ဖိုဒမ်က ဟာလန်းထက်သာတယ်လို့ ပြောဆိုတဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ မေ ၂၉ တွင် အစ္စတန်ဘူရှိ အတာတက်ခ်ကွင်းတွင် ကစားမှာဖြစ်ပါတယ်။

ယူနိုက်တက် နောက်ခံလူ ဖာဒီနန်ကတော့ မန်စီးတီးကြယ်ပွင့် ဖီးလ်ဖိုဒမ်ရဲ့ ခြေစွမ်းကို ချီးကျူးထားပါတယ်။

ဖိုဒမ်အနေနဲ့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးလူငယ် ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားပြီး အထက်တန်းအဆင့်ရှိကြောင်းမှတ်ချက်ပေးထားတာပါ။

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က “ကျွန်တော်မန်စီးတီးအသင်းပရိသတ်မဟုတ်ပေမယ့် သူတို့ကစားတာကို ကြည့်ရတာအတော်လေး နှစ်သက်ကျေနပ်ပါတယ်။”

“မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊ စတာလင်၊ ဂမ်ဒိုဂန်နဲ့ ဒီဘရိုင်းတို့ရဲ့ Total Football ကစားပုံဟာ အတော့်ကို အချိတ်အဆက်မိပါတယ်။

အဲဒီထဲမှာတော့ လူငယ်ကြယ်ပွင့် ဖိုဒမ်ကတော့ အကောင်းဆုံးလူငယ်ကစားသမားခြေစွမ်းမျိုးကို ရနေတာပေါ့။”

“ဟာလန်းတောင် သူ့အဆင့်ကို မရောက်သေးပါဘူး။ ကွင်းအတွင်း ရွေ့လျားကစားကွက်ဖော်ရာမှာ အခုအချိန်မှာ ဖိုဒမ်က အကောင်းဆုံးပါ။”

“အသက် ၃၆ နှစ်အရွယ် ဖာနန်ဒင်ဟိုကလည်း အကောင်းဆုံး ကစားပြသွားတဲ့အတွက် ထိပ်တန်းအသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာဖြစ်ပါတယ်”ဆိုပြီး ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖိုဒမ္က ဟာလန္းထက္သာတယ္လို႔ ေျပာဆိုတဲ့ ဖာဒီနန္

မန္စီးတီးအသင္းဟာ ပီအက္စ္ဂ်ီကို ေက်ာ္ျဖတ္ၿပီးေနာက္ ပထမဦးဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ေရာက္ရွိခဲ့တာျဖစ္ ပါတယ္။ ဗိုလ္လုပြဲကိုေတာ့ ေမ ၂၉ တြင္ အစၥတန္ဘူရွိ အတာတက္ခ္ကြင္းတြင္ ကစားမွာျဖစ္ပါတယ္။

ယူနိုက္တက္ ေနာက္ခံလူ ဖာဒီနန္ကေတာ့ မန္စီးတီးၾကယ္ပြင့္ ဖီးလ္ဖိုဒမ္ရဲ့ ေျခစြမ္းကို ခ်ီးက်ဴးထားပါတယ္။ ဖိုဒမ္အေနနဲ႔ လက္ရွိမွာ ကမၻာ့အေကာင္းဆုံးလူငယ္ ေျခစြမ္းမ်ိဳးကို ပိုင္ဆိုင္ထားၿပီး အထက္တန္းအဆင့္ရွိေၾကာင္းမွတ္ခ်က္ေပးထားတာပါ။

ယူနိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္က “ကၽြန္ေတာ္မန္စီးတီးအသင္းပရိသတ္မဟုတ္ေပမယ့္ သူတို့ကစားတာကို ၾကည့္ရတာအေတာ္ေလး ႏွစ္သက္ေက်နပ္ပါတယ္။”

“မာရက္ဇ္၊ ဘာနာဒိုေဆးလ္ဗား၊ စတာလင္၊ ဂမ္ဒိုဂန္နဲ႔ ဒီဘရိုင္းတို့ရဲ့ Total Football ကစားပုံဟာ အေတာ့္ကို အခ်ိတ္အဆက္မိပါတယ္။ အဲဒီထဲမွာေတာ့ လူငယ္ၾကယ္ပြင့္ ဖိုဒမ္ကေတာ့ အေကာင္းဆုံးလူငယ္ကစားသမားေျခစြမ္းမ်ိဳးကို ရေနတာေပါ့။”

“ဟာလန္းေတာင္ သူ႔အဆင့္ကို မေရာက္ေသးပါဘူး။ ကြင္းအတြင္း ေရြ႕လ်ားကစားကြက္ေဖာ္ရာမွာ အခုအခ်ိန္မွာ ဖိုဒမ္က အေကာင္းဆုံးပါ။”

“အသက္ ၃၆ ႏွစ္အရြယ္ ဖာနန္ဒင္ဟိုကလည္း အေကာင္းဆုံး ကစားျပသြားတဲ့အတြက္ ထိပ္တန္းအသင္းတစ္သင္းရဲ့ စြမ္းေဆာင္ရည္လို့ ေျပာရမွာျဖစ္ပါတယ္”ဆိုၿပီး ေျပာပါတယ္။