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ေလာက္က အာဆင္နယ္ယူ-၂၃ နဲ႔ ယူႏိုက္တက္ယူ-၂၃အသင္းတို႔ကစားခဲ့တဲ့ လူငယ္လိဂ္ပြဲစဥ္မွာ ဒဏ္ရာကျပန္သက္သာလာတဲ့ဖီးလ္ဂ်ဳံးစ္နဲ႔ ဂိုးသမားဟန္ဒါဆင္တို႔ဟာ ယူႏိုက္တက္ယူ-၂၃အသင္းအတြက္ ပါဝင္ကစားခဲ့ၿပီး အဲဒီပြဲမွာ ပါတီႏိုက သူ႔ထက္ဝါရင့္တဲ့ကစားသမားႏွစ္ဦးကို အႏိုင္ယူျပခဲ့တာပဲျဖစ္ပါတယ္။

အသက္(၁၇)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ပါတီႏိုဟာ တစ္ခ်ိန္က အာဆင္နယ္နာမည္ေက်ာ္ကစားသမားေဟာင္း ဝဲလ္ရႈိင္းယားနဲ႔ကစားပုံဆင္တူတယ္လို႔ သတ္မွတ္ခံထားရၿပီး အနာဂတ္မွာ အသင္းအတြက္အားထားရမယ့္ကစားသမားတစ္ဦးအျဖစ္ မီဒီယာေတြက သတ္မွတ္ခဲ့ၾကပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဖီးလ္ဂ်ဳံးစ္ဟာ ယူႏိုက္တက္အသင္းမွာကစားတာ ဆယ္စုႏွစ္တစ္ခုအထိၾကာျမင့္သြားၿပီျဖစ္ေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရသလို အသင္းအတြက္ ၂၀၂၀၊ ဇန္နဝါရီလတုန္းက ေနာက္ဆုံးပါဝင္ကစားခဲ့ၿပီးကတည္းက အခုအခ်ိန္အထိ တစ္ပြဲမွမကစားရေသးပါဘူး။ ဒီရာသီအစမွာ ႀကံ့ခိုင္မႈျပည့္ဝလာတဲ့အတြက္ အာဆင္နယ္လူငယ္အသင္းနဲ႔ပြဲမွာ ယူႏိုက္တက္ယူ-၂၃အသင္းအတြက္ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ခ်ိန္မွာပဲ ပါတီႏိုေၾကာင့္ အရွက္တြဲျဖစ္ခဲ့ရတာပါ။

အဲဒီပြဲမွာ ပါတီႏိုက ယူႏိုက္တက္ကစားသမား Martin Svidersky ဆီကေန ေဘာလုံးလုယူၿပီးေတာ့ ဖီးလ္ဂ်ဳံးစ္နဲ႔ မန္ဂီတို႔ကို ျဖတ္ေက်ာ္ၿပီး ဟန္ဒါဆင္ ဘာမွမလုပ္ႏိုင္ခင္မွာဘဲ ေဘာလုံးကို အသာအယာ Chip နဲ႔ကန္သြင္းယူခဲ့ပါတယ္။ ပါတီႏိုရဲ႕စြမ္းေဆာင္ရည္ကို အာဆင္နယ္ပရိသတ္ေတြက ခ်ီးက်ဴးေနၾကၿပီး အာဆင္နယ္စီနီယာအသင္းမွာအသုံးျပဳဖို႔ ေတာင္းဆိုေနၾကၿပီလည္းျဖစ္ပါတယ္။ အဲဒီပြဲမွာ အာဆင္နယ္ယူ-၂၃အသင္းက ဘယ္လိုဂန္(၂ဂိုး)၊ ပါတီႏိုတို႔ ဂိုးသြင္းယူခဲ့ၿပီး ယူႏိုက္တက္ယူ-၂၃အသင္းအတြက္ ရႈိရီတီယာက ေခ်ပဂိုးတစ္ဂိုးျပန္သြင္းခဲ့တာေၾကာင့္ (၃-၁)ဂိုးရလဒ္နဲ႔အႏိုင္ရခဲ့ပါတယ္။