ဖာနန်ဒက်စ် ပင်ပမ်းခြင်းမရှိလို့ ဖူလ်ဟမ်နဲ့ပွဲမှာ အနားပေးဖို့မရှိဘူးလို့ ဆိုးလ်ရှားအတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးနဲ့ပွဲမှာ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်တစ်ယောက် ခြေစွမ်းပြနိုင်ခြင်းမရှိလို့ သူမောပမ်းနေတယ်ဆိုတဲ့ မှန်းဆချက်တွေရှိပေမယ့်လည်း ကစားသမားကို အနားပေးဖို့မရှိဘူးလို့ မန်ယူနည်းပြဆိုးလ်ရှားက အတည် ပြုလိုက်ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ လီဗာပူးနဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ အပိုင်ကန် သွင်းခွင့်တစ်ကြိမ်လွဲချော်ခဲ့တဲ့အပြင် သူ့ဖရီးကစ်ကလည်း ဂိုးဝင်ဖို့သီသီလေးလိုတော့တဲ့ အခြေအနေဖြစ်ခဲ့ပါ တယ်။

ဒါပေမယ့် သူဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့လို့ မောပမ်းနေပြီး ပြန်လည်လန်းဆန်းဖို့ လိုနေပြီဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ မန်ယူကိုရောက်လာ ပြီးနောက် အသင်းကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ၃၂ ပွဲစလုံးမှာပါဝင်ခဲ့သူဖြစ်ပြီး ၂၈ ပွဲမှာပွဲထွက် ကစားသမား အဖြစ်ပါဝင်ကစားခဲ့ရတာပါ။

သူဟာ သာမန်အသင်းတွေနဲ့ဆိုရင် ခြေစွမ်းပြနိုင်ပေမယ့်အသင်းကြီးတွေနဲ့တွေ့ရင် သူ့ခြေစွမ်းက မေးခွန်းထုတ်စရာရှိနေတာပါ။ ဒါပေမယ့်လည်း ဖာနန်ဒက်စ်ဟာပရီးမီးယားလိဂ်တစ်လတာအ ကောင်းဆုံးဆုကိုလည်း ၄ ကြိမ်အထိဆွတ်ခူးပြီး စံချိန်တင်ထားတာပါ။

ဒီလိုသုံးသပ်ချက်တွေရှိနေပေမယ့် ဖာနန်ဒက်စ်ဟာ လီဗာပူးနဲ့ပွဲပြီးကာနီးမှာ လူစားလဲခံရတာကို မကျေနပ်ခဲ့ တဲ့အပြင် ဖူလ်ဟမ်နဲ့ပွဲမှာလည်း အနားယူဖို့ဆန္ဒမရှိဘူးလို့ ဆိုးလ်ရှားကဆိုခဲ့ပါတယ်။

သူက” သူ့ဟာပုံစံကောင်း ရနေတာပါ။ တစ်လတာအကောင်းဆုံးဆု ရခဲ့တာလည်းမကြာသေးပါဘူး။ သူဟာပင်ပန်းနွမ်းနယ်ခြင်းမရှိတဲ့ အတွက် အနားယူလိုတဲ့သူလည်း မဟုတ်ပါဘူး။ သူဟာပွဲတိုင်းမှာ ပြေးလွှားပြီး လိုက်ဖြည့်ကစားပေးခဲ့တဲ့သူပါ။

ဒါပေမယ့် အမြန်ဆုံးပြန်လည်လန်းဆန်းပြီး အားအင်ပြန်ပြည့်တဲ့ နေရာမှာတော့သိပ်ကိုထူးခြားတဲ့သူဖြစ်ပါ တယ်။

သူသာ ဖရီးကစ်ကနေဂိုးသွင်းခဲ့မယ်ဆိုရင် ၊ လုခ်ရှောပေးပို့တဲ့ဘောလုံးအနည်းငယ်နိမ့်ခဲ့မယ်ဆိုရင် လီဗာ ပူးနဲ့ပွဲရဲ့ အကောင်းဆုံးကစားသမားလို့ ချီးကျူးခံရဦးမှာပါဘဲ။ မန်ယူကိုသူရောက်လာကတည်းက အသင်းအ ပေါ်အကျိုးသက်ရောက်မှုက ကြီးမားခဲ့တာပါ။ သူဟာမောပန်းခြင်းမရှိပါဘူး။

သူ့ကိုကျွန်တော်မေးကြည့်တော့ လည်း မောစရာ လားလို့ပြန်ဖြေခဲ့ပါတယ်။ ဒါကြောင့်သူ့ကိုအနားပေးဖို့ မရှိပါဘူး” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာနန္ဒက္စ္ ပင္ပမ္းျခင္းမရွိလို႔ ဖူလ္ဟမ္နဲ႔ပြဲမွာ အနားေပးဖို႔မရွိဘူးလို႔ ဆိုးလ္ရွားအတည္ျပဳ

