ဖိအားေအာက္ေရာက္ဆုိးလ္ရွားအတြက္ ေသတဲ့ထိ တိုက္ပြဲ၀င္သြားမယ္လုိ႔ ဒီဂီယာကတိျပဳ

photo-gettyimages

photo-gettyimages

မၾကာေသးခင္ပြဲေတြက စိတ္ပ်က္ဖြယ္ေျခစြမး္ေၾကာင့္ မန္ယူနည္းျပဆုိးလ္ရွားဟာ ဖိအားေအာက္ေရာက္ရွိေနပမယ့္ ဂိုးသမားဒီဂီယာကေတာ့ ေထာက္ခံအားေပးခ့ဲဲၿပီး ဆုိးလ္ရွားအတြက္ ေသတဲ့ထိ တုိက္ပြဲ၀င္သြားမယ္လုိ႔ ကတိေပးေျပာၾကားလိုက္ပါတယ္။ ဆုိးလ္ရွားဟာ ေမာ္ရင္ဟိုေနရာ အစား၀င္ေရာက္ကာစ ယာယီနည္းျပဘ၀မွာ ရလဒ္ေတြ ဆက္တုိက္ေကာင္းမြန္ခဲ့ေပမယ့္ အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရၿပီးကတည္းက အေျခအေနေတြဟာ ေျပာင္းျပန္ျဖစ္သြားပါတယ္။ ဒါေၾကာင့္လည္း မန္ယူဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လြဲေခာ်္ခဲ့ရၿပီး ဒီရာသီအစပရီးမီးယားလိဂ္ ၆ ပြဲမွာလည္း ေျခစြမ္းအရ အားနည္းခ်က္ေတြရွိခဲ့ကာ ၈ မွတ္သာရယူႏိုင္ခဲ့တာပါ။

photo-gettyimages

ဒီအတြက္ ဆုိးလ္ရွားရဲ႕အနာဂါတ္အေပၚ ေမးခြန္းထုတ္မႈေတြရွိလာခဲ့ေပမယ့္ ဒီဂီယာကေတာ့ မန္ယူအေနနဲ႔ ေနာ္ေ၀သားနည္းျပကို ယုံၾကည္မႈဆက္ရွိရမယ္လု႔ိ အခုိင္အမာယူဆထားပါတယ္။ ဒါေၾကာင့္ ဒီဂီယာက”ဆိုးလ္ရွားဟာ မန္ယူမိသားစုရဲ႕အစိတ္အပိုင္းပါ။ ကစားသမားတစ္ေယာက္အေနနဲ႔ သူ ဒီမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ရွိခဲ့ပါတယ္။ ကလပ္အေၾကာင္းကို သူေကာင္းေကာင္းသိသလို အေရးႀကီးဆုံးကေတာ့ သူ႔ေနာက္မွာ တစ္သင္းလုံးရွိေနတာပါပဲ။ ကၽြန္ေတာ္တို႔ေတြ သူ႔အတြက္ ေသတဲ့ထိ တုိက္ပြဲ၀င္သြားမွာပါ။ အဲဒါက ေသာ့ခ်က္ပါပဲ။ သူဟာ နည္းျပေကာင္းတစ္ေယာက္ျဖစ္ၿပီး ေနာက္ဆုံးအခ်ိန္အထိ သူနဲ႔အတူ ကၽြန္ေတာ္တို႔ရွိသြားမွာပါ”လို႔ ေျပာၾကားလုိက္တာပါ။

