




M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ




စပါးအသင်းရဲ့အဓိကတိုက်စစ်မှူးဟယ်ရီကိန်းဟာ အခုလောလောဆယ်အနာဂတ်နဲ့ပတ်သက်ပြီး မသေမချာဖြစ်နေပေမယ့် နည်းပြနူနိုဆန်တိုကတော့ ပရိသတ်တွေအနေနဲ့ ဟယ်ရီကိန်းကို အရင်အတိုင်းဆက်လက်အားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဟယ်ရီကိန်းဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိအောင်ကြိုးစားနေရတာကြောင့် မန်စီးတီးနဲ့ပရီးမီးယားလိဂ်ပွဲ၊ ပါကို့စ်ဒီဖာရဲရားနဲ့ကစားခဲ့တဲ့ UEFA Europa Conference League Play off ပွဲတွေကို လွဲချော်ခဲ့ပြီး မနေ့က ဝုလ်ဗ်အသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတော့ ပွဲပြီးခါနီး(၁၈)မိနစ်အလိုမှာ ပါဝင်ကစားခဲ့ပါတယ်။




ဟယ်ရီကိန်းအနေနဲ့ အခုနွေရာသီကာလအတွင်း မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေပေမယ့် သူ လူစားဝင်လာချိန်နဲ့ပွဲအပြီးမှာ စပါးအသင်းပရိသတ်တွေက လက်ခုပ်တီးပြီးတော့အားပေးခဲ့ကြသလို ဟယ်ရီကိန်းကလည်း ပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။
ဝုလ်ဗ်အသင်းနဲ့ပွဲအပြီးမှာ နူနိုဆန်တိုက “ကျွန်တော်တို့အားလုံးဟာ စုစည်းမှုရှိဖို့လိုပါတယ်။




စပါးအသင်းမှာ ပရိသတ်တွေသာမက ကစားသမားတစ်ယောက်ချင်းဟာ အကောင်းဆုံးဖြစ်စေချင်တဲ့ဆန္ဒရှိပြီးသားပါပဲ။
ဟယ်ရီကိန်းကို ပရိသတ်တွေရဲ့ အားပေးမှုအတွက် ကျွန်တော်ဝမ်းမြောက်ကျေနပ်မိပြီး အဲဒီအတွက်လည်း သူတို့ကို ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။




ဒါပေမဲ့ နူနိုဆန်တိုဟာ ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဘာမှခန့်မှန်းပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ နူနိုဆန်တိုက “ကစားသမားတိုင်း အသင်းမှာဆက်ရှိနေဖို့ လိုအပ်ပါတယ်။




အခုဆိုရင် ဟယ်ရီကိန်းဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်ပြီး အခုထက်ပိုတိုးတက်လာဖို့ရှိသလို ဒီနေ့မှာလည်းအသင်းအတွက် ကူညီပေးနိုင်ခဲ့ပါတယ်။
သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တာကြောင့် ဟယ်ရီကိန်းကို ပိုင်ဆိုင်ခွင့်ရထားတာက ကျွန်တော်တို့အတွက် ကံကောင်းမှုတစ်ခုပါပဲ”လို့ပြောကြားခဲ့ပါတယ်။




စပါးအသင်းဟာ ဝုလ်ဗ်အသင်းကို အယ်လီရဲ့ပယ်နယ်တီဂိုးနဲ့အနိုင်ယူခဲ့သလို ဒါက အယ်လီအတွက် (၁၇)လအကြာမှာ ပထမဆုံးသွင်းယူခဲ့တဲ့ပရီးမီးယားလိဂ်ဂိုးဖြစ်ပြီး အခုဆို စပါးအသင်း ပရီးမီးယားလိဂ်(၂)ပွဲကစားပြီးချိန်မှာ (၆)မှတ်အပြည့်ရယူနိုင်ခဲ့ပါပြီ။




M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဖိအားေတြမ်ားေနတဲ့ ဟယ္ရီကိန္းဘက္က ရပ္တည္ေပးဖို႔ ပရိသတ္ေတြကို ႏူႏိုဆန္တိုေတာင္းဆို