လီဗာပူးနဲ႔ပြဲမွာ မန္ယူကြင္းလယ္လူ ဖာနန္ဒက္စ္တစ္ေယာက္ ေျခစြမ္းျပႏိုင္ျခင္းမရွိလို႔ သူေမာပမ္းေနတယ္ဆို တဲ့ မွန္းဆခ်က္ေတြရွိေပမယ့္လည္း ကစားသမားကို အနားေပးဖို႔မရွိဘူးလို႔ မန္ယူနည္းျပဆိုးလ္ရွားက အတည္ ျပဳလိုက္ပါတယ္။ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဖာနန္ဒက္စ္ဟာ လီဗာပူးနဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ အပိုင္ကန္ သြင္းခြင့္တစ္ႀကိမ္လြဲေခ်ာ္ခဲ့တဲ့အျပင္ သူ႔ဖရီးကစ္ကလည္း ဂိုးဝင္ဖို႔သီသီေလးလိုေတာ့တဲ့ အေျခအေနျဖစ္ခဲ့ပါ တယ္။ ဒါေပမယ့္ သူဟာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးခဲ့လို႔ ေမာပမ္းေနၿပီး ျပန္လည္လန္းဆန္းဖို႔ လိုေနၿပီဆိုတဲ့ သုံးသပ္ခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ျဖစ္တဲ့ ဖာနန္ဒက္စ္ဟာ မန္ယူကိုေရာက္လာ ၿပီးေနာက္ အသင္းကစားခဲ့ရတဲ့ ပရီးမီးယားလိဂ္ ၃၂ ပြဲစလုံးမွာပါဝင္ခဲ့သူျဖစ္ၿပီး ၂၈ ပြဲမွာပြဲထြက္ ကစားသမား အျဖစ္ပါဝင္ကစားခဲ့ရတာပါ။ သူဟာသာမန္အသင္းေတြနဲ႔ဆိုရင္ ေျခစြမ္းျပႏိုင္ေပမယ့္အသင္းႀကီးေတြနဲ႔ေတြ႕ရင္ သူ႔ေျခစြမ္းက ေမးခြန္းထုတ္စရာရွိေနတာပါ။ ဒါေပမယ့္လည္း ဖာနန္ဒက္စ္ဟာပရီးမီးယားလိဂ္တစ္လတာအ ေကာင္းဆုံးဆုကိုလည္း ၄ ႀကိမ္အထိဆြတ္ခူးၿပီး စံခ်ိန္တင္ထားတာပါ။ ဒီလိုသုံးသပ္ခ်က္ေတြရွိေနေပမယ့္ ဖာနန္ဒက္စ္ဟာ လီဗာပူးနဲ႔ပြဲၿပီးကာနီးမွာ လူစားလဲခံရတာကို မေက်နပ္ခဲ့ တဲ့အျပင္ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း အနားယူဖို႔ဆႏၵမရွိဘူးလို႔ ဆိုးလ္ရွားကဆိုခဲ့ပါတယ္။

သူက” သူ႔ဟာပုံစံေကာင္း ရေနတာပါ။ တစ္လတာအေကာင္းဆုံးဆု ရခဲ့တာလည္းမၾကာေသးပါဘူး။ သူဟာပင္ပန္းႏြမ္းနယ္ျခင္းမရွိတဲ့ အတြက္ အနားယူလိုတဲ့သူလည္း မဟုတ္ပါဘူး။ သူဟာပြဲတိုင္းမွာ ေျပးလႊားၿပီး လိုက္ျဖည့္ကစားေပးခဲ့တဲ့သူပါ။ ဒါေပမယ့္ အျမန္ဆုံးျပန္လည္လန္းဆန္းၿပီး အားအင္ျပန္ျပည့္တဲ့ ေနရာမွာေတာ့သိပ္ကိုထူးျခားတဲ့သူျဖစ္ပါ တယ္။ သူသာ ဖရီးကစ္ကေနဂိုးသြင္းခဲ့မယ္ဆိုရင္ ၊ လုခ္ေရွာေပးပို႔တဲ့ေဘာလုံးအနည္းငယ္နိမ့္ခဲ့မယ္ဆိုရင္ လီဗာ ပူးနဲ႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားလို႔ ခ်ီးက်ဴးခံရဦးမွာပါဘဲ။ မန္ယူကိုသူေရာက္လာကတည္းက အသင္းအ ေပၚအက်ိဳးသက္ေရာက္မႈက ႀကီးမားခဲ့တာပါ။ သူဟာေမာပန္းျခင္းမရွိပါဘူး။ သူ႔ကိုကြၽန္ေတာ္ေမးၾကည့္ေတာ့ လည္း ေမာစရာ လားလို႔ျပန္ေျဖခဲ့ပါတယ္။ ဒါေၾကာင့္သူ႔ကိုအနားေပးဖို႔ မရွိပါဘူး” လို႔ေျပာသြားပါတယ္။