
photo-gettyimages
photo-gettyimages
မော်ရင်ဟိုဟာ ဇီဒန်းနေရာအစားဝင်သူအဖြစ် အသင်းဟောင်းရီးရဲလ်မက်ဒရစ်ကို ပြန်ရောက်ဖို့ နီးစပ်နေတယ်လို့ စပိန်က ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။ အသက် ၅၆ နှစ်အရွယ် အဲဒီပေါ်တူဂီသားနည်းပြဟာ မန်ယူကနေ အထုတ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး နာမည်ကြီးအားကစားရုပ်သံတွေမှာ ဝေဖန်သုံးသပ်သူအဖြစ်သာ လုပ်ကိုင်နေတာပါ။ အခုတော့ အဲဒီစပယ်ရှယ်ဝမ်းဟာ နောက်ထပ်တစ်ကြိမ်အဖြစ် ရီးရဲလ်နဲ့သတင်းတွေပြန်ကြီးနေပါတယ်။
photo-sport bible
ပြီးခဲ့တဲ့စနေမှာ ရီးရဲလ်က တန်းတက်အသင်းငယ်လေးမာယော့ကာ ၁-၀ ဂိုးနဲ့ မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပြီးနောက် ဇီဒန်းနေရာ အစားထိုးဖို့ ရီးရဲလ်ရဲ့နံပါတ် ၁ ဦးစားပေးက မော်ရင်ဟိုဖြစ်ကြောင်း စပိန်ရုပ်သံတစ်ခုက ဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီ ဇီဒန်းတစ်ကျော့ပြန်မရောက်ခင်ကတည်းက ရီးရဲလ်နဲ့အတော်လေးကို သတင်းထွက်ခဲ့ပြီး အသင်းဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်နဲ့လည်း ခိုင်မာတဲ့ဆက်ဆံရေးရှိပါတယ်။ ပီရက်ဇ်ဟာ ဒီရာသီမှာ မော်ရင်ဟိုပြန်လာနိုင်တဲ့အခြေအနေအတွက် တံခါးဖွင့်ခဲ့တယ်လို့လည်း ပြီးခဲ့တဲ့သြဂုတ်လက စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ AS က ဖော်ပြခဲ့ပါတယ်။
photo-gettyimages
လက်ရှိမှာတော့ အကြီးအကျယ်ရင်းနှီးမြှပ်နှံခဲ့တဲ့နွေရာသီအပြောင်းအရွှေ့အပြီးမှာ စိတ်ပျက်ဖွယ်ရလဒ်တွေကြောင့် ရီးရဲလ်နည်းပြဇီဒန်းဟာ ပြင်းထန်လှတဲ့ဖိအားတွေနဲ့ ကြုံတွေ့နေရပါတယ်။ ချန်ပီယံလိဂ်မှာလည်း ၁ မှတ်သာရသေးတာကြောင့် အုပ်စုအမှတ်ပေးဖယားအောက်ခြေရောက်နေပြီး လာမယ့်ဂါလာတာစာရေးနဲ့နှစ်ကျော့စလုံးမှာ အခြေအနေမကောင်းရင် ဇီဒန်းရဲ့အနာဂါတ်ဟာလည်း သေချာမှာ မဟုတ်တော့ပါဘူး။ လောလောဆယ်တော့ မာယော့ကာအရှုံးကြောင့် လာလီဂါမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို အဓိကပြိုင်ဘက်ဘာစီလိုနာထံ လွှဲပြောင်းပေးလိုက်ရပါတယ်။
[Zawgyi]
ဖိအားေအာက္ ဇီဒန္းေရာက္ေနခ်ိန္မွာ ရီးရဲလ္နဲ႔သတင္းေတြျပန္ႀကီးလာတဲ့ ေမာ္ရင္ဟို
ေမာ္ရင္ဟိုဟာ ဇီဒန္းေနရာအစား၀င္သူအျဖစ္ အသင္းေဟာင္းရီးရဲလ္မက္ဒရစ္ကို ျပန္ေရာက္ဖို႔ နီးစပ္ေနတယ္လို႔ စပိန္က ထြက္ေပၚလာတဲ့သတင္းေတြအရ သိရပါတယ္။ အသက္ ၅၆ ႏွစ္အရြယ္ အဲဒီေပၚတူဂီသားနည္းျပဟာ မန္ယူကေန အထုတ္ခံခဲ့ရၿပီးကတည္းက အသငး္လက္မဲ့ျဖစ္ေနခဲ့ၿပီး နာမည္ႀကီးအားကစားရုပ္သံေတြမွာ ေ၀ဖန္သုံးသပ္သူအျဖစ္သာ လုပ္ကိုင္ေနတာပါ။ အခုေတာ့ အဲဒီစပယ္ရွယ္၀မ္းဟာ ေနာက္ထပ္တစ္ႀကိမ္အျဖစ္ ရီးရဲလ္နဲ႔သတင္းေတြျပန္ႀကီးေနပါတယ္။
ၿပီးခဲ့တဲ့စေနမွာ ရီးရဲလ္က တန္းတက္အသင္းငယ္ေလးမာေယာ့ကာ ၁-၀ ဂိုးနဲ႔ မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ၿပီးေနာက္ ဇီဒန္းေနရာ အစားထိုးဖို႔ ရီးရဲလ္ရဲ႕နံပါတ္ ၁ ဦးစားေပးက ေမာ္ရင္ဟိုျဖစ္ေၾကာင္း စပိန္ရုပ္သံတစ္ခုက ေဖာ္ျပခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ရာသီ ဇီဒန္းတစ္ေက်ာ့ျပန္မေရာက္ခင္ကတည္းက ရီးရဲလ္နဲ႔အေတာ္ေလးကုိ သတင္းထြက္ခဲ့ၿပီး အသင္းဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္နဲ႔လည္း ခိုင္မာတဲ့ဆက္ဆံေရးရွိပါတယ္။ ပီရက္ဇ္ဟာ ဒီရာသီမွာ ေမာ္ရင္ဟိုျပန္လာႏိုင္တဲ့အေျခအေနအတြက္ တံခါးဖြင့္ခဲ့တယ္လို႔လည္း ၿပီးခဲ့တဲ့ၾသဂုတ္လက စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ AS က ေဖာ္ျပခဲ့ပါတယ္။
လက္ရွိမွာေတာ့ အႀကီးအက်ယ္ရင္းႏွီးျမွပ္ႏွံခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕အၿပီးမွာ စိတ္ပ်က္ဖြယ္ရလဒ္ေတြေၾကာင့္ ရီးရဲလ္နည္းျပဇီဒန္းဟာ ျပင္းထန္လွတဲ့ဖိအားေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ခ်န္ပီယံလိဂ္မွာလည္း ၁ မွတ္သာရေသးတာေၾကာင့္ အုပ္စုအမွတ္ေပးဖယားေအာက္ေျခေရာက္ေနၿပီး လာမယ့္ဂါလာတာစာေရးနဲ႔ႏွစ္ေက်ာ့စလုံးမွာ အေျခအေနမေကာင္းရင္ ဇီဒန္းရဲ႕အနာဂါတ္ဟာလည္း ေသခ်ာမွာ မဟုတ္ေတာ့ပါဘူး။ ေလာေလာဆယ္ေတာ့ မာေယာ့ကာအရႈံးေၾကာင့္ လာလီဂါမွာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို အဓိကၿပိဳင္ဘက္ဘာစီလုိနာထံ လႊဲေျပာင္းေပးလုိက္ရပါတယ္။