ဖိုင်နယ်ရောက်ဖို့ အာဆင်နယ် ရေပန်းစားပြီး အူဘာမီယန်းက ပြိုင်ဘက်အတွက် လူသတ်သမားလို့ အမ်မရီ သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပထမအကျော့မှာ အနိုင်ရထားပေမယ့် အင်္ဂလန်မြေမှာ အာဆင်နယ်ကသာ အနိုင်ရပြီး ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်ပြီး

ပြန်ပါဖို့ရှိတဲ့ တိုက်စစ်မှုး အူဘာမီယန်းကလည်း ပြိုင်ဘက်ကို အပြတ်ရှင်းနိုင်တဲ့ အဆုံးသတ်သေချာသူတစ်ဦးဖြစ်တယ်လို့ ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက ပြောကြားသွားခဲ့ပါတယ်။

အမ်မရီက ” ပမအကျော့ ရလဒ်က နိုင်ခဲ့ပေမယ့် အခုကစားရမယ့်ပွဲမှာ ကျွန်တော်တို့က အောက်အသင်းဖြစ်နေဆဲပါ။ ၂-၁ ဆိုတဲ့ ရလဒ်ကလည်း ကျဉ်းမြောင်းပါတယ်။ ဖိုင်နယ်တက်ဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာဆိုတဲ့ အချက်ကို မေ့လို့မရပါဘူး။

ဘာလို့ ဒီလိုပြောရလဲဆိုရင် သမိုင်းကြောင်းနဲ့ လက်ရှိအနေအထားတွေအပြင် ဘတ်ဂျက်သုံးထားတဲ့ အခြေအနေနဲ့ လူစာရင်းကြောင့်ပါ။

ဒါပေမယ့် ကျွန်တော်တို့က အောက်အသင်းဖြစ်ပေမယ့် ဥရောပပြိုင်ပွဲ အတွေ့အကြုံရှိတဲ့ အသင်းပါ” လို့ပြောကြားသွားခဲ့ပါတယ်။

အမ်မရီနဲ့ အူဘာမီယန်းတို့ဟာ အာဆင်နယ်မှာ လက်တွဲခဲ့ကြဖူးပြီး လွန်ခဲ့တဲ့ ၂နှစ်က ဗလင်စီယာအသင်းကို ဒုတိယအကျော့မှာ အးဘာမီယန်းရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ကြတာပါ။

ပထမအကျော့တုန်းက ပွဲပြီးခါနီး ၅မိနစ်မှ ဆာခါအစား လူစားဝင်ကစားခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ တုပ်ကွေးရောဂါကြောင့် ၁လကျော် အသင်းနဲ့ ကင်းကွာနေခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နယူကာဆယ်နဲ့ ပွဲမှာတော့ ပွဲထွက်ပါဝင်ကစားခဲ့ပြီး ၁ဂိုးသွင်းယူထားတဲ့သူပါ။

အူဘာမီယန်းဟာ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှုးဖြစ်တဲ့အတွက် သူပြန်ပါလာမယ့် အခုပွဲမှာ သတိထားရမယ်လို့ အမ်မရီက သတိပေးထားတာပါ။

အူဘာမီယန်းဟာ ပြင်းထန်တဲ့ တုပ်ကွေးရောဂါကြောင့် ကိုယ်အလေးချိန် ၄ကီလိုခန့်ကျသွားခဲ့ပြီး နာလံပြန်ထနိုင်အောင် အေတော်လေး ကြိုးစားခဲ့ရတာပါ။

အူဘာမီယန်းက “ဆေးရုံမှာ ကျွန်တော့်ကို လာတွေ့တဲ့ မိသားစုဝင်တွေက လန့်သွားခဲ့တာပါ။

ကိုယ်အလေးချိန် ၄ကီလိုလောက် ကျသွားပြီး အတော်လေး အခြေအနေဆိုးခဲ့ပါတယ်။

အခုတော့ ပြန်ကောင်းလာပြီး နယူကာဆယ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်လိုက်တာ တကယ့်ကို ကောင်းပါတယ်။

အခုပွဲအတွက်လည်း စိတ်က ၁၀၀% ကျော် ကောင်းနေပြီး ဘော်ဒီပိုင်းကတော့ ၉၀% လောက်ဖြစ်ပါလိမ့်မယ် ” လို့ ပြောကြားထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖိုင္နယ္ေရာက္ဖို႔ အာဆင္နယ္ ေရပန္းစားၿပီး အူဘာမီယန္းက ၿပိဳင္ဘက္အတြက္ လူသတ္သမားလို႔ အမ္မရီ သတိေပး

