ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပမှာမဟုတ်လို့ ချယ်လ်ဆီးအသင်း အခက်ကြုံရဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျပန်ဘောလုံးအဖွဲ့ချုပ် နိုင်ငံတွင်းမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်နေတာကြောင့် အခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်မှာမဟုတ်တဲ့အတွက် ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်ရမယ့် ချယ်လ်ဆီးအသင်းအတွက် အခက်ကြုံနေရပြီဖြစ်ပါတယ်။

ဂျပန်ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Kyodo News က ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ အခုလက်ရှိအခြေအနေအရ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနိုင်မှာမဟုတ်တဲ့အကြောင်းကို ဖီဖာဆီ အသိပေးအကြောင်းကြားသွားမှာဖြစ်ပြီး ဖီဖာအနေနဲ့ ဂျပန်နိုင်ငံနေရာမှာ တခြားနိုင်ငံတစ်ခုကို အိမ်ရှင်အဖြစ်အစားထိုးမလား

ဒါမှမဟုတ် မနှစ်ကလိုပဲ ပြိုင်ပွဲကစားမယ့်ရက်ကို ရွှေ့ဆိုင်းမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ဖော်ပြခဲ့ပါတယ်။

ဖီဖာဟာ အဲဒီပြိုင်ပွဲမှာ ပရိသတ်တွေကို ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ဆန္ဒရှိနေတာကြောင့် ဂျပန်နိုင်ငံမှာက ကိုဗစ်ပဥ္စမလှိုင်းကို ခက်ခက်ခဲခဲတွန်းလှန်နေရသလို ကာကွယ်ဆေးဖြန့်ဖြူးမှုကလည်း နှေးကွေးနေတဲ့အတွက် ပြိုင်ပွဲကျင်းပဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားပါပဲ။

ဒါ့အပြင် ကိုဗစ်ရောဂါဆိုးဖြစ်ပွားနေချိန်မှာ ဂျပန်အစိုးရက တိုကျိုအိုလံပစ်နဲ့ပါရာလမ်ပစ်ပြိုင်ပွဲတွေကို မရမကကျင်းပခဲ့တာကြောင့် အစိုးရရဲ့ဆုံးဖြတ်ချက်အပေါ် အကြီးအကျယ်ဝေဖန်ခံခဲ့ရပြီး အကျိုးရလဒ်အနေနဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ဟာ (၁၂)လသာတာဝန်ယူခဲ့ရတဲ့ သူ့ရဲ့ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

ဝန်ကြီးချုပ်အသစ်ရွေးကောက်ပွဲပြီးရင်လည်း ဝန်ကြီးချုပ်သစ်က ဂျပန်နိုင်ငံမှာ ဘောလုံးပွဲတွေကျင်းပဖို့ကို ခွင့်ပြုသွားမယ့်အနေအထားမရှိပါဘူး။

သာမန်အခြေအနေအတိုင်းသာဆိုရင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ ဝင်ငွေအမြောက်အမြားရဖို့ရှိနေပြီး ဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲတွေကို ပရိသတ်(၆၀,၀၀၀)ဆံ့တဲ့ ယိုကိုဟားမားကွင်းကြီးမှာကျင်းပသွားမှာဖြစ်လို့ ကွင်းဝင်ကြေးတစ်ခုနဲ့တင်ပဲ မြင့်မားတဲ့ဝင်ငွေရရှိမှာဖြစ်ပါတယ်။

ဖီဖာကလပ်ကမ္ဘာ့ဖလားကို ပုံမှန်အတိုင်းဆိုရင် ဒီဇင်ဘာလအတွင်းကျင်းပလေ့ရှိပြီး မနှစ်တုန်းက တရုတ်နိုင်ငံမှာပထမဆုံးအကြိမ်ကျင်းပဖို့ ဖီဖာကသတ်မှတ်ခဲ့ပေမယ့် ကိုဗစ်ရောဂါဆိုးကြောင့် အချိန်မီမကျင်းပနိုင်ခဲ့ဘဲ အခုနှစ်၊ ဖေဖော်ဝါရီလရောက်မှ ကာတာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့ရပါတယ်။

