ဖိအားများပြီး ခေါင်းစားနေတဲ့ ဇီဒန်းရဲ့ ရှုံးနိမ့်မှုတွေဟာ စီရော်နယ်ဒို မရှိတော့တာကြောင့်လား…? စီရော်နယ်ဒိုရှိတဲ့ ၉ နှစ်အတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၃ ပွဲသာ ရှုံးပေမယ့် သူထွက်သွားပြီး နောက်မှာ အုပ်စုပွဲစဉ် ၅ ပွဲအထိရှုံးပွဲရှိနေပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ဒီဘက်ခေတ်သမိုင်းမှာ ဘယ်အသင်းမှ မစွမ်းဆောင်ထားနိုင်တဲ့ ၃ ကြိမ်ဆက်တိုက် ဟက်ထရစ်ဗိုလ်စွဲခဲ့ပြီး ကောင်းချီးပေးခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် ကျဆုံးခန်းကတော့ တောက်လျှောက်ပါပဲ။

အသင်းကို တစ်ကျော့ပြန်ကယ်တင်ဖို့ ဇီဒန်းရောက်လာခဲ့ပေမယ့် အခုဆိုရင် ပြီးခဲ့တဲ့ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက်ကို ရှုံးနိမ့်သွားတဲ့ပွဲအပြီး သူ့ကို နောက်ထပ် ၄ ပွဲသာ ဆက်လက်စောင့်ကြည့်တော့ မယ့်သတင်းတွေ ထွက်ပေါ်ခဲ့သလို ပိုချက်တီနိုနဲ့ အစားထိုးခန့်အပ်တော့မယ့် အသံတွေလည်း ပိုကျယ်လောင်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ကျဆုံးတာဟာ ပြောင်းရွှေ့သွားတဲ့ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ တိုက်ရိုက်ပတ်သက်နေသလားလို့တောင် မှတ်တမ်းဖော်ပြချက်တွေက ယူဆစရာဖြစ်နေပါတယ်။

ရီးရဲလ်မှာ စီရော်နယ်ဒို ကစားသွားတဲ့ ၉ နှစ်အတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၃ ပွဲသာ ရှုံးခဲ့ပြီး အဲဒီ ၃ ပွဲကတော့ အေစီမီလန်(၂၀၀၉-အိမ်)၊ ဒေါ့မန်(၂၀၁၂-အဝေး)၊ စပါး (၂၀၁၇-အဝေး)တို့ပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်ရဲ့ချန်ပီယံလိဂ် အုပ်စု ၅၄ ပွဲမှာ ၃ ပွဲပဲရှုံးပွဲကြုံခဲ့တာဖြစ်ပြီး အခု သူ ဂျူဗင်တပ်ကိုပြောင်းရွှေ့သွားတဲ့အချိန်မှာ ရီးရဲလ်ဟာ အုပ်စုပွဲ စဉ် ၁၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ ၅ ပွဲကတော့ CSKA မော်စကို(၂၀၁၈-အိမ်/အဝေး)၊ ပီအက်စ်ဂျီ(၂၀၁၉-အဝေး)၊ ရှက်တာဒိုးနက် (၂၀၂၀-အိမ်/အဝေး) တို့ပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုကိုယ်တိုင်ကတော့ ဂျူဗင်တပ် မှာ သူ့ရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုပြသနေပြီး ပြီးခဲ့တဲ့ချန်ပီယံလိဂ် ဒိုင်နမိုကိဗ်နဲ့ ပွဲမှာ တစ်ဂိုးသွင်းခဲ့သလို ကစားသမားဘဝသွင်းဂိုး ၇၅၀ လည်း ပြည့်မြောက်သွားခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီးရဲလ်ဟာ လက်ရှိအသင်းမှာ ကစားသမား ၆ ဦးအပေါ်ပဲ ယုံကြည်မှုရှိပြီး သူတို့ကတော့ အသင်းခေါင်းဆောင် ရာမို့စ်၊ ဗာရန်း၊ မန်ဒီ၊ ကာဆီမီယို၊ ဗယ်လ်ဗာဒီနဲ့ ဘန်ဇီးမားတို့ပဲ ဖြစ်ပါတယ်။ ဇီဒန်းအနေနဲ့ သဘောမကျဖြစ်နေတဲ့ ကစားသမား ၈ ဦးအထိရှိနေပြီး ဝါရင့်နောက်ခံလူ မာဆယ်လိုအပါအဝင် ဘရာဇီးလူငယ် ၂ ဦးဖြစ်တဲ့ ရိုဒရီဂိုနဲ့ ဗင်နီစီးယပ်စ်၊ တိုနီခရူးစ်၊ အဆန်စီယို၊ အိုဒီဂတ်၊ အစ္စကိုတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကစားရတာထက် နားနေရတာများတဲ့ ဟာဇက်ကလည်း အသင်း မှာ ဘေးလ်ရဲ့အနေအထားနဲ့ ဘာမှမထူးဘဲ လူပိုတစ်ယောက်လိုဖြစ်နေပြီး ဇီဒန်း အတွက် အထောက်အကူမပေးနိုင်ပါဘူး။

