ဖိုင်နယ်ရောက် အီတလီကြောင့် ဘော်လွန်းဒီအော်ဆုကို လက်တစ်ကမ်းအကွာက နှုတ်ဆက်ရနိုင်တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘော်လွန်းဒီအော်ဆုကို နောက်ဆုံးအကြိမ် ပေးအပ်ခဲ့တာက ၂၀၁၉ ခုနှစ်တုန်းကဖြစ်ပါတယ်။

အဲဒီတုန်းက ချန်ပီယံလိဂ်ဖလားအနိုင်ရ လီဗာပူးအသင်းရဲ့ အဓိက ခံစစ်မှူး ဗန်ဒိုက်ကို ၇ မှတ်အသာနဲ့ ကပ်ပြီး ကျော်ဖြတ်ကာ မက်ဆီက အနိုင်ရခဲ့ပါတယ်။

ယူအီးအက်ဖ်အေက ပေးအပ်တဲ့ ဥရောပ အကောင်းဆုံး ကစားသမားဆုအတွက်တော့ ဗန်ဒိုက်က မက်ဆီကိုကျော်ပြီး အနိုင်ရခဲ့ပါတယ်။

၂၀၂၀ မှာတော့ ဘွန်ဒက်လီဂါ၊ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၃ လုံး အောင်မြင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့အဓိက အသင်းသား လီဝမ်ဒေါ့စကီးဟာ သူ့ကစားသမားဘဝ ပထမဆုံးသော ဘော်လွန်းဒီအော်ဆုကို အနိုင်ရမယ်လို့ ရေပန်းစားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ဘောလုံးအဖွဲ့က ကပ်ရောဂါကြောင့် ဆုချီးမြင့်ရေးကို ဖျက်သိမ်းခဲ့ရာက လီဝမ်ဒေါ့စကီးဟာ ဘော်လွန်းဒီအော်ဆု အနိုင်ရဖို့ကို လွဲချော်ခဲ့ပါတယ်။

အီတလီအသင်းယူရို ၂၀၂၀ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မက်ဆီရဲ့ဘော်လွန်းဒီအော်ဆု ၇ ကြိမ်မြောက် အိပ်မက်ကလည်း အဆုံးသတ်ဖွယ်ရှိနေပါတယ်။

အာဂျင်တိုင်းသားရဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ကာ ဘာစီလိုနာအသင်းကိုလည်း သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ ကူညီနေတာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ကိုပါအမေရိကဖလားရရှိဖို့လည်း တစ်ပွဲသာ လိုအပ်တော့တာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းကိုသာ ကျော်ဖြတ်နိုင်ခဲ့ပါက အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဆုဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဆာရီကတော့ မက်ဆီထက် ဂျော်ဂျင်ဟိုသာ ဘော်လွန်းဒီအော်ဆုရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“အီတလီအသင်း ယူရိုဖလားရမယ်ဆိုရင် ဂျော်ဂျင်ဟိုက ဘော်လွန်းဒီအော်ဆုရနိုင်ပါတယ်။

သူက တကယ်ကောင်းတဲ့ကွင်းလယ်လူတစ်ဦးပါ။ ပွဲတစ်ပွဲမှာ အားလုံးက သူ့ကိုပဲကြည့်သင့်ပါတယ်။

သူ့ကြောင့်ပဲပွဲက အခြေအနေပြောင်းလဲသွားတာပါ”လို့ ဆာရီက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖိုင္နယ္ေရာက္ အီတလီေၾကာင့္ ေဘာ္လြန္းဒီေအာ္ဆုကို လက္တစ္ကမ္းအကြာက ႏႈတ္ဆက္ရႏိုင္တဲ့ မက္ဆီ