စပါးအသင္းရဲ႕အဓိကတိုက္စစ္မႉးဟယ္ရီကိန္းဟာ အခုေလာေလာဆယ္အနာဂတ္နဲ႔ပတ္သက္ၿပီး မေသမခ်ာျဖစ္ေနေပမယ့္ နည္းျပႏူႏိုဆန္တိုကေတာ့ ပရိသတ္ေတြအေနနဲ႔ ဟယ္ရီကိန္းကို အရင္အတိုင္းဆက္လက္အားေပးၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။ ဟယ္ရီကိန္းဟာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိေအာင္ႀကိဳးစားေနရတာေၾကာင့္ မန္စီးတီးနဲ႔ပရီးမီးယားလိဂ္ပြဲ၊ ပါကို႔စ္ဒီဖာရဲရားနဲ႔ကစားခဲ့တဲ့ UEFA Europa Conference League Play off ပြဲေတြကို လြဲေခ်ာ္ခဲ့ၿပီး မေန႔က ဝုလ္ဗ္အသင္းကို (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာေတာ့ ပြဲၿပီးခါနီး(၁၈)မိနစ္အလိုမွာ ပါဝင္ကစားခဲ့ပါတယ္။ ဟယ္ရီကိန္းအေနနဲ႔ အခုေႏြရာသီကာလအတြင္း မန္စီးတီးအသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ဆႏၵျပင္းျပေနေပမယ့္ သူ လူစားဝင္လာခ်ိန္နဲ႔ပြဲအၿပီးမွာ စပါးအသင္းပရိသတ္ေတြက လက္ခုပ္တီးၿပီးေတာ့အားေပးခဲ့ၾကသလို ဟယ္ရီကိန္းကလည္း ပရိသတ္ေတြကို ေက်းဇူးတင္တဲ့အေနနဲ႔ ျပန္လည္ႏႈတ္ဆက္ခဲ့ပါတယ္။
ဝုလ္ဗ္အသင္းနဲ႔ပြဲအၿပီးမွာ ႏူႏိုဆန္တိုက “ကြၽန္ေတာ္တို႔အားလုံးဟာ စုစည္းမႈရွိဖို႔လိုပါတယ္။ စပါးအသင္းမွာ ပရိသတ္ေတြသာမက ကစားသမားတစ္ေယာက္ခ်င္းဟာ အေကာင္းဆုံးျဖစ္ေစခ်င္တဲ့ဆႏၵရွိၿပီးသားပါပဲ။ ဟယ္ရီကိန္းကို ပရိသတ္ေတြရဲ႕ အားေပးမႈအတြက္ ကြၽန္ေတာ္ဝမ္းေျမာက္ေက်နပ္မိၿပီး အဲဒီအတြက္လည္း သူတို႔ကို ေက်းဇူးတင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ ႏူႏိုဆန္တိုဟာ ဟယ္ရီကိန္းရဲ႕အနာဂတ္နဲ႔ပတ္သက္လို႔ ဘာမွခန႔္မွန္းေျပာဆိုတာမ်ိဳးမရွိခဲ့ပါဘူး။ ႏူႏိုဆန္တိုက “ကစားသမားတိုင္း အသင္းမွာဆက္ရွိေနဖို႔ လိုအပ္ပါတယ္။




အခုဆိုရင္ ဟယ္ရီကိန္းဟာ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာၿပီျဖစ္ၿပီး အခုထက္ပိုတိုးတက္လာဖို႔ရွိသလို ဒီေန႔မွာလည္းအသင္းအတြက္ ကူညီေပးႏိုင္ခဲ့ပါတယ္။ သူဟာ ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တာေၾကာင့္ ဟယ္ရီကိန္းကို ပိုင္ဆိုင္ခြင့္ရထားတာက ကြၽန္ေတာ္တို႔အတြက္ ကံေကာင္းမႈတစ္ခုပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။ စပါးအသင္းဟာ ဝုလ္ဗ္အသင္းကို အယ္လီရဲ႕ပယ္နယ္တီဂိုးနဲ႔အႏိုင္ယူခဲ့သလို ဒါက အယ္လီအတြက္ (၁၇)လအၾကာမွာ ပထမဆုံးသြင္းယူခဲ့တဲ့ပရီးမီးယားလိဂ္ဂိုးျဖစ္ၿပီး အခုဆို စပါးအသင္း ပရီးမီးယားလိဂ္(၂)ပြဲကစားၿပီးခ်ိန္မွာ (၆)မွတ္အျပည့္ရယူႏိုင္ခဲ့ပါၿပီ။