ဖီဖာအေကာင္းဆုံးဆုအတြက္ ဆန္ခါတင္၁၀ဦးစာရင္းမွာေတာင္ ဘာနာဒိုမပါ၀င္လုိ႔ ပရိသတ္ေတြ ေပါက္ကြဲေန

Photo Credit

Photo Credit ; PA

ေဘာလုံးပရိသတ္အမ်ားစုဟာ ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္ ၁၀ဦးစာရင္းမွာေတာင္ စီးတီးေတာင္ပံကစားသမား ဘာနာဒိုေဆးလ္ဗား ပါ၀င္မလာလုိ႔ အံ့အားသင့္ေပါက္ကြဲလ်က္ရွိေၾကာင္း သိရပါတယ္။ ဖီဖာက ထုတ္ျပန္လုိက္တဲ့ဆန္ခါတင္ ၁၀ဦးစာရင္းမွာ ကလပ္အသင္းေတြအနက္ လီဗာပူးက အမ်ားဆုံးပါ၀င္မႈအျဖစ္ ေနာက္ခံလူ ဗန္ဒုိက္၊ ေတာင္ပံတုိက္စစ္မွဴးေတြျဖစ္တဲ့ မာေနးနဲ႔ ဆာလာတု႔ိ ပါ၀င္လာၿပီး ေရာ္နယ္ဒို၊ မက္ဆီ၊ မက္ပီ၊ ဟယ္ရီကိန္း၊ ဒီေဂ်ာင္၊ ဒီလစ္ခ်္နဲ႔ ဟာဇက္တုိ႔လည္း ေရြးခ်ယ္ျခင္းခံခ့ဲရပါတယ္။

Photo Credit

ဒါေပမဲ့ ၿပီးခ့ဲတဲ့ရာသီအတြင္း စီးတီးနဲ႔ေပၚတူဂီအသင္းတုိ႔အတြက္ အထူးေျခစြမ္းျပႏုိင္ခဲ့တဲ့ ဘာနာဒိုေဆးလ္ဗားမပါ၀င္ျခင္းက ပရိသတ္ေတြကို အ့ံအားသင့္ေစခဲ့ၿပီး ဒီအတြက္ေၾကာင့္ပဲ ပရိသတ္ေတြက လူမႈမီဒီယာမွာ သူတို႔ရဲ႕ခံစားခ်က္ေတြကို အသီးသီးေရးတင္ခဲ့ၾကပါတယ္။ ဘာနာဒိုေဆးလ္ဗားဟာ ၂၀၁၈-၁၉ ရာသီက ဆုဖလားအမ်ားအျပားရရွိခ့ဲၿပီး စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားနဲ႔ လိဂ္ဖလားေတြရယူႏိုင္ခဲ့သလို ပထမဆုံးအႀကိမ္က်င္းပခဲ့တဲ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း ေပၚတူဂီအသင္းနဲ႔အတူ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

အသက္ ၂၄ႏွစ္အရြယ္ရွိ မုိနာကိုကစားသမားေဟာင္း ေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ရာသီက စီးတီးအတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈ ၃၁ဂိုးအထိပါ၀င္ပတ္သက္ခဲ့ၿပီး ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း အေကာင္းဆုံးကစားသမားဆုရရွိခဲ့ပါတယ္။ တခ်ိဳ႕ပရိသတ္ေတြက စပါးနဲ႔အဂၤလန္တုိက္စစ္မွဴး ဟယ္ရီကိန္းနဲ႔ ဘာနာဒိုေဆးလ္ဗားကို ႏိႈင္းယွဥ္ခဲ့ၾကပါတယ္။ ”ဘာနာဒိုေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ရာသီက ေဘာလုံးမဟုတ္တဲ့တျခားအားကစားနည္းမွာ ကစားခဲ့တာပဲျဖစ္ရမယ္”လုိ႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

Photo Credit 

ဘာနာဒိုေဆးလ္ဗား
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေနပါ၀င္ခဲ့
လိဂ္ဖလားခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေနပါ၀င္ခဲ့
အက္ဖ္ေအဖလားခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေနပါ၀င္ခဲ့
ေနးရွင္းလိဂ္ခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေနပါ၀င္ခဲ့

ဟယ္ရီကိန္း
ပရီးမီးယားလိဂ္အဆင့္ ၄ရခဲ့ရာမွာ ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ခဲ့ရ
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအမ်ားစုမွာ ဒဏ္ရာရခဲ့ၿပီး ဗိုလ္လုပြဲမွာလည္း ကစားပုံဆုိးရြားခဲ့
အက္ဖ္ေအဖလားမွာ ၁ပြဲကစားခဲ့
လိဂ္ဖလားမွာ ၂ပဲြကစားခ့ဲ
ဟယ္ရီကိန္းက ဆန္ခါတင္စာရင္းမွာ ပါ၀င္လာခ်ိန္ ဘာနာဒိုေဆးလ္ဗားကေတာ့ မပါ၀င္ခဲ့။

