
photo-gettyimages
photo-PA
အဂၤလန္လိဂ္ဖလားတတိယအဆင့္ပြဲစဥ္မွာ အာက္တန္းအသင္းငယ္ေလးဂရင္စဘီကို ၇-၁ ဂိုးနဲ႔အႏိုင္ရခဲ့တာဟာ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးနည္းျပဘ၀ ပထမဆုံးအိမ္ကြင္းႏိုင္ပြဲျဖစ္လာပါတယ္။ အဲဒီပြဲမွာ ဘတ္ရႈရီ၊အိုဒြိဳင္း၊ပတ္ဒရို၊ရီခ်ီဂ်ိမ္းစ္နဲ႔ဘာကေလတုိ႔ ဂိုးသြင္းခဲ့ၾကေပမယ့္လည္း ပရိသတ္ေတြသတိျပဳမိေလာက္ေအာင္ တကယ္တမ္းေျခစြမ္းျပကစားႏိုင္ခဲ့သူကေတာ့ လူငယ္ၾကယ္ပြင့္ေလးဘီလီဂီလ္ေမာ္ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ အဲဒီစေကာ့တလန္သားေလးဟာ ဂရင္စဘီနဲ႔ပြဲက ခ်ဲလ္ဆီးကြင္းလယ္မွာ ဘာကေလနဲ႔အတူ ပြဲထြက္လာခဲ့တာပါ။
photo-chelsea
အသင္းႀကီးမွာ သူ႔အတြက္ ပြဲထြက္စာရင္းထဲ ပထမဆုံးပါတဲ့ပြဲျဖစ္ေပမယ့္ ဂီလ္ေမာ္ဟာ လုံး၀ကိုမထင္ထားေလာက္ေအာင္ ကြင္းလယ္ဗိုလ္ခ်ဳပ္တစ္ေယာက္အလား စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။ ပြဲကိုဖတ္ႏိုင္စြမး္ရွိကာ ေပးပုိ႔မႈေကာင္းေတြျပဳလုပ္ႏိုင္ခဲ့ၿပီး ကြင္းလယ္မွာ ညြန္ၾကားကစားခဲ့တဲ့သူ႔ရဲ႕ကစားပုံဟာ ပရိသတ္ေတြရဲ႕ဘ၀င္ကို လႈပ္ခါႏိုင္ေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဆိုရွယ္မီဒီယာထက္မွာ ပရိသတ္ေတြက ဂီလ္ေမာ္ကို စေကာ့တလန္ဇာဗီ၊ စေကာ့တလန္အင္နီေယစတာလို႔ ခိုင္းႏႈိင္းေျပာေနၾကပါတယ္။ တစ္ခ်ိန္က ခ်ဲလ္ဆီးကြငး္လယ္ရဲ႕အေပးအပို႔ဆရာတစ္ဆူျဖစ္တဲ့ ဖာဘရီဂတ္စ္ေတာင္ မေနသာေတာ့ဘဲ Twitter ေပၚမွာ ဂီလ္ေမာ္ကို တစ္ခုတစ္ရခ်ီးက်ဴးရတဲ့အထိပါပဲ။
photo-chelsea
”ဒီညမွာ သူကစားသြားပုံက အံ့ၾသဖြယ္ရာပါပဲ။ ထူးျခားတဲ့ပင္ကိုယ္အရည္အေသြးက ဒီအရြယ္မွာ အေရးႀကီးဆုံးပါ။ အခုေတာ့ သင္ယူမႈေတြဆက္လုပ္ရမယ့္အခ်ိန္ျဖစ္ၿပီး နည္းျပသေဘာက်လာေအာင္ ဒီလိုပြဲေတြမွာ အခြင့္ေကာင္းယူရမွာပါ”လုိ႔ ဖာဘရီဂတ္စ္က ဂရင္စဘီနဲ႔ပြဲက ဂီလ္ေမာ္ရဲ႕ေျခစြမး္နဲ႔ပတ္သက္ၿပီး Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ဇြန္လကမွ ၁၈ ႏွစ္ျပည့္ခဲ့တ့ဲဂီလ္ေမာ္ဟာ ၾသဂုတ္လက ကစားခဲ့တဲ့ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ လူစား၀င္ကစားၿပီး ခ်ဲလ္ဆီးအသင္းႀကီးအတြက္ ပြဲဦးထြက္ႏိုုင္ခဲ့ပါတယ္။ ဒီလမွာပဲ သူဟာ ခ်ဲလ္ဆီးနဲ႔ကာလရွည္စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆိုခဲ့တာပါ။ ခ်ဲလ္ဆီးနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးတစ္ရက္အၾကာမွာပဲ ဂီလ္ေမာ္ဟာ ပရီးမီးယားလိဂ္လူငယ္ၿပိဳင္ပြဲျဖစ္တဲ့ ပရီးမီးယးလိဂ္-၂ ရဲ႕တစ္လတာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။
