ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္ ၁၀ဦးစာရင္းထြက္ေပၚလာ

Photo Credit ; Getty Images

Photo Credit

ကမၻာ့ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ)ဟာ ၂၀၁၉ ခုႏွစ္ ဖီဖာတစ္ႏွစ္တာအကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္ ၁၀ဦးစာရင္းထုတ္ျပန္လုိက္ၿပီျဖစ္ရာ နာမည္ႀကီးေတြျဖစ္တဲ့ မက္ဆီ၊ ေရာ္နယ္ဒိုနဲ႔ ဗန္ဒိုက္တို႔အားလုံး ပါ၀င္လာေၾကာင္း သိရပါတယ္။ ၂၀၁၈ ဇူလိုင္လ ၁၆ရက္ေန႔ကေန ၂၀၁၉၊ ဇူလိုင္လ ၁၉ရက္ေန႔အတြင္း ေအာင္ျမင္မႈေတြကို ထည့္သြင္းတြက္ခ်က္ထားတဲ့ အဲဒီဆန္ခါတင္စာရင္းကုိ ဖီဖာရဲဲ႕ကၽြမ္းက်င္သူေတြက ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး ေအဂ်က္စ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ဒီလစ္ခ်္နဲ႔ ဒီေဂ်ာင္၊ ေနာက္ထပ္လီဗာပူအသင္းသားေတြျဖစ္တဲ့ မာေနးနဲ႔ ဆာလာ၊ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္း၊ ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား ဟာဇက္နဲ႔ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပတုိ႔လည္း ေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

Photo Credit း Getty Images

ပရိသတ္ေတြအေနနဲ႔ အဲဒီဆန္ခါတင္ ၁၀ဦးစာရင္းထဲကေန ကိုယ့္စိတ္ႀကိဳက္ ထိပ္ဆုံး ၃ဦးကို မဲေပးေရြးခ်ယ္ႏိုင္ၿပီး ပထမရရွိသူက ၅မွတ္၊ ဒုတိယက ၃မွတ္နဲ႔ တတိယက ၁မွတ္ အသီးသီးရရွိမွာျဖစ္ပါတယ္။ အဲဒီမဲေပးမႈေတြကို ေဘာလုံးေလာကရဲ႕ေနာက္ထပ္အေရးပါတဲ့အဖြဲ႕၀င္ေတြ၊ ဂ်ာနယ္လစ္ေတြ၊ လက္ေရြးစင္အသင္းနည္းျပနဲ႔ အသင္းေခါင္းေဆာင္ေတြရဲ႕မဲေပးေရြးခ်ယ္မႈေတြနဲ႔ ေပါင္းစည္းမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

အဲဒီအဆင့္မွာ ဆန္ခါတင္ ၁၀ဦးစာရင္းကေန ေနာက္ဆုံး ၃ဦးအဆင့္ကို ေရြးထုတ္မွာျဖစ္ၿပီး ၂၀၁၉ စက္တင္ဘာလ ၂၃ရက္ေန႔ေရာက္ရင္ မီလန္ၿမိဳ႕မွာ အခမ္းအနားျပဳလုပ္ကာ အေကာင္းဆုံးကစားမားကို ေရြးခ်ယ္ခ်ီးျမႇင့္မွာျဖစ္ပါတယ္။ အဆုိပါဆုကို ေပးအပ္ခ်ီးျမႇင့္လာတာ ယခုႏွစ္နဲ႔ဆုိရင္ ၄ႀကိမ္ေျမာက္ရွိေနၿပီျဖစ္ၿပီး ပထမဆုံးေပးအပ္ခ်ီးျမႇင့္ခဲ့တ့ဲ ၂၀၁၆ ခုႏွစ္မွာ ေရာ္နယ္ဒိုက ဆြတ္ခူးရရွိခဲ့ပါတယ္။ အဆုိပါေပၚတူဂီအသင္းေခါင္းေဆာင္ဟာ ၂၀၁၇ ခုႏွစ္မွာလည္း ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုဆက္လက္ရရွိခဲ့ၿပီး ယမန္ႏွစ္ကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ခ႐ိုေအးရွားကြင္းလယ္လူ မုိဒရစ္က ရရွိခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ မုိဒရစ္ဟာ ဒီႏွစ္အတြက္ ဆန္ခါတင္အေကာင္းဆံုး ၁၀ဦးစာရင္းမွာေတာင္ ပါ၀င္မလာဘဲ ေနာက္ထပ္ထူးျခားခ်က္အျဖစ္ ၂၀၁၈-၁၉ ရာသီက အဂၤလန္ျပည္တြင္းဖလားအားလုံးရရွိခဲ့တဲ့ မန္စီးတီးအသင္းက ကစားသမားတစ္ဦးမွပါ၀င္မလာတဲ့အခ်က္ပဲျဖစ္ပါတယ္။

Photo Credit

ဆန္ခါတင္ ၁၀ဦးစာရင္း
ေရာ္နယ္ဒို (ဂ်ဴဗင္တပ္စ္၊ ေပၚတူဂီ)
မက္ဆီ (ဘာစီလုိနာ၊ အာဂ်င္တီးနား)
ဗန္ဒိုက္ (လီဗာပူး၊ နယ္သာလန္)
မာေနး (လီဗာပူး၊ ဆီနီေဂါ)
ဆာလာ (လီဗာပူး၊ အီဂ်စ္)
ဟာဇက္ (ခ်ဲလ္ဆီး/ရီးရဲလ္၊ ဘယ္လ္ဂ်ီယံ)
ဘာေပ (ပီအက္စ္ဂ်ီ၊ ျပင္သစ္)
ဟယ္ရီကိန္း (စပါး၊ အဂၤလန္)
ဒီလစ္ခ်္ (ေအဂ်က္စ္/ဂ်ဴဗင္တပ္စ္၊ နယ္သာလန္)
ဒီေဂ်ာင္ (ေအဂ်က္စ္/ဘာစီလုိနာ၊ နယ္သာလန္)

