ဖိုဒန်ဟာ ရက်ရှ်ဖို့ဒ်နဲ့ဂရင်းဝုဒ်တို့ထက်ပိုကောင်းပြီး ဆေးလ်ဗားကိုလည်းကျော်လိမ့်မယ်လု့ိ စပါးကစားသမားဟောင်းသုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်စီးတီးလူငယ်ကြယ်ပွင့်ဖီးလ်ဖိုဒန်မှာ အင်္ဂလန်ရဲ့အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်လာမယ့်အလားအလာရှိပြီး မန်စီးတီးမှာ ဒေးဗစ်ဆေးလ်ဗားကိုလည်း ကျော်လိမ့်မယ်လို့ ပရီးမီးယားလိဂ်ကစားသမားဟောင်းဂျေမီအိုဟားရားက သုံးသပ်ပြောကြားလိုက်ပါတယ်။ အသက် ၂၀ သာရှိသေးပြီး ထွန်းပေါက်မယ့်သူအဖြစ် သတ်မှတ်ခံထားရပေမယ့် ဖိုဒန်ဟာ သူ့ရဲ့အခွင့်အရေးတွေအတွက် ဂွါဒီယိုလာရဲ့လက်အောက်မှာ သည်းခံစွာစောင့်ဆိုင်းခဲ့ရပါတယ်။

photo-credit

ဒါ့အပြင် ပုံမှန်ကစားခွင့်ရဖို့ အငှားထွက်သင့်တယ်ဆိုတဲ့ တိုက်တွန်းမှုတွေနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ လူကောင်းခပ်သေးသေးနဲ့ ဖိုဒန်ဟာ သူ့ဇာတိကလပ်အတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာပြီး ရီးရဲလ်ကို ထမ်မံအနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှာဆိုရင် ဘာနာဒိုနဲ့ဒေးဗစ်တို့ ဆေးလ်ဗားနှစ်ဦးလုံးထက်အပြင် မာရက်ဇ်ကိုလည်းကျော်ပြီးတော့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

photo credit

အဲဒီပွဲမှာလည်း ဖိုဒန်ဟာ အသင်းနဲ့လိုက်လျောညီထွေရှိစွာ ကစားနိုင်ခဲ့တာပါ။ အခုရာသီအကုန်မှာ ဒေးဗစ်ဆေးလ်ဗားက အသင်းပြောင်းတော့မှာဆိုတော့ လာမယ့်ရာသီမှာ မန်စီးတီးက ဖိုဒန်ရဲ့အခန်းကဏ္ဍဟာ ပိုပြီးအရေးပါလာဖို့ ရှိပါတယ်။

photo-credit

ဒါကြောင့်လည်း စပါးနဲ့ဝုဗ်ကွင်းလယ်လူဟောင်းဂျေမီအိုဟားရားက”ကျွန်တော့်အတွက်ကတော့ သူဟာ အင်္ဂလန်အတွက် ကစားပေးနိုင်မယ့် အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်လာမှာပါ။ ကျွန်တော်တို့က မန်စီးတီးက ဂန္ထဝင်တစ်ယောက်အနေနဲ့ ဒေးဗစ်ဆေးလ်ဗားအကြောင်းပြောနေကြပေမယ့် သူဟာ ပြီးဆုံးသွားခဲ့ပါပြီ။  ဖိုဒန်ဟာ မန်စီးတီးက ဆေးလ်ဗားထက် ပိုကောင်းတဲ့အခြေအနေကိုရောက်မယ်လို့ ထင်ပါတယ်။ သူဟာ ကလေးပဲရှိသေးပေမယ့် ရီးရဲလ်နဲ့ပွဲမှာ ပါဝင်ခြေစွမ်းပြကစားပြီးသားဖြစ်နေပြီ။ အားလုံးက ဂရင်းဝုဒ်တို့၊ ရက်ရှ်ဖို့ဒ်တို့အကြောင်းပြောနေကြပေမယ့် ဖိုဒန်ကသာ အကောင်းဆုံးကစားသမားပါ။ သူဟာ အင်္ဂလန်ရဲ့အကောင်းဆုံးလည်း ဖြစ်လာပါလိမ့်မယ်”လို့ ဖိုဒန်နဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ဖုိဒန္ဟာ ရက္ရွ္ဖို႔ဒ္နဲ႔ဂရင္း၀ုဒ္တုိ႔ထက္ပိုေကာင္းၿပီး ေဆးလ္ဗားကိုလည္းေက်ာ္လိမ့္မယ္လု႔ိ စပါးကစားသမားေဟာင္းသုံးသပ္

