ဖိအားလျော့စေဖို့ အယ်လ်ခမာကို မဖြစ်မနေအနိုင်ကစားရမယ်လို့ ဂျိမ်းစ် တိုက်တွန်း

Photo Credit

Photo Credit

ယူနိုက်တက်အသင်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်က ယနေ့ညကစားရမယ့်အယ်လ်ခမာနဲ့ ယူရိုပါလိဂ်ပွဲက မိမိတု့ိအသင်းအတွက် ဖိအားလျော့ကျစေဖို့ မဖြစ်မနေအနိုင်ကစားရမယ့်ပွဲဖြစ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Photo Credit

ဝေးလ်လက်ရွေးစင် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဆွမ်ဆီးကနေ ပေါင် ၁၅သန်းနဲ့ ရောက်ရှိလာပြီးနောက် ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေပေမယ့် အသင်းကတော့ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပြီး နည်းပြဆိုးလ်ရှားလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit

”ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာကစားရတဲ့အရသာကို မြည်းစမ်းဖူးပါပြီ။ ဒါပေမဲ့ ဥရောပပွဲတွေကတော့ အမြဲတမ်းကွဲပြားခြားနားပါတယ်။ အက်စ်တာနာကလည်း ပရိသတ်တွေထင်ထားသလိုမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ပွဲကောင်းတစ်ပွဲဖန်တီးခဲ့ပါတယ်”

Photo Credit

”ဘယ်အသင်းကိုပဲဖြစ်ဖြစ် ပွဲမကစားရသေးဘဲ လျှော့တွက်လို့မရပါဘူး။ ဘယ်အသင်းကမှ အသင်းကောင်းမဟုတ်ဘဲ ဥရောပမှာ ကစားခွင့်ရမှာမဟုတ်ပါဘူး။ အဖွင့်ပွဲကိုနိုင်ပွဲနဲ့စတင်နိုင်ခဲ့တာက အရေးကြီးသလို ဖိအားတွေလျှော့ချနိုင်ဖို့ ဒီပွဲကိုလည်း မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပါတယ်”လို့ ဂျိမ်းစ်က ပြောပါတယ်။

Photo Credit

ယနေ့ညကစားရမယ့် အဒိုဒန်ဟတ်ရဲ့အိမ်ကွင်းက မြက်ခင်းတုကွင်းဖြစ်ပြီး နည်းပြဆိုးလ်ရှားက အဲဒီကွင်းနဲ့ပတ်သက်လို့ စိုးရိမ်နေပေမယ့် ဂျိမ်းစ်ကတော့ ခြေစွမ်းမပြနိုင်ရင်လည်း ကွင်းမျက်နှာပြင်မကောင်းမှုကို အကြောင်းပြချက်ပေးလို့မရကြောင်း ပြောပါတယ်။

Photo Credit

Zawgyi

ဖိအားေလ်ာ့ေစဖုိ႔ အယ္လ္ခမာကို မျဖစ္မေနအႏိုင္ကစားရမယ္လုိ႔ ဂ်ိမ္းစ္ တုိက္တြန္း

ယူႏုိက္တက္အသင္းေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္က ယေန႔ညကစားရမယ့္အယ္လ္ခမာနဲ႔ ယူ႐ိုပါလိဂ္ပြဲက မိမိတု႔ိအသင္းအတြက္ ဖိအားေလ်ာ့က်ေစဖို႔ မျဖစ္မေနအႏိုင္ကစားရမယ့္ပဲြျဖစ္ေၾကာင္း အသင္းေဖာ္ေတြကို တုိက္တြန္းႏိႈးေဆာ္လိုက္ပါတယ္။
ေ၀းလ္လက္ေရြးစင္ ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဆြမ္ဆီးကေန ေပါင္ ၁၅သန္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ ယူႏိုက္တက္အသင္းမွာ ေျခစြမ္းျပေနေပမယ့္ အသင္းကေတာ့ ရလဒ္ဆုိးေတြနဲ႔ရင္ဆုိင္ေနရၿပီး နည္းျပဆုိးလ္ရွားလည္း ဖိအားေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။
”ကၽြန္ေတာ္ဟာ ပရီးမီးယားလိဂ္မွာကစားရတဲ့အရသာကုိ ျမည္းစမ္းဖူးပါၿပီ။ ဒါေပမဲ့ ဥေရာပပဲြေတြကေတာ့ အၿမဲတမ္းကြဲျပားျခားနားပါတယ္။ အက္စ္တာနာကလည္း ပရိသတ္ေတြထင္ထားသလိုမဟုတ္ေၾကာင္း သက္ေသျပႏိုင္ခဲ့ၿပီး အိုးထရက္ဖုိ႔ဒ္မွာ ပဲြေကာင္းတစ္ပြဲဖန္တီးခဲ့ပါတယ္”
”ဘယ္အသင္းကိုပဲျဖစ္ျဖစ္ ပြဲမကစားရေသးဘဲ ေလွ်ာ့တြက္လုိ႔မရပါဘူး။ ဘယ္အသင္းကမွ အသင္းေကာင္းမဟုတ္ဘဲ ဥေရာပမွာ ကစားခြင့္ရမွာမဟုတ္ပါဘူး။ အဖြင့္ပဲြကိုႏိုင္ပဲြနဲ႔စတင္ႏိုင္ခဲ့တာက အေရးႀကီးသလုိ ဖိအားေတြေလွ်ာ့ခ်ႏိုင္ဖို႔ ဒီပြဲကိုလည္း မျဖစ္မေနအႏိုင္ကစားရမွာျဖစ္ပါတယ္”လုိ႔ ဂ်ိမ္းစ္က ေျပာပါတယ္။
ယေန႔ညကစားရမယ့္ အဒိုဒန္ဟတ္ရဲ႕အိမ္ကြင္းက ျမက္ခင္းတုကြင္းျဖစ္ၿပီး နည္းျပဆုိးလ္ရွားက အဲဒီကြင္းနဲ႔ပတ္သက္လုိ႔ စုိးရိမ္ေနေပမယ့္ ဂ်ိမ္းစ္ကေတာ့ ေျခစြမ္းမျပႏိုင္ရင္လည္း ကြင္းမ်က္ႏွာျပင္မေကာင္းမႈကို အေၾကာင္းျပခ်က္ေပးလုိ႔မရေၾကာင္း ေျပာပါတယ္။