Photo Credit

Unicode

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၁၀ဦးစာရင်းထွက်ပေါ်လာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဟာ ၂၀၁၉ ခုနှစ် ဖီဖာတစ်နှစ်တာအကာင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၁၀ဦးစာရင်းထုတ်ပြန်လိုက်ပြီဖြစ်ရာ နာမည်ကြီးတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒိုနဲ့ ဗန်ဒိုက်တို့အားလုံး ပါဝင်လာကြောင်း သိရပါတယ်။ ၂၀၁၈ ဇူလိုင်လ ၁၆ရက်နေ့ကနေ ၂၀၁၉၊ ဇူလိုင်လ ၁၉ရက်နေ့အတွင်း အောင်မြင်မှုတွေကို ထည့်သွင်းတွက်ချက်ထားတဲ့ အဲဒီဆန်ခါတင်စာရင်းကို ဖီဖာရဲ့ကျွမ်းကျင်သူတွေက ရွေးချယ်ခဲ့တာဖြစ်ပြီး အေဂျက်စ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒီလစ်ချ်နဲ့ ဒီဂျောင်၊ နောက်ထပ်လီဗာပူအသင်းသားတွေဖြစ်တဲ့ မာနေးနဲ့ ဆာလာ၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဟာဇက်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေတို့လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ပရိသတ်တွေအနေနဲ့ အဲဒီဆန်ခါတင် ၁၀ဦးစာရင်းထဲကနေ ကိုယ့်စိတ်ကြိုက် ထိပ်ဆုံး ၃ဦးကို မဲပေးရွေးချယ်နိုင်ပြီး ပထမရရှိသူက ၅မှတ်၊ ဒုတိယက ၃မှတ်နဲ့ တတိယက ၁မှတ် အသီးသီးရရှိမှာဖြစ်ပါတယ်။ အဲဒီမဲပေးမှုတွေကို ဘောလုံးလောကရဲ့နောက်ထပ်အရေးပါတဲ့အဖွဲ့ဝင်တွေ၊ ဂျာနယ်လစ်တွေ၊ လက်ရွေးစင်အသင်းနည်းပြနဲ့ အသင်းခေါင်းဆောင်တွေရဲ့မဲပေးရွေးချယ်မှုတွေနဲ့ ပေါင်းစည်းမှာဖြစ်ပါတယ်။
အဲဒီအဆင့်မှာ ဆန်ခါတင် ၁၀ဦးစာရင်းကနေ နောက်ဆုံး ၃ဦးအဆင့်ကို ရွေးထုတ်မှာဖြစ်ပြီး ၂၀၁၉ စက်တင်ဘာလ ၂၃ရက်နေ့ရောက်ရင် မီလန်မြို့မှာ အခမ်းအနားပြုလုပ်ကာ အကောင်းဆုံးကစားမားကို ရွေးချယ်ချီးမြှင့်မှာဖြစ်ပါတယ်။ အဆိုပါဆုကို ပေးအပ်ချီးမြှင့်လာတာ ယခုနှစ်နဲ့ဆိုရင် ၄ကြိမ်မြောက်ရှိနေပြီဖြစ်ပြီး ပထမဆုံးပေးအပ်ချီးမြှင့်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ်မှာလည်း ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုဆက်လက်ရရှိခဲ့ပြီး ယမန်နှစ်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်က ရရှိခဲ့ပါတယ်။
ဒါပေမဲ့ မိုဒရစ်ဟာ ဒီနှစ်အတွက် ဆန်ခါတင်အကောင်းဆုံး ၁၀ဦးစာရင်းမှာတောင် ပါဝင်မလာဘဲ နောက်ထပ်ထူးခြားချက်အဖြစ် ၂၀၁၈-၁၉ ရာသီက အင်္ဂလန်ပြည်တွင်းဖလားအားလုံးရရှိခဲ့တဲ့ မန်စီးတီးအသင်းက ကစားသမားတစ်ဦးမှပါဝင်မလာတဲ့အချက်ပဲဖြစ်ပါတယ်။
ဆန်ခါတင် ၁၀ဦးစာရင်း
ရော်နယ်ဒို (ဂျူဗင်တပ်စ်၊ ပေါ်တူဂီ)
မက်ဆီ (ဘာစီလိုနာ၊ အာဂျင်တီးနား)
ဗန်ဒိုက် (လီဗာပူး၊ နယ်သာလန်)
မာနေး (လီဗာပူး၊ ဆီနီဂေါ)
ဆာလာ (လီဗာပူး၊ အီဂျစ်)
ဟာဇက် (ချဲလ်ဆီး/ရီးရဲလ်၊ ဘယ်လ်ဂျီယံ)
ဘာပေ (ပီအက်စ်ဂျီ၊ ပြင်သစ်)
ဟယ်ရီကိန်း (စပါး၊ အင်္ဂလန်)
ဒီလစ်ချ် (အေဂျက်စ်/ဂျူဗင်တပ်စ်၊ နယ်သာလန်)
ဒီဂျောင် (အေဂျက်စ်/ဘာစီလိုနာ၊ နယ်သာလန်)