ဖာမီနို ၂ ဂိုးသွင်းပြီး အဖွင့်လှခဲ့တဲ့ ကြယ် ၅ ပွင့် ဘရာဇီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သူတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်ပွဲစဉ်မှာတော့ ဘရာဇီးဟာ ဧည့်သည်ဘိုလီးဗီးယားကို  တိုက်စစ်မှုးဖာမီနိုရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ၅ ဂိုးပြတ်နဲ့ တာထွက်လှခဲ့ပါတယ်။ အများကြီးတောင် အားမထုတ်လိုက်ရတဲ့ ဘရာဇီးရဲ့သာသာယာယာနိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။

နည်းပြတစ်တီရဲ့အသင်းဟာ ကိုဗစ်ကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာ တောင်ကိုရီးယားကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲပြီးတတည်းက ပွဲတွေနဲ့ဝေးကွာနေခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ ၂၀၂၀ အတွင်း ပထမဆုံးအကြိမ်ကစားရတဲ့အသင်းတစ်သင်းပုံစံနဲ့မတူဘဲ ဧည့်သည်အသင်းကို စိုးမိုးကစားနိုင်ခဲ့ကာ ပွဲစကတည်းက အခွင့်အရေးတွေဆက်တိုက်ရခဲ့တာပါ။

ဒါပေမဲ့လည်း ဘရာဇီးဟာ ပထမပိုင်းအတွင်းမှာတော့ မာကွင်ဟို့စ်ရဲ့၁၆ မိနစ်သွင်းဂိုး၊ ဖာမီနိုရဲ့မိနစ် ၃၀ သွင်းဂိုး ၂ ဂိုးတည်းနဲ့သာ ဦးဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာမှ ဖာမီနိုရဲ့ထပ်မံသွင်းယူမှု၊ တစ်ဖက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်ခဲ့မှုနဲ့ ကောင်တင်ဟိုရဲ့သွင်းယူမှုတို့ကြောင့် ၅ ဂိုးပြတ်ဖြစ်သွားခဲ့တာပါ။

အဲဒီပွဲမှာ ပီအက်စ်ဂျီစူပါစတားနေမာဟာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ နောက်ကျောဒဏ်ရာက သက်သာလာတဲ့နေမာဟာ အဲဒီပွဲက ဘရာဇီးရဲ့အရေးပါတဲ့အခိုက်အတန့်တွေမှာ အဓိကျသူဖြစ်ခဲ့ပြီး သူ့ရဲ့ ၁၀၂ ပွဲမြောက်နိုင်ငံတကာပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာမီႏို ၂ ဂိုးသြင္းၿပီး အဖြင့္လွခဲ့တဲ့ ၾကယ္ ၅ ပြင့္ ဘရာဇီး

သူတုိ႔ရဲ႕ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအဖြင့္ပြဲစဥ္မွာေတာ့ ဘရာဇီးဟာ ဧည့္သည္ဘိုလီးဗီးယားကို  တိုက္စစ္မႈးဖာမီႏိုရဲ႕သြင္းဂိုး ၂ ဂိုးအပါအ၀င္ ၅ ဂိုးျပတ္နဲ႔ တာထြက္လွခဲ့ပါတယ္။ အမ်ားႀကီးေတာင္ အားမထုတ္လိုက္ရတဲ့ ဘရာဇီးရဲ႕သာသာယာယာႏိုင္ပြဲလည္း ျဖစ္ခဲ့တာပါ။

နည္းျပတစ္တီရဲ႕အသင္းဟာ ကိုဗစ္ေၾကာင့္ ၿပီးခဲ့တဲ့ႏို၀င္ဘာ ေတာင္ကိုရီးယားကို ၃-၀ နဲ႔အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲၿပီးတတည္းက ပြဲေတြနဲ႔ေ၀းကြာေနခဲ့တာပါ။ ဒါေပမဲ့ သူတုိ႔ဟာ ၂၀၂၀ အတြင္း ပထမဆုံးအႀကိမ္ကစားရတဲ့အသင္းတစ္သင္းပံုစံနဲ႔မတူဘဲ ဧည့္သည္အသင္းကို စိုးမိုးကစားႏိုင္ခဲ့ကာ ပြဲစကတည္းက အခြင့္အေရးေတြဆက္တုိက္ရခဲ့တာပါ။

ဒါေပမဲ့လည္း ဘရာဇီးဟာ ပထမပိုင္းအတြင္းမွာေတာ့ မာကြင္ဟို႔စ္ရဲ႕၁၆ မိနစ္သြင္းဂိုး၊ ဖာမီႏိုရဲ႕မိနစ္ ၃၀ သြင္းဂိုး ၂ ဂိုးတည္းနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့တာပါ။ ဒုတိယပိုင္းမွာမွ ဖာမီႏိုရဲ႕ထပ္မံသြင္းယူမႈ၊ တစ္ဖက္အသင္းက ကိုယ့္ဂိုးကိုယ္သြင္ခဲ့မႈနဲ႔ ေကာင္တင္ဟိုရဲ႕သြင္းယူမႈတုိ႔ေၾကာင့္ ၅ ဂိုးျပတ္ျဖစ္သြားခဲ့တာပါ။

အဲဒီပြဲမွာ ပီအက္စ္ဂ်ီစူပါစတားေနမာဟာ ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ေပမယ့္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ ေနာက္ေက်ာဒဏ္ရာက သက္သာလာတဲ့ေနမာဟာ အဲဒီပြဲက ဘရာဇီးရဲ႕အေရးပါတဲ့အခိုက္အတန္႔ေတြမွာ အဓိက်သူျဖစ္ခဲ့ၿပီး သူ႔ရဲ႕ ၁၀၂ ပြဲေျမာက္ႏိုင္ငံတကာပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။