Photo Credit ; Getty Images

ပရိသတ္တခ်ိဳ႕ကလည္း လီဗာပူးဂိုးသမားအဲလစ္ဆန္နဲ႔ ဘာနာဒိုေဆးလ္ဗားတုိ႔ ခ်န္လွပ္ခံရတာကို ေထာက္ျပေ၀ဖန္ခဲ့ပါတယ္။
အဲလစ္ဆန္
-ပရီးမီးယားလိဂ္ေရႊလက္အိတ္
-ခ်န္ပီယံလိဂ္ခ်န္ပီယံနဲ႔ေရႊလက္အိတ္
-ကိုပါအေမရိကခ်န္ပီယံနဲ႔ ေရႊလက္အိတ္ဆုရွင္

ဘာနာဒိုေဆးလ္ဗား
-ပရီးမီးယားလိဂ္ခ်န္ပီယံ
-အက္ဖ္ေအဖလားခ်န္ပီယံ
-ကာရာေဘာင္ဖလားခ်န္ပီယံ
-ေနးရွင္းလိဂ္ဖလားခ်န္ပီယံ
သူတုိ႔ ၂ဦးစလုံး ဆန္ခါတင္စာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။

Photo Credit

Unicode

ဖီဖာအကောင်းဆုံးဆုအတွက် ဆန်ခါတင်၁၀ဦးစာရင်းမှာတောင် ဘာနာဒိုမပါဝင်လို့ ပရိသတ်တွေ ပေါက်ကွဲနေ

ဘောလုံးပရိသတ်အများစုဟာ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၁၀ဦးစာရင်းမှာတောင် စီးတီးတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗား ပါဝင်မလာလို့ အံ့အားသင့်ပေါက်ကွဲလျက်ရှိကြောင်း သိရပါတယ်။ ဖီဖာက ထုတ်ပြန်လိုက်တဲ့ဆန်ခါတင် ၁၀ဦးစာရင်းမှာ ကလပ်အသင်းတွေအနက် လီဗာပူးက အများဆုံးပါဝင်မှုအဖြစ် နောက်ခံလူ ဗန်ဒိုက်၊ တောင်ပံတိုက်စစ်မှူးတွေဖြစ်တဲ့ မာနေးနဲ့ ဆာလာတု့ိ ပါဝင်လာပြီး ရော်နယ်ဒို၊ မက်ဆီ၊ မက်ပီ၊ ဟယ်ရီကိန်း၊ ဒီဂျောင်၊ ဒီလစ်ချ်နဲ့ ဟာဇက်တို့လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီအတွင်း စီးတီးနဲ့ပေါ်တူဂီအသင်းတို့အတွက် အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားမပါဝင်ခြင်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ဒီအတွက်ကြောင့်ပဲ ပရိသတ်တွေက လူမှုမီဒီယာမှာ သူတို့ရဲ့ခံစားချက်တွေကို အသီးသီးရေးတင်ခဲ့ကြပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၈-၁၉ ရာသီက ဆုဖလားအများအပြားရရှိခဲ့ပြီး စီးတီးနဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေရယူနိုင်ခဲ့သလို ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းနဲ့အတူ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
အသက် ၂၄နှစ်အရွယ်ရှိ မိုနာကိုကစားသမားဟောင်း ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီက စီးတီးအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုးနဲ့ဂိုးဖန်တီးမှု ၃၁ဂိုးအထိပါဝင်ပတ်သက်ခဲ့ပြီး နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။ တချို့ပရိသတ်တွေက စပါးနဲ့အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဘာနာဒိုဆေးလ်ဗားကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ ”ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီက ဘောလုံးမဟုတ်တဲ့တခြားအားကစားနည်းမှာ ကစားခဲ့တာပဲဖြစ်ရမယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗား
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့
လိဂ်ဖလားချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့
အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့
နေးရှင်းလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့

ဟယ်ရီကိန်း
ပရီးမီးယားလိဂ်အဆင့် ၄ရခဲ့ရာမှာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရ
ချန်ပီယံလိဂ်ပြိုင်ပွဲအများစုမှာ ဒဏ်ရာရခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ကစားပုံဆိုးရွားခဲ့
အက်ဖ်အေဖလားမှာ ၁ပွဲကစားခဲ့
လိဂ်ဖလားမှာ ၂ပွဲကစားခဲ့
ဟယ်ရီကိန်းက ဆန်ခါတင်စာရင်းမှာ ပါဝင်လာချိန် ဘာနာဒိုဆေးလ်ဗားကတော့ မပါဝင်ခဲ့။

ပရိသတ်တချို့ကလည်း လီဗာပူးဂိုးသမားအဲလစ်ဆန်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ ချန်လှပ်ခံရတာကို ထောက်ပြဝေဖန်ခဲ့ပါတယ်။
အဲလစ်ဆန်
-ပရီးမီးယားလိဂ်ရွှေလက်အိတ်
-ချန်ပီယံလိဂ်ချန်ပီယံနဲ့ရွှေလက်အိတ်
-ကိုပါအမေရိကချန်ပီယံနဲ့ ရွှေလက်အိတ်ဆုရှင်

ဘာနာဒိုဆေးလ်ဗား
-ပရီးမီးယားလိဂ်ချန်ပီယံ
-အက်ဖ်အေဖလားချန်ပီယံ
-ကာရာဘောင်ဖလားချန်ပီယံ
-နေးရှင်းလိဂ်ဖလားချန်ပီယံ
သူတို့ ၂ဦးစလုံး ဆန်ခါတင်စာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။