ဖီနာဘာချီမှာကစားရတာ မပျော်ရွှင်တော့တဲ့ အိုဇေးလ် မေဂျာလိဂ်၊ ကာတာကို ပြောင်းဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းကနေ ဖီနာဘာချီကို ပြောင်းရွှေ့ခဲ့သူ ဂျာမန်နာမည်ကျော်ကွင်းလယ်လူအိုဇေးလ်ဟာ အသင်းမှာ (၈)လသာကစားခဲ့ပေမယ့် မပျော်မရွှင်ဖြစ်နေပြီး ဖီနာဘာချီနဲ့လမ်းခွဲဖို့ဆန္ဒရှိနေပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့အိုဇေးလ်ဟာ အခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ နှစ်ဦးသဘောတူညီမှုရခဲ့ပြီး တူရကီထိပ်သီးဖီနာဘာချီအသင်းကို အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာပါ။

အိုဇေးလ်နဲ့ဖီနာဘာချီအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက (၃)နှစ်အထိကျန်ရှိနေသေးပေမယ့် ကစားသမားက အသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိနေတယ်လို့ စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဖီနာဘာချီအသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့အတွက် အိုဇေးလ်တစ်ယောက် မပျော်မရွှင်ဖြစ်နေပြီး သူ့ကိုခေါ်ယူဖို့ ကာတာနဲ့ မေဂျာလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်နေတာပါ။

ဖီနာဘာချီအသင်းကို စတင်ရောက်ရှိခဲ့ချိန်တုန်းက “ကျွန်တော်ဟာ ဖီနာဘာချီအသင်းကို အမြဲတမ်းအားပေးခဲ့တာဖြစ်ပြီး အခု ဖီနာဘာချီမှာကစားချင်တဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ”လို့ အိုဇေးလ်ပြောကြားခဲ့ဖူးပေမယ့် (၈)လအကြာမှာပဲ အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေတာဖြစ်ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာကတည်းက ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရသလို ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာလည်း ပြီးခဲ့တဲ့မတ်လတုန်းက ခြေချင်းဝတ်အရွတ်စုတ်ပြဲတဲ့ဒဏ်ရာကြောင့် ၂၀၂၀-၂၁ ရာသီဝက်တစ်လျှောက် စုစုပေါင်း(၁၀)ပွဲသာကစားခဲ့ရပါတယ်။

ဒါ့အပြင် ဒီရာသီမှာလည်း ပေါင်ခြံဒဏ်ရာကြောင့် အနားယူခဲ့ရပြီး တစ်ပွဲသာပွဲထွက်ကစားခဲ့ရတာပါ။

ဖီနာဘာချီအသင်းနည်းပြဗစ်တာပါရဲရားဟာ အိုဇေးလ်ရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်မှုမရှိတာကြောင့် အိုဇေးလ်ထက် အသက်(၂၀)နှစ်သာရှိသေးတဲ့ လူငယ်ကွင်းလယ်ကစားသမား ဂမ်မက်စ်ကိုင်ရာကို ဦးစားပေးအသုံးပြုနေပြီး

ပြီးခဲ့တဲ့ယူရိုပါလိဂ်ခြေစစ်ပွဲတွေမတိုင်ခင်တုန်းက အိုဇေးလ်နဲ့နည်းပြဗစ်တာပါရဲရားတို့ အပြန်အလှန်အချင်းများခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

အဲဒီလိုအနေအထားတွေကြောင့် အိုဇေးလ်ဟာ ဖီနာဘာချီအသင်းကနေထွက်ခွာပြီး မေဂျာလိဂ်ဒါမှမဟုတ် ကာတာကလပ်အသင်းဆီပြောင်းရွှေ့လိုနေတယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပေမယ့်

အိုဇေးလ်ရဲ့အေးဂျင့်ကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့သလို အိုဇေးလ်ဟာ ဖီနာဘာချီအသင်းမှာပျော်ရွှင်နေပြီဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားဖို့ဆုံးဖြတ်ထားတယ်လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖီနာဘာခ်ီမွာကစားရတာ မေပ်ာ္႐ႊင္ေတာ့တဲ့ အိုေဇးလ္ ေမဂ်ာလိဂ္၊ ကာတာကို ေျပာင္းဖို႔ရွိေန

အာဆင္နယ္အသင္းကေန ဖီနာဘာခ်ီကို ေျပာင္းေ႐ႊ႕ခဲ့သူ ဂ်ာမန္နာမည္ေက်ာ္ကြင္းလယ္လူအိုေဇးလ္ဟာ အသင္းမွာ (၈)လသာကစားခဲ့ေပမယ့္ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး ဖီနာဘာခ်ီနဲ႔လမ္းခြဲဖို႔ဆႏၵရွိေနပါတယ္။ အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့အိုေဇးလ္ဟာ အခုႏွစ္၊ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ႏွစ္ဦးသေဘာတူညီမႈရခဲ့ၿပီး တူရကီထိပ္သီးဖီနာဘာခ်ီအသင္းကို အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တာပါ။