[Unicode]
အင်္ဂလန်လိဂ်ဖလားတတိယအဆင့်ပွဲစဉ်မှာ အာက်တန်းအသင်းငယ်လေးဂရင်စဘီကို ၇-၁ ဂိုးနဲ့အနိုင်ရခဲ့တာဟာ လမ်းပတ်ရဲ့ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးအိမ်ကွင်းနိုင်ပွဲဖြစ်လာပါတယ်။ အဲဒီပွဲမှာ ဘတ်ရှုရီ၊အိုဒွိုင်း၊ပတ်ဒရို၊ရီချီဂျိမ်းစ်နဲ့ဘာကလေတို့ ဂိုးသွင်းခဲ့ကြပေမယ့်လည်း ပရိသတ်တွေသတိပြုမိလောက်အောင် တကယ်တမ်းခြေစွမ်းပြကစားနိုင်ခဲ့သူကတော့ လူငယ်ကြယ်ပွင့်လေးဘီလီဂီလ်မော်ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် အဲဒီစကော့တလန်သားလေးဟာ ဂရင်စဘီနဲ့ပွဲက ချဲလ်ဆီးကွင်းလယ်မှာ ဘာကလေနဲ့အတူ ပွဲထွက်လာခဲ့တာပါ။
အသင်းကြီးမှာ သူ့အတွက် ပွဲထွက်စာရင်းထဲ ပထမဆုံးပါတဲ့ပွဲဖြစ်ပေမယ့် ဂီလ်မော်ဟာ လုံးဝကိုမထင်ထားလောက်အောင် ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက်အလား စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ပွဲကိုဖတ်နိုင်စွမ်းရှိကာ ပေးပို့မှုကောင်းတွေပြုလုပ်နိုင်ခဲ့ပြီး ကွင်းလယ်မှာ ညွန်ကြားကစားခဲ့တဲ့သူ့ရဲ့ကစားပုံဟာ ပရိသတ်တွေရဲ့ဘဝင်ကို လှုပ်ခါနိုင်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေက ဂီလ်မော်ကို စကော့တလန်ဇာဗီ၊ စကော့တလန်အင်နီယေစတာလို့ ခိုင်းနှိုင်းပြောနေကြပါတယ်။ တစ်ချိန်က ချဲလ်ဆီးကွင်းလယ်ရဲ့အပေးအပို့ဆရာတစ်ဆူဖြစ်တဲ့ ဖာဘရီဂတ်စ်တောင် မနေသာတော့ဘဲ Twitter ပေါ်မှာ ဂီလ်မော်ကို တစ်ခုတစ်ရချီးကျူးရတဲ့အထိပါပဲ။
”ဒီညမှာ သူကစားသွားပုံက အံ့သြဖွယ်ရာပါပဲ။ ထူးခြားတဲ့ပင်ကိုယ်အရည်အသွေးက ဒီအရွယ်မှာ အရေးကြီးဆုံးပါ။ အခုတော့ သင်ယူမှုတွေဆက်လုပ်ရမယ့်အချိန်ဖြစ်ပြီး နည်းပြသဘောကျလာအောင် ဒီလိုပွဲတွေမှာ အခွင့်ကောင်းယူရမှာပါ”လို့ ဖာဘရီဂတ်စ်က ဂရင်စဘီနဲ့ပွဲက ဂီလ်မော်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။ ပြီးခဲ့တဲ့ဇွန်လကမှ ၁၈ နှစ်ပြည့်ခဲ့တဲ့ဂီလ်မော်ဟာ သြဂုတ်လက ကစားခဲ့တဲ့ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ လူစားဝင်ကစားပြီး ချဲလ်ဆီးအသင်းကြီးအတွက် ပွဲဦးထွက်နိုင်ခဲ့ပါတယ်။ ဒီလမှာပဲ သူဟာ ချဲလ်ဆီးနဲ့ကာလရှည်စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့တာပါ။ ချဲလ်ဆီးနဲ့စာချုပ်သစ်ချုပ်ဆိုပြီးတစ်ရက်အကြာမှာပဲ ဂီလ်မော်ဟာ ပရီးမီးယားလိဂ်လူငယ်ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယးလိဂ်-၂ ရဲ့တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။