ဖီဖာဂိမ်းမဟုတ်တဲ့အတွက် ဘောလုံးစကေးပြတာတွေကို တော်ရုံတန်ရုံပဲ ပြုလုပ်ဖို့ ဆန်ချို ကို ပေါလ်အင့်စ် သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ကစားသမားဟောင်း ပေါလ်အင့်စ် က ဒီနှစ်နွေရာသီမှာ ပေါင် ၇၃ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဆန်ချို ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး သတိပေးပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၇ ပွဲပါဝင်ကစားပေးပြီးချိန်မှာ ဂိုးလည်းမသွင်းနိုင် ၊ ဂိုးဖန်တီးမှုလည်း မလုပ်ပေးနိုင်သေးတာကြောင့် ဆန်ချို အနေနဲ့ ဝေဖန်သံတွေကို ရင်ဆိုင်နေရပြီလို့ ဆိုနိုင်ပါတယ်။

ပေါလ်အင့်စ် က ဆန်ချို ရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့ခြင်းမရှိပေမဲ့ သူ့ရဲ့ကစားပုံကိုတော့ အခုလို ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

“ ဆန်ချို က ငယ်ရွယ်သေးသလို အခုမှ သင်ယူနေတုန်းဆိုတာကိုတော့ ကျွန်တော်နားလည်ပါတယ်။

ဒါပေမဲ့ တကယ့်ဘောလုံးပွဲတွေက ဖီဖာဂိမ်း မဟုတ်ဘူးလေ။

ကစားသမား ၂ ယောက် ၃ ယောက် ၄ ယောက်လောက်ကို လိမ်ခေါက်နိုင်အောင်ပဲ ကြိုးစားနေလို့မရပါဘူး။

သူတို့ အဲ့ဒီလိုမျိုးတွေ လုပ်ပြတဲ့အခါ ကြည့်လို့ကောင်းတယ်ဆိုတာတော့ ဟုတ်ပါတယ်။

ဒါပေမဲ့ ဆန်ချို နဲ့ လင်ဂတ် တို့က ဒါမျိုးကို တချိန်လုံးလုပ်ဖို့ပဲ ကြိုးစားနေကြတယ်။

ဘောလုံးကို ရိုးရိုးရှင်းရှင်းနဲ့ သေသေချာချာပဲ ကစားကြစမ်းပါ။

ရိုးသားစွာ ဝန်ခံရရင် အဲ့ဒီလိုကစားပုံတွေက ကျွန်တော့်ကို စိတ်မောစေတယ်။

ဂစ် လို ကစားသမားမျိုးရဲ့ ကစားပုံကို ခင်ဗျားကြည့်ကြည့်လိုက် ၊ သူတို့ ဘောလုံးလက်ခံတယ် ၊ ဘောလုံးပြန်ပေးတယ် ၊ ဝမ်းတူးရိုက်ကြတယ် ၊ တယောက်ချင်းတွေ့ရင် ဖြတ်ကျော်ကြတယ်။

ငါတို့က ဘောလုံးနဲ့အတူဆွဲပြေးနိုင်ဖို့ပဲ ကြိုးစားခဲ့ကြတယ်။

နောက်ပေါက်နဲ့ပေးပို့မှုတွေ ၊ လှည့်ကွက်တွေကိုတော့ အနည်းငယ်လောက်ပဲ ကြိုးစားခဲ့ကြတယ်။

ကျွန်တော် မြင်ရတာတော့ မာရှယ် လည်း ဆန်ချို လင်ဂတ် တို့နဲ့ အတူတူပဲ။

ဘောလုံးကစားတာဟာ အလိမ်အခေါက်လုပ်နေရုံနဲ့မရဘူးဆိုတာကို သိဖို့အတွက် သူတို့သင်ယူဖို့လိုပါတယ် “ လို့ ပေါလ်အင့်စ် က သတိပေးပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စိတ်ပျက်စရာ စွမ်းဆောင်ရည်တွေကို ပြသနေတာကြာပြီဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးမာရှယ် ရဲ့ ဝက်စ်ဟမ်း နဲ့ ပွဲစဉ်က ခန္ဓာကိုယ်အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့လည်း

ပေါလ်အင့်စ် က “ မာရှယ် ရဲ့ ခန္ဓာကိုယ်အပြုအမူတွေကို ကျွန်တော်ကြည့်ပြီး တွေးမိတာက “ ဗုဒ္ဓဟူးနေ့ညတုန်းကပွဲမှာ သူတကယ်ပဲ ပါဝင်ကစားပေးချင်တာဟုတ်ရဲ့လား .? “ ပေါ့။

တခြား ကစားသမားတွေလည်း အဲ့လိုပါပဲ။

စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ခွင့်မရခဲ့တော့ သူတို့အနေနဲ့ “ ငါက ဘာလို့ ကာရာဘောင်းဖလားပြိုင်ပွဲမှာမှ ကစားရတာလဲ .? “ ဆိုပြီး တွေးနေကြမှာပါ။

မာရှယ် ရဲ့ ခန္ဓာကိုယ်အပြုအမူတွေကို ခင်ဗျားသတိထားမိလောက်မှာပါ။ အဲ့ဒီပွဲကို သူပါဝင်မကစားချင်ခဲ့ဘူး “ လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖီဖာဂိမ္းမဟုတ္တဲ့အတြက္ ေဘာလုံးစေကးျပတာေတြကို ေတာ္႐ုံတန္႐ုံပဲ ျပဳလုပ္ဖို႔ ဆန္ခ်ိဳ ကို ေပါလ္အင့္စ္ သတိေပး

