ဖီဖာအေကာင္းဆုံးဆုကို မက္ဆီမရသင့္ဘဲ ေရာ္နယ္ဒိုသာ ရရွိသင့္တယ္လုိ႔ ဂ်ဴဗင္တပ္စ္အသင္းတာ၀န္ရွိသူ ဆုိ

Photo Credit

Photo Credit

မက္ဆီထက္ ခရစၥတီယာႏို္ ေရာ္နယ္ဒိုကသာ ဖီဖာအေကာင္းဆံုးကစားသမားဆုကို ရခဲ့သင့္တယ္လို႔ ဂ်ဴဗင္တပ္စ္အသင္းအားကစားဒါရိုက္တာဖာဘီယိုပါရာတီခ်ီကဆိုပါတယ္။ ဘာစီလိုနာၾကယ္ပြင့္ လီယိုနယ္မက္ဆီဟာ ယမန္ေန႔က မီလန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ဖီဖာတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုေပးပြဲမွာ ပထမဆံုးအႀကိမ္အျဖစ္ အေကာင္းဆံုးကစားသမားဆုရရွိခဲ့ပါတယ္။

Photo Credit ; Getty Images

လီဗာပူးေနာက္ခံလူဗာဂ်ယ္ဗန္ဒိုက္က ဒုတိယနဲ႔ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုကေတာ့ တတိယဆုအသီးသီးရရွိခဲ့ပါတယ္။ ဒါေပမဲ့ ဂ်ဴဗင္တပ္စ္တာ၀န္ရွိသူ ပါရာတီခ်ီကေတာ့ ဒိုင္ေတြရဲ႕ဆံုးျဖတ္ခ်က္ကမွားယြင္းခဲ့တယ္လို႔ ယံုၾကည္ေနပါတယ္။

Photo Credit

ၿပီးခဲ့တဲ့ရာသီက ေရာ္နယ္ဒိုရဲ႕စြမ္းေဆာင္မႈမ်ားအရ ေရာ္နယ္ဒိုကသာ အဆိုပါဆုနဲ႔ ထိုက္တန္တယ္လို႔ ဆိုပါတယ္။ ပါရာတီခ်ီက “မေန႔ညကဆုေပးပြဲနဲ႔ ပတ္သတ္ၿပီး ကၽြန္ေတာ္တုိ႔ အေတာ္ကိုစိတ္ပ်က္ခဲ့ရတယ္။ မက္ဆီက ႀကီးက်ယ္တဲ့ကစားသမားတစ္ဦးပါ”

Photo Credit

”သူ႕ကိုေလးစားေပမယ့္ ၿပီးခဲ့တဲ့ရာသီက ေနးရွင္းလိဂ္ဖလား၊ စီးရီးေအနဲ႔ အီတလီစူပါဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း အေကာင္းဆံုးေျခစြမ္းေတြျပသထားခဲ့တဲ့ ေရာ္နယ္ဒိုကသာဒီဆုနဲ႔ ထိုက္တန္ပါတယ္”လို႔ ေျပာပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ ရမွတ္ ၃၆ မွတ္သာရရွိခဲ့ၿပီး ၄၆ မွတ္ရရွိခဲ့တဲ့မက္ဆီနဲ႔ ၃၈ မွတ္ရရွိခဲ့တဲ့ ဗန္ဒိုက္တို႔ေနာက္မွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အဆိုပါ ရမွတ္ေတြကိုေတာ့ လက္ေရြးစင္အသင္းေခါင္းေဆာင္ေတြ၊ လက္ေရြးစင္အသင္းနည္းျပေတြနဲ႔ သတင္းမီဒီယာကိုယ္စားလွယ္ေတြက အမွတ္ေပးတာ ျဖစ္ပါတယ္။

