ဖိအားအောက်က ပီယာလို နဲ့ အသင်းကနေရုန်းထွက်နိုင်တဲ့ ဂျူဗီသားများ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြ ပီယာလိုအနေနဲ့ ထုတ်ပယ်ခံရဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်နေချိန်မှာ ဥက္ကဌ အက်နယ်လီနဲ့ နည်းပြဟောင်း အလီဂရီတို့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနောက်ဆက်တွဲအဖြစ် ပီယာလိုက သူ့အနေနဲ့ သတိပေးခံခဲ့ရကြောင်းကို ထုတ်ဖော်ဝန်ခံပြောဆိုထားပါတယ်။
နာပိုလီနဲ့ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာနည်းပြပီယာလိုက “ဥက္ကဌ အက်နယ်လီနဲ့ နည်းပြဟောင်း အလီဂရီတို့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နောက် ကျွန်တော်သတိပေးခံရပါတယ်။ ဒါပေမယ့် အဲဒီအတွက် စိုးရိမ်မှု မရှိပါဘူး။”
“ဘာကြောင့်လဲဆိုရင် သူတို့က သူငယ်ချင်းတွေဖြစ်ပြီး ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိလို့ပါ။ တကယ်လို့ ကျွန်တော့်အနေနဲ့ မာလ်ဒီနီနဲ့ ညစာအတူစားခဲ့မယ်ဆိုရင် လည်းသတင်းတွေကကျွန်တော့်ကို အေစီမီလန်နည်းပြ နေရာအတွက် ဆွေးနွေးနေပြီလို့ ရေးသားကြမှာပါ”
“ဘောလုံးလောကမှာ သူငယ်ချင်းကိစ္စတွေရှိသလို၊ တချို့အရာတွေကတော့ ပုံမှန်ပါပဲ။ ဖိအားတွေဆိုတာကလည်း ဖြစ်ရိုးဖြစ်စဉ်ပါ။
ကျွန်တော်ကတော့ ကိုယ့်အလုပ်အပေါ် ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်မှာပါ။ အသင်းသားတွေအပေါ်လည်း ယုံကြည်ပါတယ်” လို့ပြောပါတယ်။
တစ်ဖက်မှာလည်း ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရယူ နိုင်ခဲ့ပါက အသင်းက ထိပ်တန်းကစားသမားတွေကို ထိန်းသိမ်းထားနိုင်ဖို့ခက်နိုင်ပါတယ်။
ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒို၊ ရမ်ဆေး၊ ရာဘီ ယူ၊ ဒီဘားလား၊ ဒီလစ်၊ မိုရာတာစတဲ့ ကစားသမားတွေဟာ ချန်ပီယံလိဂ်ဝင် ခွင့်မရခဲ့ပါက အသင်းကနေထွက်ခွာနိုင်ခြေရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ် ၂၈ ပွဲကစားအပြီးမှာ ရမှတ် ၅၆ မှတ်နဲ့အမှတ်ပေးဇယား အဆင့် ၄ နေရာတွင်ရပ်တည်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi