ဖီဖာရဲ့The Best အကောင်းဆုံးဆုအတွက် ဆန်ခါတင် ၁၁ ဦးစာရင်းထွက်ပေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်လရွေးချယ်ချီးမြှင့်မယ့် ဖီဖာရဲ့The Best အကောင်းဆုံးဆုအတွက် ဆန်ခါတင် ၁၁ ဦးစာရင်းကိုထုတ်ပြန်လိုက်ပြီဖြစ်ပြီး အဲဒီထဲမှာ လီဗာပူးကစားသမား ၄ ယောက်တောင် ပါဝင်လာပါတယ်။

Ballon d’Or ဆုပေးအပ်ချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ဇူလိုင်တုန်းက ဆုပေးမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပေမယ့် ဖီဖာကတော့ သူတို့ရဲ့ကမ္ဘာ့အကောင်းဆုံးဆုဖြစ်တဲ့ The Best ကို အစဉ်အလာမပျက် ရွေးချယ်ချီးမြှင့်သွားမှာပါ။

ဆန်ခါတင် ၁၁ ဦးထဲပါတဲ့ လီဗာပူးကြယ်ပွင့်တွေကတော့ တိုက်စစ်မှုးတွေဖြစ်ကြတဲ့ မာနီနဲ့ဆာလာ၊ ကွင်းလယ်လူအယ်ကန်တာရာနဲ့ ဒဏ်ရာရနောက်ခံလူဗန်ဒစ်ဂျ်တို့ဖြစ်ကြပါတယ်။

ဂိုးသမားအယ်လစ်ဆန်ကတော့ အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင်စာရင်းထဲမှာသာ ပါဝင်ပါတယ်။

အဲဒီစာရင်းထဲပါတဲ့ လီဗာပူးကမဟုတ်တဲ့ တစ်ဦးတည်းပရီးမီးယားလိဂ်ကြယ်ပွင့်ကတော့ မန်စီးတီးကွင်းလယ်လူဒီဘရူနီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ဟင်နရီရဲ့ဂိုးဖန်တီးမှုစံချိန်ကိုလိုက်မီခဲ့လို့ အခုလိုအသိအမှတ်ပြုခံရတာပါ။

Ballon d’Or ဆုမှာ လွှမ်းနိုင်ခဲ့ကြတဲ့ ဘာစီလိုနာကြယ်ပွင့်မက်ဆီနဲ့ ဂျူဗင်တပ်ကြယ်ပွင့်စီရော်နယ်ဒိုတို့ အခုစာရင်းထဲပါလာတာကတော့ အံ့သြစရာမရှိပါဘူး။

ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးဆုအတွက် မက်ဆီနဲ့စီရော်နယ်ဒိုတို့ရဲ့မကြာသေးခင်လွှမ်းမိုးထားမှုကို ဒီနှစ်မှာ စိန်ခေါ်နိုင်မယ့်သူက ပြီးခဲ့တဲ့ရာသီ ဘိုင်ယန်နဲ့ဖလား ၃ လုံးအောင်မြင်မှုရခဲ့ပြီး ၄၇ ပွဲမှာ ၅၅ ဂိုးသွင်းနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးပါ။

ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ ပီအက်စ်ဂျီက နေမာနဲ့အမ်ဘက်ပီတို့နှစ်ယောက်ဟာလည်း ဒီစာရင်းထဲမှာ ပါဝင်လာကြပါတယ်။

ဒါ့အပြင် ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်ဟာလည်း ဖီဖာရဲ့ The Best အကောင်းဆုံးအတွက် ဆန်ခါတင်တစ်ဦးပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖီဖာရဲ႕The Best အေကာင္းဆုံးဆုအတြက္ ဆန္ခါတင္ ၁၁ ဦးစာရင္းထြက္ေပၚ