တကယ်လို့သာ မနှစ်ကအတိုင်း ကာတာနိုင်ငံမှာပဲ ဖေဖော်ဝါရီလအတွင်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုကျင်းပခဲ့ရင်တော့ ချယ်လ်ဆီးအသင်း ပွဲကျပ်တွေဆက်တိုက်ကစားရဖို့ရှိနေတာကြောင့် အခက်ကြုံရဖို့ရှိနေတာပါ။

ဖေဖော်ဝါရီလမှာ ပရီးမီးယားလိဂ်ပွဲတွေဆက်တိုက်ကစားရမှာဖြစ်သလို၊ ကျန်တဲ့ပြည်တွင်းဖလားပြိုင်ပွဲတွေကလည်း ဆီမီးဖိုင်နယ်အဆင့်လောက်အထိရောက်ရှိနေမှာဖြစ်ပြီး

ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်တွေကစားရမှာဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်းသာ ဖေဖော်ဝါရီလအတွင်း ပြိုင်ပွဲတိုင်းမှာ ပါဝင်ကစားနေဦးမယ်ဆိုရင်တော့ ရက်ပိုင်းအတွင်းမှာပဲ ပွဲတွေဆက်တိုက်ကစားရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံမွာ က်င္းပမွာမဟုတ္လို႔ ခ်ယ္လ္ဆီးအသင္း အခက္ႀကဳံရဖို႔ရွိေန

ဂ်ပန္ေဘာလုံးအဖြဲ႕ခ်ဳပ္ ႏိုင္ငံတြင္းမွာ ကိုဗစ္ေရာဂါကူးစက္ျပန႔္ပြားမႈျမင့္တက္ေနတာေၾကာင့္ အခုႏွစ္ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္လက္ခံက်င္းပႏိုင္မွာမဟုတ္တဲ့အတြက္ ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ရမယ့္ ခ်ယ္လ္ဆီးအသင္းအတြက္ အခက္ႀကဳံေနရၿပီျဖစ္ပါတယ္။ ဂ်ပန္ျပည္တြင္းမီဒီယာတစ္ခုျဖစ္တဲ့ Kyodo News က ဂ်ပန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ အခုလက္ရွိအေျခအေနအရ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပႏိုင္မွာမဟုတ္တဲ့အေၾကာင္းကို ဖီဖာဆီ အသိေပးအေၾကာင္းၾကားသြားမွာျဖစ္ၿပီး ဖီဖာအေနနဲ႔ ဂ်ပန္ႏိုင္ငံေနရာမွာ တျခားႏိုင္ငံတစ္ခုကို အိမ္ရွင္အျဖစ္အစားထိုးမလား ဒါမွမဟုတ္ မႏွစ္ကလိုပဲ ၿပိဳင္ပြဲကစားမယ့္ရက္ကို ေ႐ႊ႕ဆိုင္းမလားဆိုတာ မဆုံးျဖတ္ရေသးဘူးလို႔ေဖာ္ျပခဲ့ပါတယ္။

ဖီဖာဟာ အဲဒီၿပိဳင္ပြဲမွာ ပရိသတ္ေတြကို ကြင္းထဲဝင္ေရာက္ၾကည့္ရႈခြင့္ေပးဖို႔ဆႏၵရွိေနတာေၾကာင့္ ဂ်ပန္ႏိုင္ငံမွာက ကိုဗစ္ပၪၥမလႈိင္းကို ခက္ခက္ခဲခဲတြန္းလွန္ေနရသလို ကာကြယ္ေဆးျဖန႔္ျဖဴးမႈကလည္း ေႏွးေကြးေနတဲ့အတြက္ ၿပိဳင္ပြဲက်င္းပဖို႔ ဘယ္လိုမွမျဖစ္ႏိုင္တဲ့အေနအထားပါပဲ။ ဒါ့အျပင္ ကိုဗစ္ေရာဂါဆိုးျဖစ္ပြားေနခ်ိန္မွာ ဂ်ပန္အစိုးရက တိုက်ိဳအိုလံပစ္နဲ႔ပါရာလမ္ပစ္ၿပိဳင္ပြဲေတြကို မရမကက်င္းပခဲ့တာေၾကာင့္ အစိုးရရဲ႕ဆုံးျဖတ္ခ်က္အေပၚ အႀကီးအက်ယ္ေဝဖန္ခံခဲ့ရၿပီး အက်ိဳးရလဒ္အေနနဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga ဟာ (၁၂)လသာတာဝန္ယူခဲ့ရတဲ့ သူ႔ရဲ႕ရာထူးကေန ႏုတ္ထြက္ခဲ့ရပါတယ္။

ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးေကာက္ပြဲၿပီးရင္လည္း ဝန္ႀကီးခ်ဳပ္သစ္က ဂ်ပန္ႏိုင္ငံမွာ ေဘာလုံးပြဲေတြက်င္းပဖို႔ကို ခြင့္ျပဳသြားမယ့္အေနအထားမရွိပါဘူး။ သာမန္အေျခအေနအတိုင္းသာဆိုရင္ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ ဂ်ပန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ဝင္ေငြအေျမာက္အျမားရဖို႔ရွိေနၿပီး ဆီမီးဖိုင္နယ္နဲ႔ဗိုလ္လုပြဲေတြကို ပရိသတ္(၆၀,၀၀၀)ဆံ့တဲ့ ယိုကိုဟားမားကြင္းႀကီးမွာက်င္းပသြားမွာျဖစ္လို႔ ကြင္းဝင္ေၾကးတစ္ခုနဲ႔တင္ပဲ ျမင့္မားတဲ့ဝင္ေငြရရွိမွာျဖစ္ပါတယ္။

ဖီဖာကလပ္ကမာၻ႔ဖလားကို ပုံမွန္အတိုင္းဆိုရင္ ဒီဇင္ဘာလအတြင္းက်င္းပေလ့ရွိၿပီး မႏွစ္တုန္းက တ႐ုတ္ႏိုင္ငံမွာပထမဆုံးအႀကိမ္က်င္းပဖို႔ ဖီဖာကသတ္မွတ္ခဲ့ေပမယ့္ ကိုဗစ္ေရာဂါဆိုးေၾကာင့္ အခ်ိန္မီမက်င္းပႏိုင္ခဲ့ဘဲ အခုႏွစ္၊ ေဖေဖာ္ဝါရီလေရာက္မွ ကာတာႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပခဲ့ရပါတယ္။ တကယ္လို႔သာ မႏွစ္ကအတိုင္း ကာတာႏိုင္ငံမွာပဲ ေဖေဖာ္ဝါရီလအတြင္း ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကိုက်င္းပခဲ့ရင္ေတာ့ ခ်ယ္လ္ဆီးအသင္း ပြဲက်ပ္ေတြဆက္တိုက္ကစားရဖို႔ရွိေနတာေၾကာင့္ အခက္ႀကဳံရဖို႔ရွိေနတာပါ။

ေဖေဖာ္ဝါရီလမွာ ပရီးမီးယားလိဂ္ပြဲေတြဆက္တိုက္ကစားရမွာျဖစ္သလို၊ က်န္တဲ့ျပည္တြင္းဖလားၿပိဳင္ပြဲေတြကလည္း ဆီမီးဖိုင္နယ္အဆင့္ေလာက္အထိေရာက္ရွိေနမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း ရႈံးထြက္အဆင့္ေတြကစားရမွာျဖစ္တဲ့အတြက္ ခ်ယ္လ္ဆီးအသင္းသာ ေဖေဖာ္ဝါရီလအတြင္း ၿပိဳင္ပြဲတိုင္းမွာ ပါဝင္ကစားေနဦးမယ္ဆိုရင္ေတာ့ ရက္ပိုင္းအတြင္းမွာပဲ ပြဲေတြဆက္တိုက္ကစားရမယ့္အေျခအေနနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။