ယူႏိုက္တက္ ကစားသမားေဟာင္း ေပါလ္အင့္စ္ က ဒီႏွစ္ေႏြရာသီမွာ ေပါင္ ၇၃ သန္း ဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ လူငယ္ၾကယ္ပြင့္ ကစားသမား ဆန္ခ်ိဳ ရဲ႕ ကစားပုံနဲ႔ပတ္သက္ၿပီး သတိေပးေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္ အတြက္ ၿပိဳင္ပြဲစုံ ၇ ပြဲပါဝင္ကစားေပးၿပီးခ်ိန္မွာ ဂိုးလည္းမသြင္းႏိုင္ ၊ ဂိုးဖန္တီးမႈလည္း မလုပ္ေပးႏိုင္ေသးတာေၾကာင့္ ဆန္ခ်ိဳ အေနနဲ႔ ေဝဖန္သံေတြကို ရင္ဆိုင္ေနရၿပီလို႔ ဆိုႏိုင္ပါတယ္။

ေပါလ္အင့္စ္ က ဆန္ခ်ိဳ ရဲ႕ ေျခစြမ္းကို ေဝဖန္ခဲ့ျခင္းမရွိေပမဲ့ သူ႔ရဲ႕ကစားပုံကိုေတာ့ အခုလို ေဝဖန္ေျပာဆိုသြားခဲ့ပါတယ္။ “ ဆန္ခ်ိဳ က ငယ္႐ြယ္ေသးသလို အခုမွ သင္ယူေနတုန္းဆိုတာကိုေတာ့ ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေပမဲ့ တကယ့္ေဘာလုံးပြဲေတြက ဖီဖာဂိမ္း မဟုတ္ဘူးေလ။ ကစားသမား ၂ ေယာက္ ၃ ေယာက္ ၄ ေယာက္ေလာက္ကို လိမ္ေခါက္ႏိုင္ေအာင္ပဲ ႀကိဳးစားေနလို႔မရပါဘူး။ သူတို႔ အဲ့ဒီလိုမ်ိဳးေတြ လုပ္ျပတဲ့အခါ ၾကည့္လို႔ေကာင္းတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ ဆန္ခ်ိဳ နဲ႔ လင္ဂတ္ တို႔က ဒါမ်ိဳးကို တခ်ိန္လုံးလုပ္ဖို႔ပဲ ႀကိဳးစားေနၾကတယ္။ ေဘာလုံးကို ႐ိုး႐ိုးရွင္းရွင္းနဲ႔ ေသေသခ်ာခ်ာပဲ ကစားၾကစမ္းပါ။ ႐ိုးသားစြာ ဝန္ခံရရင္ အဲ့ဒီလိုကစားပုံေတြက ကြၽန္ေတာ့္ကို စိတ္ေမာေစတယ္။ ဂစ္ လို ကစားသမားမ်ိဳးရဲ႕ ကစားပုံကို ခင္ဗ်ားၾကည့္ၾကည့္လိုက္ ၊ သူတို႔ ေဘာလုံးလက္ခံတယ္ ၊ ေဘာလုံးျပန္ေပးတယ္ ၊ ဝမ္းတူး႐ိုက္ၾကတယ္ ၊ တေယာက္ခ်င္းေတြ႕ရင္ ျဖတ္ေက်ာ္ၾကတယ္။ ငါတို႔က ေဘာလုံးနဲ႔အတူဆြဲေျပးႏိုင္ဖို႔ပဲ ႀကိဳးစားခဲ့ၾကတယ္။ ေနာက္ေပါက္နဲ႔ေပးပို႔မႈေတြ ၊ လွည့္ကြက္ေတြကိုေတာ့ အနည္းငယ္ေလာက္ပဲ ႀကိဳးစားခဲ့ၾကတယ္။ ကြၽန္ေတာ္ ျမင္ရတာေတာ့ မာရွယ္ လည္း ဆန္ခ်ိဳ လင္ဂတ္ တို႔နဲ႔ အတူတူပဲ။ ေဘာလုံးကစားတာဟာ အလိမ္အေခါက္လုပ္ေန႐ုံနဲ႔မရဘူးဆိုတာကို သိဖို႔အတြက္ သူတို႔သင္ယူဖို႔လိုပါတယ္ “ လို႔ ေပါလ္အင့္စ္ က သတိေပးေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ေတြကို ျပသေနတာၾကာၿပီျဖစ္တဲ့ ျပင္သစ္ တိုက္စစ္မႉးမာရွယ္ ရဲ႕ ဝက္စ္ဟမ္း နဲ႔ ပြဲစဥ္က ခႏၶာကိုယ္အျပဳအမူေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေပါလ္အင့္စ္ က “ မာရွယ္ ရဲ႕ ခႏၶာကိုယ္အျပဳအမူေတြကို ကြၽန္ေတာ္ၾကည့္ၿပီး ေတြးမိတာက “ ဗုဒၶဟူးေန႔ညတုန္းကပြဲမွာ သူတကယ္ပဲ ပါဝင္ကစားေပးခ်င္တာဟုတ္ရဲ႕လား .? “ ေပါ့။ တျခား ကစားသမားေတြလည္း အဲ့လိုပါပဲ။ စေနေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါဝင္ခြင့္မရခဲ့ေတာ့ သူတို႔အေနနဲ႔ “ ငါက ဘာလို႔ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာမွ ကစားရတာလဲ .? “ ဆိုၿပီး ေတြးေနၾကမွာပါ။ မာရွယ္ ရဲ႕ ခႏၶာကိုယ္အျပဳအမူေတြကို ခင္ဗ်ားသတိထားမိေလာက္မွာပါ။ အဲ့ဒီပြဲကို သူပါဝင္မကစားခ်င္ခဲ့ဘူး “ လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။