လက်ရှိရီးရဲလ်ရဲ့ကျဆုံးခန်းမှာ ချန်ပီယံ လိဂ်ဟက်ထရစ်ယူပြထားခဲ့တဲ့ ဇီဒန်းတစ်ယောက်တည်းပဲ အပြစ်တင်လို့မရပါဘူး။အထိုင်ကျနေပြီးသား အစုအဖွဲ့ကို ပျက်စီးစေခဲ့တဲ့ ပီးရက်ဇ်ရဲ့ ဆုံးဖြတ်ချက်အမှားတွေဟာလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပြီး၊ ရော်နယ်ဒိုလို ကွင်းတွင်း တိုက်စစ်ကို ဦးဆောင်နိုင်မယ်ကစားသမားမျိုး အစားထိုးနိုင်ဖို့လည်းလိုအပ်ပါတယ်။ ရီးရဲလ်လိုအသင်းအတွက်ငွေကြေးဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုမဟုတ်တဲ့အတွက် အသင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ အမြန်ဆုံးအဖြေရှာနိုင်ဖို့ လိုနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖိအားမ်ားၿပီး ေခါင္းစားေနတဲ့ ဇီဒန္းရဲ႕ ရႈံးနိမ့္မႈေတြဟာ စီေရာ္နယ္ဒို မရွိေတာ့တာေၾကာင့္လား…?
စီေရာ္နယ္ဒိုရွိတဲ့ ၉ ႏွစ္အတြင္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ၃ ပြဲသာ ရႈံးေပမယ့္ သူထြက္သြားၿပီး ေနာက္မွာ အုပ္စုပြဲစဥ္ ၅ ပြဲအထိရႈံးပြဲရွိေနၿပီ

ခ်န္ပီယံလိဂ္ဒီဘက္ေခတ္သမိုင္းမွာ ဘယ္အသင္းမွ မစြမ္းေဆာင္ထားႏိုင္တဲ့ ၃ ႀကိမ္ဆက္တိုက္ ဟက္ထရစ္ဗိုလ္စြဲခဲ့ၿပီး ေကာင္းခ်ီးေပးခံခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္ က်ဆံုးခန္းကေတာ့ ေတာက္ေလွ်ာက္ပါပဲ။

အသင္းကို တစ္ေက်ာ့ျပန္ကယ္တင္ဖို႔ ဇီဒန္းေရာက္လာခဲ့ေပမယ့္ အခုဆိုရင္ ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္မွာ ရွက္တာဒိုးနက္ကို ရႈံးနိမ့္သြားတဲ့ပြဲအၿပီး သူ႕ကို ေနာက္ထပ္ ၄ ပြဲသာ ဆက္လက္ေစာင့္ၾကည့္ေတာ့ မယ့္သတင္းေတြ ထြက္ေပၚခဲ့သလို ပိုခ်က္တီႏိုနဲ႔ အစားထိုးခန္႔အပ္ေတာ့မယ့္ အသံေတြလည္း ပိုက်ယ္ေလာင္လာပါတယ္။ ရီးရဲလ္မက္ဒရစ္က်ဆံုးတာဟာ ေျပာင္းေရႊ႕သြားတဲ့ အဓိကတိုက္စစ္မွဴး စီေရာ္နယ္ဒိုနဲ႔ တိုက္ရိုက္ပတ္သက္ေနသလားလို႔ေတာင္ မွတ္တမ္းေဖာ္ျပခ်က္ေတြက ယူဆစရာျဖစ္ေနပါတယ္။