photo-gettyimages

ဒီဂီယာဟာ မၾကာေသးခင္တုန္းကပဲ မန္ယူနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ၿပီး အိုးလ္ထရက္ဖုိ႔ဒ္မွာ ၂၀၂၃ ထိ ဆက္ရွိေနမွာျဖစ္ကာ ေနာက္တစ္ရာသီထပ္ရွိႏိုင္မယ့္အခ်က္ကိုလည္း ထည့္သြင္းထားပါတယ္။ သူဟာ လက္ရွိမန္ယူရဲ႕၀ါရင့္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး ၂၀၁၁ ကတည္းက အုိးလ္ထရက္ဖုိ႔ဒ္ကို ေရာက္ရွိေနတာပါ။ မၾကာေသးခင္ႏွစ္ေတြအတြင္း ရီးရဲလ္နဲ႔သတင္းေတြအဆက္မျပတ္ ထြက္ေပၚခဲ့ေပမယ့္လည္း မန္ယူကိုကိုယ္စားျပဳကစားရလုိ႔ ဂုဏ္ယူရေၾကာင္း အခုိင္အမာေျပာၾကားသြားခဲ့ပါတယ္။

[Unicode]

မကြာသေးခင်ပွဲတွေက စိတ်ပျက်ဖွယ်ခြေစွမ်းကြောင့် မန်ယူနည်းပြဆိုးလ်ရှားဟာ ဖိအားအောက်ရောက်ရှိနေပမယ့် ဂိုးသမားဒီဂီယာကတော့ ထောက်ခံအားပေးခဲ့ဲပြီး ဆိုးလ်ရှားအတွက် သေတဲ့ထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားဟာ မော်ရင်ဟိုနေရာ အစားဝင်ရောက်ကာစ ယာယီနည်းပြဘဝမှာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်ခဲ့ပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးကတည်းက အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း မန်ယူဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲခောျ်ခဲ့ရပြီး ဒီရာသီအစပရီးမီးယားလိဂ် ၆ ပွဲမှာလည်း ခြေစွမ်းအရ အားနည်းချက်တွေရှိခဲ့ကာ ၈ မှတ်သာရယူနိုင်ခဲ့တာပါ။

ဒီအတွက် ဆိုးလ်ရှားရဲ့အနာဂါတ်အပေါ် မေးခွန်းထုတ်မှုတွေရှိလာခဲ့ပေမယ့် ဒီဂီယာကတော့ မန်ယူအနေနဲ့ နော်ဝေသားနည်းပြကို ယုံကြည်မှုဆက်ရှိရမယ်လု့ိ အခိုင်အမာယူဆထားပါတယ်။ ဒါကြောင့် ဒီဂီယာက”ဆိုးလ်ရှားဟာ မန်ယူမိသားစုရဲ့အစိတ်အပိုင်းပါ။ ကစားသမားတစ်ယောက်အနေနဲ့ သူ ဒီမှာ နှစ်ပေါင်းများစွာကြာအောင် ရှိခဲ့ပါတယ်။ ကလပ်အကြောင်းကို သူကောင်းကောင်းသိသလို အရေးကြီးဆုံးကတော့ သူ့နောက်မှာ တစ်သင်းလုံးရှိနေတာပါပဲ။ ကျွန်တော်တို့တွေ သူ့အတွက် သေတဲ့ထိ တိုက်ပွဲဝင်သွားမှာပါ။ အဲဒါက သော့ချက်ပါပဲ။ သူဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး နောက်ဆုံးအချိန်အထိ သူနဲ့အတူ ကျွန်တော်တို့ရှိသွားမှာပါ”လို့ ပြောကြားလိုက်တာပါ။

ဒီဂီယာဟာ မကြာသေးခင်တုန်းကပဲ မန်ယူနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၂၃ ထိ ဆက်ရှိနေမှာဖြစ်ကာ နောက်တစ်ရာသီထပ်ရှိနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းထားပါတယ်။ သူဟာ လက်ရှိမန်ယူရဲ့ဝါရင့်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ၂၀၁၁ ကတည်းက အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိနေတာပါ။ မကြာသေးခင်နှစ်တွေအတွင်း ရီးရဲလ်နဲ့သတင်းတွေအဆက်မပြတ် ထွက်ပေါ်ခဲ့ပေမယ့်လည်း မန်ယူကိုကိုယ်စားပြုကစားရလို့ ဂုဏ်ယူရကြောင်း အခိုင်အမာပြောကြားသွားခဲ့ပါတယ်။