
photo-fifa
photo-gettyimages
ဖီဖာက ေပးအပ္တဲ့ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ The Best ဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးစာရင္းထြက္ေပၚလာၿပီျဖစ္ရာ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္၊ ဘာစီလုိနာတုိက္စစ္မႈးမက္ဆီနဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုတို႔ ျဖစ္ၾကပါတယ္။ ဒီ ၃ ေယာက္စလုံးဟာ မၾကာေသးခင္က ေရြးခ်ယ္ခ်ီးျမွင့္ခဲ့တဲ့ ယူအီးအက္ဖ္ေအအေကာင္ဆုံးကစားသမားဆုတုန္းကလည္း ေနာက္ဆုံးဆန္ခါတင္ ၃ ေယာက္ျဖစ္ခဲ့တာပါ။ ျပင္သစ္ေဘာလုံးမဂၢဇင္းက ေပးအပ္ခ်ီးျမွင့္မယ့္ Ballond’Or ဆုအတြက္လည္း ဒီ ၃ ေယာက္ပဲ ေနာက္ဆုံးဆန္ခါတင္စာရင္း၀င္ဖုိ႔မ်ားပါတယ္။
photo-gettyimages
ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ဖီဖာရဲ႕The Best အေကာင္းဆုံးဆုကို ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူလူကာမုိဒရစ္ ဆြတ္ခူးခဲ့ပါတယ္။ The Best ဟာ Ballond’Or နဲ႔ခြဲထြက္ၿပီးေနာက္ လက္ရွိအမည္နဲ႔ ေရြးခ်ယ္ခ်ီးျမွင့္ေပးေနတာ ဒါနဲ႔မွ ၄ ႀကိမ္ေျမာက္ပဲ ရွိပါေသးတယ္။ မုိဒရစ္မတိုင္ခင္ အရင္ ႏွစ္ႀကိမ္စလုံးကို စီေရာ္နယ္ဒုိကခ်ည္း ရရွိခဲ့တာပါ။ ဒီႏွစ္မွာေတာ့ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္က ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ ဗန္ဒစ္ဂ်္ဟာ ယူအီးအက္ဖ္ေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ပူပူေႏြးေႏြးရရွိထားသူလည္း ျဖစ္ပါတယ္။ The Best ဆုကို လာမယ့္စက္တင္ဘာ ၂၃ ရက္ေန႔ မီလန္ၿမိဳ႕မွာ ခမ္းခမ္းနားနားနဲ႔ ေရြးခ်ယ္ခ်ီးျမွင့္ေပးသြားမွာပါ။
photo-fifa
The Best ရဲ႕အေကာငး္ဆုံးနည္းျပဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးလည္းထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ သူတုိ႔ကေတာ့ ပရီးမီးယားလိဂ္နည္းျပေတြျဖစ္ၾကတဲ့ မန္စီးတီးက ဂြါဒီယုိလာ၊ လီဗာပူးက ဂ်ာဂင္ကေလာ့ပ္နဲ႔ စပါးက ပုိခ်က္တီႏိုတို႔ျဖစ္ၾကပါတယ္။ အဲဒီထဲမွာ ဂြါဒီယိုလာက ၿပီးခဲ့တဲ့ရာသီက မန္စီးတီးနဲ႔အတူ အဂၤလန္ျပည္တြင္းဖလား ၃ ခုစလုံးကိုရယူႏိုင္ခဲ့ကာ အဂၤလိပ္ေဘာလုံးသမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ကေလာ့ပ္ကေတာ့ လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ေအင္ျမင္မႈရခဲ့တာျဖစ္ၿပီး ပိုခ်က္တီႏိုကေတာ့ ဘယ္သူမွမထင္ထားၾကတဲ့စပါးကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဆီ ပုိ႔ေဆာင္ေပးႏိုင္ခဲ့တာပါ။
[Unicode]
ဖီဖာက ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ The Best ဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းထွက်ပေါ်လာပြီဖြစ်ရာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်၊ ဘာစီလိုနာတိုက်စစ်မှုးမက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုတို့ ဖြစ်ကြပါတယ်။ ဒီ ၃ ယောက်စလုံးဟာ မကြာသေးခင်က ရွေးချယ်ချီးမြှင့်ခဲ့တဲ့ ယူအီးအက်ဖ်အေအကောင်ဆုံးကစားသမားဆုတုန်းကလည်း နောက်ဆုံးဆန်ခါတင် ၃ ယောက်ဖြစ်ခဲ့တာပါ။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်ချီးမြှင့်မယ့် Ballond’Or ဆုအတွက်လည်း ဒီ ၃ ယောက်ပဲ နောက်ဆုံးဆန်ခါတင်စာရင်းဝင်ဖို့များပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ဖီဖာရဲ့The Best အကောင်းဆုံးဆုကို ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူလူကာမိုဒရစ် ဆွတ်ခူးခဲ့ပါတယ်။ The Best ဟာ Ballond’Or နဲ့ခွဲထွက်ပြီးနောက် လက်ရှိအမည်နဲ့ ရွေးချယ်ချီးမြှင့်ပေးနေတာ ဒါနဲ့မှ ၄ ကြိမ်မြောက်ပဲ ရှိပါသေးတယ်။ မိုဒရစ်မတိုင်ခင် အရင် နှစ်ကြိမ်စလုံးကို စီရော်နယ်ဒိုကချည်း ရရှိခဲ့တာပါ။ ဒီနှစ်မှာတော့ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဗန်ဒစ်ဂျ်ဟာ ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပူပူနွေးနွေးရရှိထားသူလည်း ဖြစ်ပါတယ်။ The Best ဆုကို လာမယ့်စက်တင်ဘာ ၂၃ ရက်နေ့ မီလန်မြို့မှာ ခမ်းခမ်းနားနားနဲ့ ရွေးချယ်ချီးမြှင့်ပေးသွားမှာပါ။
The Best ရဲ့အကောင်းဆုံးနည်းပြဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးလည်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့ကတော့ ပရီးမီးယားလိဂ်နည်းပြတွေဖြစ်ကြတဲ့ မန်စီးတီးက ဂွါဒီယိုလာ၊ လီဗာပူးက ဂျာဂင်ကလော့ပ်နဲ့ စပါးက ပိုချက်တီနိုတို့ဖြစ်ကြပါတယ်။ အဲဒီထဲမှာ ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီက မန်စီးတီးနဲ့အတူ အင်္ဂလန်ပြည်တွင်းဖလား ၃ ခုစလုံးကိုရယူနိုင်ခဲ့ကာ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ကလော့ပ်ကတော့ လီဗာပူးနဲ့ ချန်ပီယံလိဂ်အေင်မြင်မှုရခဲ့တာဖြစ်ပြီး ပိုချက်တီနိုကတော့ ဘယ်သူမှမထင်ထားကြတဲ့စပါးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။