ရီးရဲလ္မွာ စီေရာ္နယ္ဒို ကစားသြားတဲ့ ၉ ႏွစ္အတြင္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ၃ ပြဲသာ ရႈံးခဲ့ၿပီး အဲဒီ ၃ ပြဲကေတာ့ ေအစီမီလန္(၂၀၀၉-အိမ္)၊ ေဒါ့မန္(၂၀၁၂-အေ၀း)၊ စပါး (၂၀၁၇-အေ၀း)တို႔ပဲ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ရီးရဲလ္ရဲ႕ခ်န္ပီယံလိဂ္ အုပ္စု ၅၄ ပြဲမွာ ၃ ပြဲပဲရႈံးပြဲႀကံဳခဲ့တာျဖစ္ၿပီး အခု သူ ဂ်ဴဗင္တပ္ကိုေျပာင္းေရႊ႕သြားတဲ့အခ်ိန္မွာ ရီးရဲလ္ဟာ အုပ္စုပဲြ စဥ္ ၁၇ ပဲြမွာ ၅ ပြဲအထိ ရႈံးနိမ့္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီ ၅ ပြဲကေတာ့ CSKA ေမာ္စကို(၂၀၁၈-အိမ္/အေ၀း)၊ ပီအက္စ္ဂ်ီ(၂၀၁၉-အေ၀း)၊ ရွက္တာဒိုးနက္ (၂၀၂၀-အိမ္/အေ၀း) တုိ႔ပဲ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုကိုယ္တိုင္ကေတာ့ ဂ်ဴဗင္တပ္ မွာ သူ႕ရဲ႕အေရးပါတဲ့အခန္းက႑ကိုျပသေနၿပီး ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္ ဒိုင္နမိုကိဗ္နဲ႔ ပြဲမွာ တစ္ဂိုးသြင္းခဲ့သလို ကစားသမားဘ၀သြင္းဂိုး ၇၅၀ လည္း ျပည့္ေျမာက္သြားခဲ့ပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ ရီးရဲလ္ဟာ လက္ရွိအသင္းမွာ ကစားသမား ၆ ဦးအေပၚပဲ ယံုၾကည္မႈရွိၿပီး သူတို႔ကေတာ့ အသင္းေခါင္းေဆာင္ ရာမို႔စ္၊ ဗာရန္း၊ မန္ဒီ၊ ကာဆီမီယို၊ ဗယ္လ္ဗာဒီနဲ႔ ဘန္ဇီးမားတို႔ပဲ ျဖစ္ပါတယ္။ ဇီဒန္းအေနနဲ႔ သေဘာမက်ျဖစ္ေနတဲ့ ကစားသမား ၈ ဦးအထိရွိေနၿပီး ၀ါရင့္ေနာက္ခံလူ မာဆယ္လုိအပါအ၀င္ ဘရာဇီးလူငယ္ ၂ ဦးျဖစ္တဲ့ ရိုဒရီဂိုနဲ႔ ဗင္နီစီးယပ္စ္၊ တိုနီခရူးစ္၊ အဆန္စီယို၊ အိုဒီဂတ္၊ အစၥကိုတို႔ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကစားရတာထက္ နားေနရတာမ်ားတဲ့ ဟာဇက္ကလည္း အသင္း မွာ ေဘးလ္ရဲ႕အေနအထားနဲ႔ ဘာမွမထူးဘဲ လူပိုတစ္ေယာက္လိုျဖစ္ေနၿပီး ဇီဒန္း အတြက္ အေထာက္အကူမေပးႏိုင္ပါဘူး။

လက္ရွိရီးရဲလ္ရဲ႕က်ဆံုးခန္းမွာ ခ်န္ပီယံ လိဂ္ဟက္ထရစ္ယူျပထားခဲ့တဲ့ ဇီဒန္းတစ္ေယာက္တည္းပဲ အျပစ္တင္လို႔မရပါဘူး။အထိုင္က်ေနၿပီးသား အစုအဖြဲ႕ကို ပ်က္စီးေစခဲ့တဲ့ ပီးရက္ဇ္ရဲ႕ ဆံုးျဖတ္ခ်က္အမွားေတြဟာလည္း ထည့္သြင္းစဥ္းစားရမယ့္အခ်က္တစ္ခုျဖစ္ၿပီး၊ ေရာ္နယ္ဒိုလို ကြင္းတြင္း တိုက္စစ္ကို ဦးေဆာင္ႏိုင္မယ္ကစားသမားမ်ိဳး အစားထိုးႏိုင္ဖို႕လည္းလိုအပ္ပါတယ္။ ရီးရဲလ္လိုအသင္းအတြက္ေငြေၾကးဟာ အေရးၾကီးတဲ့ ကိစၥတစ္ခုမဟုတ္တဲ့အတြက္ အသင္းမွာ ဘာေတြျဖစ္ေနသလဲဆိုတာ အျမန္ဆံုးအေျဖရွာႏိုင္ဖို႔ လိုေနပါၿပီ။