မန္စီးတီးလူငယ္ၾကယ္ပြင့္ဖီးလ္ဖုိဒန္မွာ အဂၤလန္ရဲ႕အေကာင္းဆုံးေတြထဲက တစ္ေယာက္ျဖစ္လာမယ့္အလားအလာရွိၿပီး မန္စီးတီးမွာ ေဒးဗစ္ေဆးလ္ဗားကိုလည္း ေက်ာ္လိမ့္မယ္လို႔ ပရီးမီးယားလိဂ္ကစားသမားေဟာင္းေဂ်မီအိုဟားရားက သုံးသပ္ေျပာၾကားလိုက္ပါတယ္။ အသက္ ၂၀ သာရွိေသးၿပီး ထြန္းေပါက္မယ့္သူအျဖစ္ သတ္မွတ္ခံထားရေပမယ့္ ဖိုဒန္ဟာ သူ႔ရဲ႕အခြင့္အေရးေတြအတြက္ ဂြါဒီယိုလာရဲ႕လက္ေအာက္မွာ သည္းခံစြာေစာင့္ဆုိင္းခဲ့ရပါတယ္။

ဒါ့အျပင္ ပုံမွန္ကစားခြင့္ရဖို႔ အငွားထြက္သင့္တယ္ဆိုတဲ့ တုိက္တြန္းမႈေတြနဲ႔ႀကဳံခဲ့ရပါတယ္။ ဒါေပမဲ့ လူေကာင္းခပ္ေသးေသးနဲ႔ ဖုိဒန္ဟာ သူ႔ဇာတိကလပ္အတြက္ အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္လာၿပီး ရီးရဲလ္ကို ထမ္မံအႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲစဥ္မွာဆုိရင္ ဘာနာဒိုနဲ႔ေဒးဗစ္တို႔ ေဆးလ္ဗားႏွစ္ဦးလုံးထက္အျပင္ မာရက္ဇ္ကိုလည္းေက်ာ္ၿပီးေတာ့ ပြဲထြက္ခြင့္ရခဲ့ပါတယ္။

အဲဒီပြဲမွာလည္း ဖိုဒန္ဟာ အသငး္နဲ႔လိုက္ေလ်ာညီေထြရွိစြာ ကစားႏိုင္ခဲ့တာပါ။ အခုရာသီအကုန္မွာ ေဒးဗစ္ေဆးလ္ဗားက အသင္းေျပာင္းေတာ့မွာဆုိေတာ့ လာမယ့္ရာသီမွာ မန္စီးတီးက ဖုိဒန္ရဲ႕အခန္းက႑ဟာ ပိုၿပီးအေရးပါလာဖို႔ ရွိပါတယ္။

ဒါေၾကာင့္လည္း စပါးနဲ႔၀ုဗ္ကြင္းလယ္လူေဟာင္းေဂ်မီအုိဟားရားက”ကၽြန္ေတာ့္အတြက္ကေတာ့ သူဟာ အဂၤလန္အတြက္ ကစားေပးႏိုင္မယ့္ အေကာင္းဆုံးေတြထဲက တစ္ေယာက္ျဖစ္လာမွာပါ။ ကၽြန္ေတာ္တုိ႔က မန္စီးတီးက ဂႏၳ၀င္တစ္ေယာက္အေနနဲ႔ ေဒးဗစ္ေဆးလ္ဗားအေၾကာင္းေျပာေနၾကေပမယ့္ သူဟာ ၿပီးဆုံးသြားခဲ့ပါၿပီ။  ဖုိဒန္ဟာ မန္စီးတီးက ေဆးလ္ဗားထက္ ပိုေကာင္းတဲ့အေျခအေနကိုေရာက္မယ္လုိ႔ ထင္ပါတယ္။ သူဟာ ကေလးပဲရွိေသးေပမယ့္ ရီးရဲလ္နဲ႔ပြဲမွာ ပါ၀င္ေျခစြမ္းျပကစားၿပီးသားျဖစ္ေနၿပီ။ အားလုံးက ဂရင္း၀ုဒ္တုိ႔၊ ရက္ရွ္ဖို႔ဒ္တို႔အေၾကာင္းေျပာေနၾကေပမယ့္ ဖုိဒန္ကသာ အေကာင္းဆုံးကစားသမားပါ။ သူဟာ အဂၤလန္ရဲ႕အေကာင္းဆုံးလည္း ျဖစ္လာပါလိမ့္မယ္”လုိ႔ ဖုိဒန္နဲ႔ပတ္သက္ၿပီး သူ႔အျမင္ကိုေျပာခဲ့ပါတယ္။