ပထမအေက်ာ့မွာ အႏိုင္ရထားေပမယ့္ အဂၤလန္ေျမမွာ အာဆင္နယ္ကသာ အႏိုင္ရၿပီး ဗိုလ္လုပြဲတက္ဖို႔ ေရပန္းစားေနတဲ့ အသင္းျဖစ္ၿပီး ျပန္ပါဖို႔ရွိတဲ့ တိုက္စစ္မႈး အူဘာမီယန္းကလည္း ၿပိဳင္ဘက္ကို အျပတ္ရွင္းႏိုင္တဲ့ အဆုံးသတ္ေသခ်ာသူတစ္ဦးျဖစ္တယ္လို႔ ဗီလာရီးရဲလ္နည္းျပ အူႏိုင္းအမ္မရီက ေျပာၾကားသြားခဲ့ပါတယ္။

အမ္မရီက ” ပမအေက်ာ့ ရလဒ္က ႏိုင္ခဲ့ေပမယ့္ အခုကစားရမယ့္ပြဲမွာ ကြၽန္ေတာ္တို႔က ေအာက္အသင္းျဖစ္ေနဆဲပါ။ ၂-၁ ဆိုတဲ့ ရလဒ္ကလည္း က်ဥ္းေျမာင္းပါတယ္။ ဖိုင္နယ္တက္ဖို႔ ေရပန္းစားေနတဲ့ အသင္းတစ္သင္းနဲ႔ ယွဥ္ၿပိဳင္ရမွာဆိုတဲ့ အခ်က္ကို ေမ့လို႔မရပါဘူး။

ဘာလို႔ ဒီလိုေျပာရလဲဆိုရင္ သမိုင္းေၾကာင္းနဲ႔ လက္ရွိအေနအထားေတြအျပင္ ဘတ္ဂ်က္သုံးထားတဲ့ အေျခအေနနဲ႔ လူစာရင္းေၾကာင့္ပါ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔က ေအာက္အသင္းျဖစ္ေပမယ့္ ဥေရာပၿပိဳင္ပြဲ အေတြ႕အႀကဳံရွိတဲ့ အသင္းပါ” လို႔ေျပာၾကားသြားခဲ့ပါတယ္။

အမ္မရီနဲ႔ အူဘာမီယန္းတို႔ဟာ အာဆင္နယ္မွာ လက္တြဲခဲ့ၾကဖူးၿပီး လြန္ခဲ့တဲ့ ၂ႏွစ္က ဗလင္စီယာအသင္းကို ဒုတိယအေက်ာ့မွာ အးဘာမီယန္းရဲ႕ ဟက္ထရစ္သြင္းဂိုးနဲ႔ အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္တက္ႏိုင္ခဲ့ၾကတာပါ။

ပထမအေက်ာ့တုန္းက ပြဲၿပီးခါနီး ၅မိနစ္မွ ဆာခါအစား လူစားဝင္ကစားခဲ့တာျဖစ္ၿပီး ျပင္းထန္တဲ့ တုပ္ေကြးေရာဂါေၾကာင့္ ၁လေက်ာ္ အသင္းနဲ႔ ကင္းကြာေနခဲ့တာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ နယူကာဆယ္နဲ႔ ပြဲမွာေတာ့ ပြဲထြက္ပါဝင္ကစားခဲ့ၿပီး ၁ဂိုးသြင္းယူထားတဲ့သူပါ။ အူဘာမီယန္းဟာ အဆုံးသတ္ေကာင္းတဲ့ တိုက္စစ္မႈးျဖစ္တဲ့အတြက္ သူျပန္ပါလာမယ့္ အခုပြဲမွာ သတိထားရမယ္လို႔ အမ္မရီက သတိေပးထားတာပါ။

အူဘာမီယန္းဟာ ျပင္းထန္တဲ့ တုပ္ေကြးေရာဂါေၾကာင့္ ကိုယ္အေလးခ်ိန္ ၄ကီလိုခန႔္က်သြားခဲ့ၿပီး နာလံျပန္ထႏိုင္ေအာင္ ေအေတာ္ေလး ႀကိဳးစားခဲ့ရတာပါ။ အူဘာမီယန္းက “ေဆး႐ုံမွာ ကြၽန္ေတာ့္ကို လာေတြ႕တဲ့ မိသားစုဝင္ေတြက လန႔္သြားခဲ့တာပါ။ ကိုယ္အေလးခ်ိန္ ၄ကီလိုေလာက္ က်သြားၿပီး အေတာ္ေလး အေျခအေနဆိုးခဲ့ပါတယ္။

အခုေတာ့ ျပန္ေကာင္းလာၿပီး နယူကာဆယ္နဲ႔ပြဲမွာ ဂိုးသြင္းႏိုင္လိုက္တာ တကယ့္ကို ေကာင္းပါတယ္။ အခုပြဲအတြက္လည္း စိတ္က ၁၀၀% ေက်ာ္ ေကာင္းေနၿပီး ေဘာ္ဒီပိုင္းကေတာ့ ၉၀% ေလာက္ျဖစ္ပါလိမ့္မယ္ ” လို႔ ေျပာၾကားထားပါတယ္။