ေဘာ္လြန္းဒီေအာ္ဆုကို ေနာက္ဆုံးအႀကိမ္ ေပးအပ္ခဲ့တာက ၂၀၁၉ ခုႏွစ္တုန္းကျဖစ္ပါတယ္။ အဲဒီတုန္းက ခ်န္ပီယံလိဂ္ဖလားအႏိုင္ရ လီဗာပူးအသင္းရဲ႕ အဓိက ခံစစ္မႉး ဗန္ဒိုက္ကို ၇ မွတ္အသာနဲ႔ ကပ္ၿပီး ေက်ာ္ျဖတ္ကာ မက္ဆီက အႏိုင္ရခဲ့ပါတယ္။ ယူအီးအက္ဖ္ေအက ေပးအပ္တဲ့ ဥေရာပ အေကာင္းဆုံး ကစားသမားဆုအတြက္ေတာ့ ဗန္ဒိုက္က မက္ဆီကိုေက်ာ္ၿပီး အႏိုင္ရခဲ့ပါတယ္။

၂၀၂၀ မွာေတာ့ ဘြန္ဒက္လီဂါ၊ ခ်န္ပီယံလိဂ္ အပါအဝင္ ဆုဖလား ၃ လုံး ေအာင္ျမင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ရဲ႕အဓိက အသင္းသား လီဝမ္ေဒါ့စကီးဟာ သူ႔ကစားသမားဘဝ ပထမဆုံးေသာ ​ေဘာ္လြန္းဒီေအာ္ဆုကို အႏိုင္ရမယ္လို႔ ေရပန္းစားခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပင္သစ္ေဘာလုံးအဖြဲ႕က ကပ္​ေရာဂါေၾကာင့္ ဆုခ်ီးျမင့္ေရးကို ဖ်က္သိမ္းခဲ့ရာက လီဝမ္ေဒါ့စကီးဟာ ​ေဘာ္လြန္းဒီေအာ္ဆု အႏိုင္ရဖို႔ကို လြဲေခ်ာ္ခဲ့ပါတယ္။

အီတလီအသင္းယူ႐ို ၂၀၂၀ ဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ မက္ဆီရဲ႕ေဘာ္လြန္းဒီေအာ္ဆု ၇ ႀကိမ္ေျမာက္ အိပ္မက္ကလည္း အဆုံးသတ္ဖြယ္ရွိေနပါတယ္။ အာဂ်င္တိုင္းသားရဲ႕ အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကဖိုင္နယ္ကို တက္ေရာက္ထားႏိုင္ခဲ့ကာ ဘာစီလိုနာအသင္းကိုလည္း သြင္းဂိုးေတြ ဂိုးဖန္တီးမႈေတြနဲ႔ ကူညီေနတာျဖစ္ပါတယ္။

ဒါ့အျပင္ မက္ဆီဟာ ကိုပါအေမရိကဖလားရရွိဖို႔လည္း တစ္ပြဲသာ လိုအပ္ေတာ့တာ ျဖစ္ပါတယ္။ ဘရာဇီးအသင္းကိုသာ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါက အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကဆုဖလားကို ကိုင္ေျမႇာက္ႏိုင္မွာျဖစ္ပါတယ္။

ဒါေပမယ့္ ဆာရီကေတာ့ မက္ဆီထက္ ေဂ်ာ္ဂ်င္ဟိုသာ ေဘာ္လြန္းဒီေအာ္ဆုရလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။ “အီတလီအသင္း ယူ႐ိုဖလားရမယ္ဆိုရင္ ေဂ်ာ္ဂ်င္ဟိုက ေဘာ္လြန္းဒီေအာ္ဆုရႏိုင္ပါတယ္။ သူက တကယ္ေကာင္းတဲ့ကြင္းလယ္လူတစ္ဦးပါ။ ပြဲတစ္ပြဲမွာ အားလုံးက သူ႔ကိုပဲၾကည့္သင့္ပါတယ္။ သူ႔ေၾကာင့္ပဲပြဲက အေျခအေနေျပာင္းလဲသြားတာပါ”လို႔ ဆာရီက ေျပာၾကားခဲ့ပါတယ္။