ဖာနန်ဒက်စ် ဖော်ကောင်လုပ်တဲ့ အဝတ်လဲခန်းထဲမှာ ငြင်းခုန်ကြတဲ့ မီးစတစ်စ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဝတ်လဲခန်းထဲမှာ အရေးကြီးခေါင်းစဉ်တစ်ခုနဲ့ သရဲနီတို့ ငြင်းခုန်ခဲ့ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဘယ်သူလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ငြင်းခုန်ကြတာပဲဖြစ်ပါတယ်။ ဖော်ကောင်ဘညွှန့်ကတော့ ဖာနန်ဒက်စ်ပါ။

ဖာနန်ဒက်စ်က “ဖရက်နဲ့တဲစ်က သမိုင်းကြောင်းတစ်လျောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကဘယ်သူဘယ်ဝါ ဘာညာ ဘလာဘလာတွေအမြဲပြောကြတယ်”

“အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အမြဲငြင်းရတယ်။ သူတို့က ပီလီက ကမ္ဘာ့အကောင်းဆုံးလို့ပြောနေကြတာလေ။ ကျွန်တော်ကတော့ စီရော်နယ်ဒိုသာအကောင်းဆုံးလို့ ဝင်ငြင်းတယ်။”

“ကျွန်တော်ကတော့ စီရော်နယ်ဒိုနဲ့မက်ဆီ နှစ် ဦး စလုံးဟာ သမိုင်းကြောင်းကို နှစ်ပေါင်းများစွာဖန်တီးခဲ့ကြပြီး နှစ်ပေါင်းများစွာထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်လို့မြင်တယ်။”

“သူတို့ အနေနဲ့ Pele ကစားတာကို လက်တွေ့ ဘယ်တုန်းကမှ မြင်ဖူးကြတာမဟုတ်ဘူ။ သူတို့က ဘရားဇီးလူမျိုးတွေဆိုတော့ ပီလီက အကောင်းဆုံးဖြစ်မှာပေါ့”

“တကယ်တော့လည်း Pele ဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးသူတစ်ယောက်ပါ။

ဘာလို့လဲဆိုတော့သမိုင်းနဲ့ဗီဒီယိုအချို့ကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်။ ပြီးတော့ သူ့အကြောင်း လူပြောများပါတယ်။

Maradona, Eusebio နဲ့ Pele အားလုံးကတစ်ချိန်ကအကောင်းဆုံးတွေပါပဲ။”

“ဒါပေမယ့် ကျွန်တော်က ပေါ်တူဂီသားတစ်ယောက်လေ။ ဒီတော့ ကျွန်တော်ကတော့ ပေါ်တူဂီကစားသမားသာ ကမ္ဘာ့အကောင်းဆုံးဆိုတာ ကျွန်တော်ခံငြင်းရတာပေါ့။

ဒါက ဘရာဇီးနဲ့ပေါ်တူဂီလူမျိုးတွေရဲ့ရန်ပွဲဖြစ်ပေမယ့်တခြားအရာတွေထက် ရယ်စရာကောင်းပါတယ်။

ကျွန်တော်တို့က အမြဲလိုလို ပေါတူဂီသားနဲ့ဘရားဇီးသား ဘောလုံးသမားတွေအကြောင်းပြောရင် ငြင်းနေကျပါပဲ။ အရမ်းအလေးအနက်ထားရမယ့် ကိစ္စတော့မဟုတ်ပါဘူး”လို့ဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာနန္ဒက္စ္ ေဖာ္ေကာင္လုပ္တဲ့ အ၀တ္လဲခန္းထဲမွာ ျငင္းခုန္ၾကတဲ့ မီးစတစ္စ

အ၀တ္လဲခန္းထဲမွာ အေရးႀကီးေခါင္းစဥ္တစ္ခုနဲ႔ သရဲနီတို႔ ျငင္းခုန္ခဲ့ၾကပါတယ္။ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမား ဘယ္သူလဲဆိုတဲ့ ေခါင္းစဥ္နဲ႔ ျငင္းခုန္ၾကတာပဲျဖစ္ပါတယ္။ ေဖာ္ေကာင္ဘညႊန္႕ကေတာ့ ဖာနန္ဒက္စ္ပါ။

ဖာနန္ဒက္စ္က “ဖရက္နဲ႔တဲစ္က သမိုင္းေၾကာင္းတစ္ေလ်ာက္ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားကဘယ္သူဘယ္၀ါ ဘာညာ ဘလာဘလာေတြအၿမဲေျပာၾကတယ္”

“အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔အၿမဲျငင္းရတယ္ ။ သူတို႔က ပီလီက ကမာၻ႔အေကာင္းဆုံးလို႔ေျပာေနၾကတာေလ။ကြၽန္ေတာ္ကေတာ့ စီ ေရာ္နယ္ဒိုသာအေကာင္းဆုံးလို႔ ဝင္ျငင္းတယ္။”

“ကၽြန္ေတာ္ကေတာ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီ ႏွစ္ ဦး စလုံးဟာသမိုင္းေၾကာင္းကိုႏွစ္ေပါင္းမ်ားစြာဖန္တီးခဲ့ၾကၿပီးႏွစ္ေပါင္းမ်ားစြာထိပ္ဆုံးမွာရပ္တည္နိုင္ခဲ့တယ္လို့ျမင္တယ္။”

“သူတို့ အေနနဲ႔ Pele ကစားတာကို လက္ေတြ႕ ဘယ္တုန္းကမွ ျမင္ဖူးၾကတာမဟုတ္ဘူ။ သူတို့က ဘရားဇီးလူမ်ိဳးေတြဆိုေတာ့ ပီလီက အေကာင္းဆုံးျဖစ္မွာေပါ့”

“တကယ္ေတာ့လည္း Pele ဟာကမၻာေပၚမွာအေကာင္းဆုံးသူတစ္ေယာက္ပါ။ ဘာလို့လဲဆိုေတာ့သမိုင္းနဲ႔ဗီဒီယိုအခ်ိဳ့ကိုကၽြန္ေတာ္ျမင္ေတြ႕ခဲ့ရတယ္။ၿပီးေတာ့ သူ႔အေၾကာင္း လူေျပာမ်ားပါတယ္။ Maradona, Eusebio နဲ႔ Pele အားလုံးကတစ္ခ်ိန္ကအေကာင္းဆုံးေတြပါပဲ။”

“ဒါေပမယ့္ ကၽြန္ေတာ္က ေပၚတူဂီသားတစ္ေယာက္ေလ။ ဒီေတာ့ ကၽြန္ေတာ္ကေတာ့ ေပၚတူဂီကစားသမားသာ ကမၻာ့အေကာင္းဆုံးဆိုတာ ကၽြန္ေတာ္ခံျငင္းရတာေပါ့။ ဒါက ဘရာဇီးနဲ႔ေပၚတူဂီလူမ်ိဳးေတြရဲ့ရန္ပြဲျဖစ္ေပမယ့္တျခားအရာေတြထက္ရယ္စရာေကာင္းပါတယ္။ ကၽြန္ေတာ္တို့က အျမဲလိုလို ေပါတူဂီသားနဲ႔ဘရားဇီးသား ေဘာလုံးသမားေတြအေၾကာင္းေျပာရင္ ျငင္းေနက်ပါပဲ။ အရမ္းအေလးအနက္ထားရမယ့္ ကိစၥေတာ့မဟုတ္ပါဘူး”လို့ဆိုပါတယ္။