Photo Credit

ေရာ္နယ္ဒိုက မက္ဆီရဲ႕ေနာက္ အဆင့္ ၃ ေနရာမွာရပ္တည္ေနခဲ့ရၿပီး သူ႕ရဲ႕ေနာက္မွာေတာ့ လီဗာပူးတိုက္စစ္မွဴး ဆာဒီယိုမာေနးက ရပ္တည္ေနကာ ေရာ္နယ္ဒိုရဲ႕လက္ရွိဂ်ဴဗင္တပ္စ္အသင္းေဖာ္ ဒီလစ္ဂ်္၊ ဘာစီကြင္းလယ္လူဖရန္ကီဒီေဂ်ာင္နဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ကိုင္လီဘာေပတို႔ကမာေနးရဲ႕ေနာက္ အစဥ္လိုက္ ရပ္တည္ေနၾကပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ အဲဒီဆုေပးပြဲအခမ္းအနားကို အေသးစားဒဏ္ရာျပႆနာေၾကာင့္ မတက္ေရာက္ခဲ့သလုိ ယမန္ေန႔ညက ဘရက္စီယာကို ၁-၂ဂိုးနဲ႔အႏိုင္ရခဲ့တဲ့စီးရီးေအပြဲစဥ္ကိုလည္း လြဲေခ်ာ္ခဲ့ပါတယ္။

Photo Credit

Unicode

ဖီဖာအကောင်းဆုံးဆုကို မက်ဆီမရသင့်ဘဲ ရော်နယ်ဒိုသာ ရရှိသင့်တယ်လို့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူ ဆို

မက်ဆီထက် ခရစ္စတီယာနို ရော်နယ်ဒိုကသာ ဖီဖာအကောင်းဆုံးကစားသမားဆုကို ရခဲ့သင့်တယ်လို့ ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာဖာဘီယိုပါရာတီချီကဆိုပါတယ်။ ဘာစီလိုနာကြယ်ပွင့် လီယိုနယ်မက်ဆီဟာ ယမန်နေ့က မီလန်မြို့မှာ ကျင်းပခဲ့တဲ့ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။
လီဗာပူးနောက်ခံလူဗာဂျယ်ဗန်ဒိုက်က ဒုတိယနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ တတိယဆုအသီးသီးရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်တာဝန်ရှိသူ ပါရာတီချီကတော့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကမှားယွင်းခဲ့တယ်လို့ ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ရော်နယ်ဒိုရဲ့စွမ်းဆောင်မှုများအရ ရော်နယ်ဒိုကသာ အဆိုပါဆုနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။ ပါရာတီချီက “မနေ့ညကဆုပေးပွဲနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အတော်ကိုစိတ်ပျက်ခဲ့ရတယ်။ မက်ဆီက ကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ”
”သူ့ကိုလေးစားပေမယ့် ပြီးခဲ့တဲ့ရာသီက နေးရှင်းလိဂ်ဖလား၊ စီးရီးအေနဲ့ အီတလီစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးခြေစွမ်းတွေပြသထားခဲ့တဲ့ ရော်နယ်ဒိုကသာဒီဆုနဲ့ ထိုက်တန်ပါတယ်”လို့ ပြောပါတယ်။
ရော်နယ်ဒိုဟာ ရမှတ် ၃၆ မှတ်သာရရှိခဲ့ပြီး ၄၆ မှတ်ရရှိခဲ့တဲ့မက်ဆီနဲ့ ၃၈ မှတ်ရရှိခဲ့တဲ့ ဗန်ဒိုက်တို့နောက်မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဆိုပါ ရမှတ်တွေကိုတော့ လက်ရွေးစင်အသင်းခေါင်းဆောင်တွေ၊ လက်ရွေးစင်အသင်းနည်းပြတွေနဲ့ သတင်းမီဒီယာကိုယ်စားလှယ်တွေက အမှတ်ပေးတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက မက်ဆီရဲ့နောက် အဆင့် ၃ နေရာမှာရပ်တည်နေခဲ့ရပြီး သူ့ရဲ့နောက်မှာတော့ လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးက ရပ်တည်နေကာ ရော်နယ်ဒိုရဲ့လက်ရှိဂျူဗင်တပ်စ်အသင်းဖော် ဒီလစ်ဂျ်၊ ဘာစီကွင်းလယ်လူဖရန်ကီဒီဂျောင်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီဘာပေတို့ကမာနေးရဲ့နောက် အစဉ်လိုက် ရပ်တည်နေကြပါတယ်။
ရော်နယ်ဒိုဟာ အဲဒီဆုပေးပွဲအခမ်းအနားကို အသေးစားဒဏ်ရာပြဿနာကြောင့် မတက်ရောက်ခဲ့သလို ယမန်နေ့ညက ဘရက်စီယာကို ၁-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့စီးရီးအေပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။