လာမယ့္လေရြးခ်ယ္ခ်ီးျမွင့္မယ့့္ ဖီဖာရဲ႕The Best အေကာင္းဆုံးဆုအတြက္ ဆန္ခါတင္ ၁၁ ဦးစာရင္းကုိထုတ္ျပန္လုိက္ၿပီျဖစ္ၿပီး အဲဒီထဲမွာ လီဗာပူးကစားသမား ၄ ေယာက္ေတာင္ ပါ၀င္လာပါတယ္။

Ballon d’Or ဆုေပးအပ္ခ်ီးျမွင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းက ကိုရုိနာဗုိင္းရပ္စ္ကပ္ေဘးေၾကာင့္ ၿပီးခဲ့တဲ့ဇူလိုင္တုန္းက ဆုေပးမယ့္အစီအစဥ္ကို ဖ်က္သိမ္းခဲ့ေပမယ့္ ဖီဖာကေတာ့ သူတို႔ရဲ႕ကမာၻ႔အေကာင္းဆုံးဆုျဖစ္တဲ့ The Best ကုိ အစဥ္အလာမပ်က္ ေရြးခ်ယ္ခ်ီးျမွင့္သြားမွာပါ။

ဆန္ခါတင္ ၁၁ ဦးထဲပါတဲ့ လီဗာပူးၾကယ္ပြင့္ေတြကေတာ့ တိုက္စစ္မႈးေတြျဖစ္ၾကတဲ့ မာနီနဲ႔ဆာလာ၊ ကြင္းလယ္လူအယ္ကန္တာရာနဲ႔ ဒဏ္ရာရေနာက္ခံလူဗန္ဒစ္ဂ်္တို႔ျဖစ္ၾကပါတယ္။

ဂိုးသမားအယ္လစ္ဆန္ကေတာ့ အေကာင္းဆုံးဂိုးသမားဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာသာ ပါ၀င္ပါတယ္။

အဲဲဒီစာရင္းထဲပါတဲ့ လီဗာပူးကမဟုတ္တဲ့ တစ္ဦးတည္းပရီးမီးယားလိဂ္ၾကယ္ပြင့္ကေတာ့ မန္စီးတီးကြင္းလယ္လူဒီဘရူနီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ ဟင္နရီရဲ႕ဂိုးဖန္တီးမႈစံခ်ိန္ကိုလိုက္မီခဲ့လို႔ အခုလိုအသိအမွတ္ျပဳခံရတာပါ။

Ballon d’Or ဆုမွာ လႊမ္းႏိုင္ခဲ့ၾကတဲ့ ဘာစီလုိနာၾကယ္ပြင့္မက္ဆီနဲ႔ ဂ်ဴဗင္တပ္ၾကယ္ပြင့္စီေရာ္နယ္ဒိုတို႔ အခုစာရင္းထဲပါလာတာကေတာ့ အံ့ၾသစရာမရွိပါဘူး။

ဒါေပမဲ့ ကမာၻ႔အေကာင္းဆုံးဆုအတြက္ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ရဲ႕မၾကာေသးခင္လႊမ္းမိုးထားမႈကို ဒီႏွစ္မွာ စိန္ေခၚႏိုင္မယ့္သူက ၿပီးခဲ့တဲ့ရာသီ ဘိုင္ယန္နဲ႔ဖလား ၃ လုံးေအာင္ျမင္မႈရခဲ့ၿပီး ၄၇ ပြဲမွာ ၅၅ ဂိုးသြင္းႏုိင္ခဲ့တဲ့ လီ၀န္ေဒါစကီးပါ။

ၿပီးခ့ဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ဗုိလ္လုပြဲတက္ခဲ့တဲ့ ပီအက္စ္ဂ်ီက ေနမာနဲ႔အမ္ဘက္ပီတို႔ႏွစ္ေယာက္ဟာလည္း ဒီစာရင္းထဲမွာ ပါ၀င္လာၾကပါတယ္။

ဒါ့အျပင္ ရီးရဲလ္အသင္းေခါင္းေဆာင္ရာမို႔စ္ဟာလည္း ဖီဖာရဲ႕ The Best အေကာင္းဆုံးအတြက္ ဆန္ခါတင္တစ္ဦးပါ။