အိုေဇးလ္နဲ႔ဖီနာဘာခ်ီအသင္းတို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းက (၃)ႏွစ္အထိက်န္ရွိေနေသးေပမယ့္ ကစားသမားက အသင္းေျပာင္းေ႐ႊ႕ဖို႔ဆႏၵရွိေနတယ္လို႔ စပိန္အားကစားသတင္းစာ AS က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဖီနာဘာခ်ီအသင္းမွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့အတြက္ အိုေဇးလ္တစ္ေယာက္ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး သူ႔ကိုေခၚယူဖို႔ ကာတာနဲ႔ ေမဂ်ာလိဂ္ကလပ္အသင္းေတြက စိတ္ဝင္စားေနၾကတယ္လို႔ သတင္းထြက္ေနတာပါ။ ဖီနာဘာခ်ီအသင္းကို စတင္ေရာက္ရွိခဲ့ခ်ိန္တုန္းက “ကြၽန္ေတာ္ဟာ ဖီနာဘာခ်ီအသင္းကို အၿမဲတမ္းအားေပးခဲ့တာျဖစ္ၿပီး အခု ဖီနာဘာခ်ီမွာကစားခ်င္တဲ့ ကြၽန္ေတာ့္ရဲ႕အိပ္မက္ေတြတကယ္ျဖစ္လာခဲ့ပါၿပီ”လို႔ အိုေဇးလ္ေျပာၾကားခဲ့ဖူးေပမယ့္ (၈)လအၾကာမွာပဲ အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနတာျဖစ္ပါတယ္။

အိုေဇးလ္ဟာ အာဆင္နယ္အသင္းမွာကတည္းက ဒဏ္ရာျပႆနာေတြနဲ႔႐ုန္းကန္ခဲ့ရသလို ဖီနာဘာခ်ီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာလည္း ၿပီးခဲ့တဲ့မတ္လတုန္းက ေျခခ်င္းဝတ္အ႐ြတ္စုတ္ၿပဲတဲ့ဒဏ္ရာေၾကာင့္ ၂၀၂၀-၂၁ ရာသီဝက္တစ္ေလွ်ာက္ စုစုေပါင္း(၁၀)ပြဲသာကစားခဲ့ရပါတယ္။ ဒါ့အျပင္ ဒီရာသီမွာလည္း ေပါင္ၿခံဒဏ္ရာေၾကာင့္ အနားယူခဲ့ရၿပီး တစ္ပြဲသာပြဲထြက္ကစားခဲ့ရတာပါ။ ဖီနာဘာခ်ီအသင္းနည္းျပဗစ္တာပါရဲရားဟာ အိုေဇးလ္ရဲ႕စြမ္းေဆာင္ရည္ကို အားရေက်နပ္မႈမရွိတာေၾကာင့္ အိုေဇးလ္ထက္ အသက္(၂၀)ႏွစ္သာရွိေသးတဲ့ လူငယ္ကြင္းလယ္ကစားသမား ဂမ္မက္စ္ကိုင္ရာကို ဦးစားေပးအသုံးျပဳေနၿပီး ၿပီးခဲ့တဲ့ယူ႐ိုပါလိဂ္ေျခစစ္ပြဲေတြမတိုင္ခင္တုန္းက အိုေဇးလ္နဲ႔နည္းျပဗစ္တာပါရဲရားတို႔ အျပန္အလွန္အခ်င္းမ်ားခဲ့တယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။

အဲဒီလိုအေနအထားေတြေၾကာင့္ အိုေဇးလ္ဟာ ဖီနာဘာခ်ီအသင္းကေနထြက္ခြာၿပီး ေမဂ်ာလိဂ္ဒါမွမဟုတ္ ကာတာကလပ္အသင္းဆီေျပာင္းေ႐ႊ႕လိုေနတယ္ဆိုတဲ့ သတင္းေတြက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚေနေပမယ့္ အိုေဇးလ္ရဲ႕ေအးဂ်င့္ကေတာ့ အဲဒီသတင္းေတြကို ျငင္းဆန္ခဲ့သလို အိုေဇးလ္ဟာ ဖီနာဘာခ်ီအသင္းမွာေပ်ာ္႐ႊင္ေနၿပီျဖစ္ၿပီး အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ကစားဖို႔ဆုံးျဖတ္ထားတယ္လို႔ ဆိုခဲ့ပါတယ္။