
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒေါ့မွန်အသင်းလူငယ်ကစားသမား မော့ကိုကို က အသင်းကြီးမှာ ကစားရတဲ့ဖိအားတွေကြောင့် ဘောလုံး ဆက်မကစားချင်တော့အောင် ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မော့ကိုကိုဟာ ဒေါ့မွန်လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လူငယ်အသင်းအတွက် ၁၄၁ ပွဲမှာ ၈၈ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ်မှာပဲ အသင်းကြီးအတွက် ကစားဖို့ ခေါ်ယူခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ၁၆နှစ်ပြည့်ပြီး၁ရက်အကြာမှာ မော့ကိုကိုဟာ စီနီယာအသင်းကြီးမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ အသက်အငယ်ဆုံးပွဲထွက်ခွင့်ရတဲ့ကစားသမား ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ အဆိုပါဆယ်ကျော်သက်ကစားသမားလေးဟာ အသင်းရဲ့လူစာရင်းမှာ နေရာတစ်နေရာရရှိလာပေမယ့် သူလျှောက်လှမ်းရတဲ့ ခရီးလမ်းဟာ မချောမွေ့ပါဘူး။
ဆယ်ကျော်သက်ကစားသမားလေးက”အစပိုင်းမှာ report တွေကတကယ်စိတ်ဖိစီးရပါတယ်။
အထူးသဖြင့်ကျွန်တော့်ရဲ့အသက်အကြောင်း ဆွေးနွေးကြတဲ့အခါမှာပါ”
“ကျွန်တော်ထပ်မလုပ်ချင်လောက်အောင်ဖြစ်ခဲ့ပါတယ်။ ဘောလုံးလောက ကနေ အနားယူချင်လောက်တဲ့အထိပါပဲ။
ဒါပေမယ့် ကျွန်တော့်ဆရာက တကယ်ကူညီပေးခဲ့တာပါ။
သူကူညီပေးခဲ့လို့ ကျွန်တော်ကွင်းထဲမှာ အရာရာမေ့ပြီးကစားနိုင်တာပါ”လို့ပြောပါတယ်။
ဂျာမန်ယူ-၂၀အသင်းရဲ့ကစားသမားလေးဟာ အသင်းအတွက်၃ဂိုးသွင်းယူထားပြီး ဘွန်ဒက်စ်လီဂါရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဖိအားေတြေၾကာင့္ ေဘာလုံးေလာကကေန ထြက္ခ်င္စိတ္ျဖစ္ခဲ့တဲ့ ေဒါ့မြန္လူငယ္ကစားသမား
ေဒါ့မြန္အသင္းလူငယ္ကစားသမား ေမာ့ကိုကို က အသင္းႀကီးမွာ ကစားရတဲ့ဖိအားေတြေၾကာင့္ ေဘာလုံး ဆက္မကစားခ်င္ေတာ့ေအာင္ ျဖစ္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
ေမာ့ကိုကိုဟာ ေဒါ့မြန္လူငယ္အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး လူငယ္အသင္းအတြက္ ၁၄၁ ပြဲမွာ ၈၈ ဂိုးအထိသြင္းယူႏိုင္ခဲ့တာေၾကာင့္ အသက္ ၁၅ ႏွစ္အ႐ြယ္မွာပဲ အသင္းႀကီးအတြက္ ကစားဖို႔ ေခၚယူျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလက ၁၆ႏွစ္ျပည့္ၿပီး၁ရက္အၾကာမွာ ေမာ့ကိုကိုဟာ စီနီယာအသင္းႀကီးမွာ ပါဝင္ကစားခြင့္ရခဲ့ၿပီး ဘြန္ဒက္စ္လီဂါရဲ႕ အသက္အငယ္ဆုံးပြဲထြက္ခြင့္ရတဲ့ကစားသမား ျဖစ္လာခဲ့ပါတယ္။
အဲဒီအခ်ိန္ကစလို႔ အဆိုပါဆယ္ေက်ာ္သက္ကစားသမားေလးဟာ အသင္းရဲ႕လူစာရင္းမွာ ေနရာတစ္ေနရာရရွိလာေပမယ့္ သူေလွ်ာက္လွမ္းရတဲ့ ခရီးလမ္းဟာ မေခ်ာေမြ႕ပါဘူး။
ဆယ္ေက်ာ္သက္ကစားသမားေလးက”အစပိုင္းမွာ report ေတြကတကယ္စိတ္ဖိစီးရပါတယ္။ အထူးသျဖင့္ကြၽန္ေတာ့္ရဲ႕အသက္အေၾကာင္း ေဆြးေႏြးၾကတဲ့အခါမွာပါ” “ကြၽန္ေတာ္ထပ္မလုပ္ခ်င္ေလာက္ေအာင္ျဖစ္ခဲ့ပါတယ္။ ေဘာလုံးေလာက ကေန အနားယူခ်င္ေလာက္တဲ့အထိပါပဲ။
ဒါေပမယ့္ကြၽန္ေတာ့္ဆရာက တကယ္ကူညီေပးခဲ့တာပါ။ သူကူညီေပးခဲ့လို႔ ကြၽန္ေတာ္ကြင္းထဲမွာ အရာရာေမ့ၿပီးကစားႏိုင္တာပါ”လို႔ေျပာပါတယ္။
ဂ်ာမန္ယူ-၂၀အသင္းရဲ႕ကစားသမားေလးဟာ အသင္းအတြက္၃ဂိုးသြင္းယူထားၿပီး ဘြန္ဒက္စ္လီဂါရဲ႕ အသက္အငယ္ဆုံးဂိုးသြင္းသူျဖစ္လာခဲ့ပါတယ္။