ဖီနာဘာချီမှာ ရုန်းကန်နေရတဲ့ အိုဇေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆု အိုဇေးလ်ဟာ ဖီနာဘာချီ ကစားသမားဘဝ အစောပိုင်းနေ့ရက်တွေမှာ ရုန်းကန်ရလျက် ရှိနေပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ငယ်စဥ်က ကစားခဲ့တဲ့ အသင်းထံပြောင်းရွေ့ကာ မိခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

အသက် ( ၃၂ )နှစ်အရွယ် ကစားသမားဟာ ဂျာစီ နံပါတ် ( ၆၇ ) ကို ရွေးချယ်ခဲ့ပြီး ဖေဖောဝါရီလ ( ၂ ) ရက်နေ့က Hatayspor အသင်းနဲ့ တူရကီစူပါလိဂ် ပွဲစဥ်မှာ ပထမဆုံး ပါဝင်ခွင့်ရခဲ့ပါတယ်။ ဖီနာဘာချီက အဆိုပါ ပွဲစဥ်မှာ ( ၂ – ၁ ) အနိုင်ရရှိခဲ့ပေမယ့် အိုဇေးကတော့ အသင်းသစ်နဲ့အတူ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ အိုဇေးကစားခဲ့တဲ့ ( ၅ ) ပွဲမှာ အသင်းက ( ၃ ) ပွဲထိ ရှုံးနိမ့်ခဲ့ရပါတယ်။

နောက်ပြီး အစ္စတန်ဘူအသင်းကို ရှုံးနိမ့်ကာ တူရကီဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ဖီနာဘာချီအသင်းက လက်ရှိအမှတ်ပေးယား အဆင့် ( ၃ )နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက ဘက်ဆီးတပ်အသင်းနဲ့ ရမှတ်တူ ၊ ပထမနေရာက ဂါလာတာစာရေးအသင်းအောက် ( ၃ ) မှတ်လျော့နည်းလျက်ရှိပါတယ်။နောက်ဆုံးကစားခဲ့တဲ့ ပွဲစဥ်မှာ အမှတ်ပေးဇယား အလယ်ပိုင်းက Goztepe အသင်းကို ( ၁ – ၀ ) ရှုံးနိမ့်ခဲ့ပါတယ်။

အိုဇေးလ်အနေနဲ့ လက်ရှိအချိန်ထိ သွင်းဂိုး ၊ ဖန်တီးမှု ပြုလုပ်ထားနိုင်ခြင်းမရှိသေးတာ တွေ့ရပါတယ်။ ရီးရဲမက်ဒရစ် နှင့် ဝါဒါဘရီမင် ကစားသမားဟောင်းဟာ မီခဲ အာတီတာရဲ့ လက်အောက်မှာ ကာလရှည် ပွဲကစားခွင့် ပျောက်ဆုံးခဲ့ပြီးနောက် လက်ရှိမှာ အသင်းသစ်နဲ့ အတူ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖီနာဘာခ်ီမွာ ႐ုန္းကန္ေနရတဲ့ အိုေဇးလ္

မက္ဆု အိုေဇးလ္ဟာ ဖီနာဘာခ်ီ ကစားသမားဘဝ အေစာပိုင္းေန႔ရက္ေတြမွာ ႐ုန္းကန္ရလ်က္ ရွိေနပါတယ္။ ကမာၻ႔ဖလား ခ်န္ပီယံဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီး ငယ္စဥ္က ကစားခဲ့တဲ့ အသင္းထံေျပာင္းေ႐ြ႕ကာ မိခင္ရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးခဲ့ပါတယ္။

အသက္ ( ၃၂ )ႏွစ္အ႐ြယ္ ကစားသမားဟာ ဂ်ာစီ နံပါတ္ ( ၆၇ ) ကို ေ႐ြးခ်ယ္ခဲ့ၿပီး ေဖေဖာဝါရီလ ( ၂ ) ရက္ေန႔က Hatayspor အသင္းနဲ႔ တူရကီစူပါလိဂ္ ပြဲစဥ္မွာ ပထမဆုံး ပါဝင္ခြင့္ရခဲ့ပါတယ္။ ဖီနာဘာခ်ီက အဆိုပါ ပြဲစဥ္မွာ ( ၂ – ၁ ) အႏိုင္ရရွိခဲ့ေပမယ့္ အိုေဇးကေတာ့ အသင္းသစ္နဲ႔အတူ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ အိုေဇးကစားခဲ့တဲ့ ( ၅ ) ပြဲမွာ အသင္းက ( ၃ ) ပြဲထိ ရႈံးနိမ့္ခဲ့ရပါတယ္။

ေနာက္ၿပီး အစၥတန္ဘူအသင္းကို ရႈံးနိမ့္ကာ တူရကီဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရပါတယ္။ ဖီနာဘာခ်ီအသင္းက လက္ရွိအမွတ္ေပးယား အဆင့္ ( ၃ )ေနရာမွာ ရပ္တည္ေနၿပီး ဒုတိယေနရာက ဘက္ဆီးတပ္အသင္းနဲ႔ ရမွတ္တူ ၊ ပထမေနရာက ဂါလာတာစာေရးအသင္းေအာက္ ( ၃ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္မွာ အမွတ္ေပးဇယား အလယ္ပိုင္းက Goztepe အသင္းကို ( ၁ – ၀ ) ရႈံးနိမ့္ခဲ့ပါတယ္။

အိုေဇးလ္အေနနဲ႔ လက္ရွိအခ်ိန္ထိ သြင္းဂိုး ၊ ဖန္တီးမႈ ျပဳလုပ္ထားႏိုင္ျခင္းမရွိေသးတာ ေတြ႕ရပါတယ္။ ရီးရဲမက္ဒရစ္ ႏွင့္ ဝါဒါဘရီမင္ ကစားသမားေဟာင္းဟာ မီခဲ အာတီတာရဲ႕ လက္ေအာက္မွာ ကာလရွည္ ပြဲကစားခြင့္ ေပ်ာက္ဆုံးခဲ့ၿပီးေနာက္ လက္ရွိမွာ အသင္းသစ္နဲ႔ အတူ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။