
photo-gettyimages
photo-gettyimages
နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ လက်ရှိကမ္ဘာ့ချန်ပီယံပြင်သစ်ရဲ့အထက် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံဟာ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းအဖြစ် ၂ နှစ်ဆက် သရဖူဆောင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ရုရှားကမ္ဘာ့ဖလားမှာ တတိယရခဲ့တဲ့ဘယ်လ်ဂျီယံဟာ ၂၀၁၉ အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲအသွင် ၁၀ ပွဲစလုံးကိုအနိုင်ရခဲ့တာပါ။ ဒါကြောင့်လည်း ဖီဖာကမ္ဘာ့အဆင့် ထိပ်ဆုံးအသင်းအဖြစ် ၂၀၁၉ ကို အဆုံးသတ်နိုင်ခဲ့တာပါ။
photo-gettyimages
ကမ္ဘာ့အဆင့် ၂ ပြင်သစ်ရဲ့နောက်မှာ ဘရာဇီး၊အင်္ဂလန်နဲ့ ဥရုဂွေးတို့ အစဉ်လိုက်ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အင်္ဂလန်ဟာ ကမ္ဘာ့အဆင့်မှာ ပြီးခဲ့တဲ့လကထက် တစ်ဆင့်ပိုမြင့်သွားတာပါ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ခရိုအေးရှား၊ နေးရှင်းလိဂ်ချန်ပီယံပေါ်တူဂီ၊ စပိန်၊ အာဂျင်းတီးနားနဲ့ ကိုလံဘီယာတို့ဟာလည်း ထိပ်ဆုံး ၁၀ သင်းစာရင်း ဝင်ခဲ့ကြပါတယ်။
photo-fifa
တစ်နှစ်တာလုံးအဆင့်အတက်ဆုံးဆုကိုတော့ ကာတာအသင်းက ရရှိသွားပါတယ်။ အဲဒီ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၃၈ ဆင့်အထိ ခုန်တက်နိုင်ခဲ့တာပါ။ သူတို့ပြီးရင် ကမ္ဘာ့အဆင့်ခုန်အတတ်နိုင်ဆုံးအသင်းတွေက ၃၂ ဆင့်တက်နိုင်ခဲ့တဲ့အယ်ဂျီးရီးယားနဲ့ ၂၂ ဆင့်တက်နိုင်ခဲ့တဲ့ဂျပန်တို့ပါ။ မြန်မာအသင်းကတော့ ၂၀၁၉ ကို ကမ္ဘာ့အဆင့် ၁၃၆ နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှထဲမှာ မြန်မာထက် ကမ္ဘာ့အဆင့်မြင့်တာဆိုလို့ ဗီယက်နမ်၊ထိုင်းနဲ့ ဖိလစ်ပိုင်တို့ ၃ သင်းပဲ ရှိတာပါ။
[Zawgyi]
ဖီဖာရဲ႕တစ္ႏွစ္တာအေကာင္းဆုံးအသင္းအျဖစ္ ၂ ႏွစ္ဆက္ရပ္တည္ႏိုင္ခဲ့တဲ့ ဘယ္လ္ဂ်ီယံ
ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့ ကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ လက္ရွိကမာၻ႔ခ်န္ပီယံျပင္သစ္ရဲ႕အထက္ ထိပ္ဆုံးေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီးေနာက္ ဘယ္လ္ဂ်ီယံဟာ ဖီဖာရဲ႕တစ္ႏွစ္တာအေကာင္းဆုံးအသင္းအျဖစ္ ၂ ႏွစ္ဆက္ သရဖူေဆာင္းႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ရုရွားကမာၻ႔ဖလားမွာ တတိယရခဲ့တဲ့ဘယ္လ္ဂ်ီယံဟာ ၂၀၁၉ အတြင္း ကစားခဲ့တဲ့ ၿပိဳင္ပြဲအသြင္ ၁၀ ပြဲစလုံးကိုအႏိုင္ရခဲ့တာပါ။ ဒါေၾကာင့္လည္း ဖီဖာကမာၻ႔အဆင့္ ထိပ္ဆုံးအသင္းအျဖစ္ ၂၀၁၉ ကို အဆုံးသတ္ႏိုင္ခဲ့တာပါ။
ကမာၻ႔အဆင့္ ၂ ျပင္သစ္ရဲ႕ေနာက္မွာ ဘရာဇီး၊အဂၤလန္နဲ႔ ဥရုေဂြးတို႔ အစဥ္လုိက္ရပ္တည္ခဲ့ၾကပါတယ္။ အဲဒီထဲမွာ အဂၤလန္ဟာ ကမာၻ႔အဆင့္မွာ ၿပီးခဲ့တဲ့လကထက္ တစ္ဆင့္ပုိျမင့္သြားတာပါ။ ကမာၻ႔ဖလားဗုိလ္လုပြဲေရာက္ခရိုေအးရွား၊ ေနးရွင္းလိဂ္ခ်န္ပီယံေပၚတူဂီ၊ စပိန္၊ အာဂ်င္းတီးနားနဲ႔ ကိုလံဘီယာတို႔ဟာလည္း ထိပ္ဆံုး ၁၀ သင္းစာရင္း ၀င္ခဲ့ၾကပါတယ္။
တစ္ႏွစ္တာလုံးအဆင့္အတက္ဆုံးဆုကိုေတာ့ ကာတာအသင္းက ရရွိသြားပါတယ္။ အဲဒီ ၂၀၂၂ ကမာၻ႔ဖလားအိမ္ရွင္ဟာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလက အာရွဖလားၿပိဳင္ပြဲမွာ ဗုိလ္စြဲခဲ့ၿပီး ကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ ၃၈ ဆင့္အထိ ခုန္တက္ႏုိင္ခဲ့တာပါ။ သူတို႔ၿပီးရင္ ကမာၻ႔အဆင့္ခုန္အတတ္ႏိုင္ဆုံးအသင္းေတြက ၃၂ ဆင့္တက္ႏိုင္ခဲ့တဲ့အယ္ဂ်ီးရီးယားနဲ႔ ၂၂ ဆင့္တက္ႏိုင္ခဲ့တဲ့ဂ်ပန္တို႔ပါ။ ျမန္မာအသင္းကေတာ့ ၂၀၁၉ ကို ကမာၻ႔အဆင့္ ၁၃၆ နဲ႔ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ အေရွ႕ေတာင္အာရွထဲမွာ ျမန္မာထက္ ကမာၻ႔အဆင့္ျမင့္တာဆုိလုိ႔ ဗီယက္နမ္၊ထုိင္းနဲ႔ ဖိလစ္ပိုင္တုိ႔ ၃ သင္းပဲ ရွိတာပါ။